ယောဘဝတ္ထု 36
36
1ဧလိဟုကပင် ဆက်၍ 2“အကျွန်ုပ်ကို အနည်းငယ်သည်းခံပါလော့။ ဘုရားသခင်ကိုယ်စား ပြောစရာစကားကျန်သေးသဖြင့် အကျွန်ုပ်ပြောလိုပါ၏။ 3အစကတည်းက အကျွန်ုပ်ရရှိထားသောအသိပညာအရ အကျွန်ုပ်ကိုဖန်ဆင်းတော်မူသောအရှင်သည် ဖြောင့်မတ်တော်မူကြောင်း အကျွန်ုပ်ဖော်ပြပါမည်။ 4အကယ်စင်စစ် အကျွန်ုပ်သည် မုသားစကားကို မပြော။ အသိပညာနှင့်ပြည့်စုံသောသူသည် သင်နှင့်အတူရှိ၏။ 5ဘုရားသခင်သည် တန်ခိုးကြီးတော်မူသော်လည်း မည်သူ့ကိုမျှ မထီမဲ့မြင်ပြုတော်မမူ။ စိတ်ဓာတ်ခွန်အားလည်း ကြီးမားတော်မူ၏။ 6ဆိုးယုတ်သောသူတို့ကို ရှင်သန်ခွင့်ပေးတော်မမူ။ အဖိနှိပ်ခံရသောသူတို့ကိုမူကား တရားမျှတစွာ စီရင်ပေးတော်မူ၏။ 7ဖြောင့်မတ်သောသူတို့ကို မျက်နှာလွှဲတော်မမူ။ သူတို့ကို ရှင်ဘုရင်တို့နှင့်အတူ ပလ္လင်ပေါ်တွင် အစဉ်စံမြန်းစေ၍ ချီးမြှောက်တော်မူ၏။ 8သို့သော် သူတို့သည် သံကြိုးနှင့်တုပ်နှောင်ခံရ၍ ဒုက္ခကြိုးများနှင့် ချည်နှောင်ခံရလျှင်လည်း 9မာန်မာနထောင်လွှား၍ သူတို့ပြုမိသောအမှုနှင့် ကျူးလွန်မိသောအပြစ်များကို သူတို့အား ဖော်ပြပေးတော်မူ၏။ 10ဆုံးမပဲ့ပြင်ခြင်းကို နာခံစေတော်မူ၏။ မကောင်းမှုကို စွန့်လွှတ်ရန် သွန်သင်တော်မူ၏။ 11သူတို့သည် နာခံ၍ အမှုတော်ကိုဆောင်ရွက်လျှင် ကောင်းစားသောနေ့ရက်များ၊ နှစ်လိုဖွယ်သောနှစ်ကာလများကို ဖြတ်သန်းသွားရလိမ့်မည်။ 12မနာခံလျှင် သူတို့သည် ဓားဘေးဖြင့် ပျက်စီးဆုံးရှုံး၍ အသိပညာမဲ့လျက် သေသွားရလိမ့်မည်။ 13ဘုရားတရားမဲ့သူတို့မူကား အမျက်ထွက်၍ စိတ်တွင်အငြိုးထားတတ်ကြ၏။ ကိုယ်တော်ချုပ်နှောင်တော်မူလျှင်ပင် အကူအညီအော်ဟစ်တောင်းခံခြင်းကို မပြုကြ။ 14အသက်ငယ်ရွယ်စဉ်မှာပင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာတို့အလယ်တွင် အသက်သေဆုံးသွားရတတ်၏။ 15သို့သော် ကိုယ်တော်သည် ဆင်းရဲဒုက္ခရောက်သူတို့ကို ထိုဆင်းရဲဒုက္ခထဲမှ ကယ်နုတ်တော်မူ၏။ အဖိနှိပ်ခံစေခြင်းဖြင့် နာခံခြင်းကိုပေးတော်မူ၏။ 16သင့်ကိုလည်း ဆင်းရဲတွင်းထဲမှ အတိုင်းမသိကျယ်ဝန်းရာသို့ ဆောင်ယူတော်မူ၏။ သင့်အဖို့ စားပွဲပေါ်တွင် အဆီအနှစ်နှင့်ပြည့်သောအစာကို တည်ခင်းပေးထားတော်မူ၏။ 17သို့သော် သင်သည် လူဆိုးတို့ခံရမည့်စီရင်ခြင်းမျိုးကို အယုတ်အလျော့မရှိခံရ၍ မှန်ကန်သောတရားစီရင်ခြင်းသည်လည်း သင့်ကို ဖမ်းကိုင်လိမ့်မည်။ 18အမျက်တော်ကြောင့် သင်သည် အပြစ်ဒဏ်မခံရစေရန် သတိပြုလော့။ များစွာသောတံစိုးလက်ဆောင်ကြောင့် သင်လမ်းမလွဲနှင့်။ 19သင်၏ချမ်းသာကြွယ်ဝခြင်းသည် သင့်ကို ဆင်းရဲဒုက္ခနှင့် ကင်းဝေးစေနိုင်မည်လော။ သင်၏စွမ်းအားရှိသမျှတို့သည်လည်း ထိုသို့ပြုပေးနိုင်မည်လော။ 20လူတို့အား သူတို့ရှိရာနေရာမှနုတ်ယူသွားတတ်သောညအချိန်မျိုးကို မတောင့်တပါနှင့်။ 21မကောင်းမှုဘက်သို့မလှည့်မိစေရန် သတိပြုပါလော့။ အကြောင်းမူကား ဖိစီးမှုကိုခံသည်ထက် မကောင်းမှုကိုပြုရန် သင်ဆန္ဒရှိလေပြီ။ 22ကြည့်ရှုလော့။ ဘုရားသခင်သည် တန်ခိုးတော်ကြောင့် ချီးမြှောက်ခြင်းခံရ၏။ ထိုသို့ ကိုယ်တော်နှင့်တူသောဆရာ မည်သူရှိသနည်း။ 23ကိုယ်တော်၏နည်းလမ်းတော်ကို မည်သူသွန်သင်ပြနိုင်သနည်း။ ‘ကိုယ်တော်မှားသည်’ဟု မည်သူပြောနိုင်သနည်း။ 24ကိုယ်တော်ပြုသောအမှုတော်အကြောင်းကို လူတို့သီဆိုချီးမွမ်းကြ၏။ သင်လည်း သီဆိုချီးမွမ်းဖို့ သတိရပါ။ 25ထိုအမှုတော်ကို လူအပေါင်းတို့ မြင်ကြ၏။ လူသည် အဝေးကသာ ကြည့်ခွင့်ရ၏။ 26ကြည့်ရှုလော့။ ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏နှစ်ကာလတို့ကို ငါတို့မသိနိုင်၊ စူးစမ်း၍လည်း မရနိုင်။ 27အကြောင်းမှာ ကိုယ်တော်သည် ရေစက်ရေပေါက်တို့ကို အငွေ့ပြန်စေ၍ မိုးရေအဖြစ် ငွေ့ရည်ဖွဲ့စေ၏။ 28ထို့နောက် မိုးတိမ်များမှ မိုးရွာသွန်းစေ၏။ လူတို့အဖို့ မိုးများစွာရွာသွန်းစေ၏။ 29ထိုမျှမက တိမ်များ ပြန့်နေခြင်း၊ တဲတော်မှမိုးခြိမ်းသံထွက်ခြင်းတို့ကို နားလည်နိုင်သလော။ 30ကြည့်ရှုလော့။ ကိုယ်တော်သည် ရောင်ခြည်တော်ကို ဝန်းကျင်တစ်ခွင်လုံး ဖြာထွက်စေ၏။ ပင်လယ်အောက်ခြေကို ဖုံးအုပ်ထားတော်မူ၏။ 31ဤသို့ဖြင့် လူတို့ကို တရားသဖြင့်စီရင်တော်မူ၏။ အစားအစာများကိုလည်း အလျှံအပယ်ပေးတော်မူ၏။ 32လျှပ်စီးကို လက်တော်ထဲတွင်ဆုပ်ကိုင်ထားတော်မူ၍ အမိန့်ပေးစေလွှတ်လိုက်လျှင် ပစ်မှတ်ကို ထိမှန်လေ၏။ 33မိုးခြိမ်းသံသည် ကိုယ်တော်ရှိတော်မူကြောင်းကို ကြေညာလိုက်သည်နှင့် မည်သို့ဖြစ်လာမည်ကို တိရစ္ဆာန်များပင် သိရှိလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 36: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative