YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 26

26
ယောဘက ဗိလဒဒ်ကို တုံ့ပြန်သောစကား
1ထိုအခါ ယောဘ​က 2“​ခွန်အား​မဲ့​သော​သူ​ကို သင်​မည်သို့​ကူညီ​လိုက်​သနည်း​။ လက်ရုံး​အားမရှိ​သော​သူ​ကို သင်​မည်သို့​ထောက်မ​လိုက်​သနည်း​။ 3ဉာဏ်ပညာ​မ​ရှိ​သော​သူ​ကို သင်​မည်သို့​အကြံပေး​လိုက်​သနည်း​။ ကိုယ့်​အတတ်ပညာ​ကို ကိုယ်​အစွမ်းကုန်​ပြသ​လိုက်​ပါ​ပြီ​တကား​။ 4သင်​မည်သူ့​ကို စကား​ပြော​နေ​သနည်း​။ သင်​ပြော​သော​စကား မည်သူ့​ထံမှ​လာ​သနည်း​။ 5ရေ​အောက်​မှာ ကျင်လည်ကျက်စား​နေ​သော လူသေ​တို့​၏​ဝိညာဉ်​သည် တုန်လှုပ်​နေ​ကြ​ရ​၏​။ 6ရှေ့​တော်​တွင် မရဏာနိုင်ငံ​သည် ဟင်းလင်း​ဖြစ်​ပါ​၏​။ ပျက်စီး​ခြင်း​နိုင်ငံ​သည် အဖုံးအကွယ်​မ​ရှိ​ပါ​။ 7မြောက်​မျက်နှာ​လဟာပြင်​ကို ပြန့်ကား​စေ​ပြီး ကမ္ဘာမြေ​ကို လဟာပြင်​တွင် ချိတ်ဆွဲ​ထား​တော်မူ​၏​။ 8ရေ​ကို တိမ်ထု​နှင့် ရစ်ပတ်​ထား​တော်မူ​သဖြင့် ရေ​သည် တိမ်ထု​ကို မ​ထိုးဖောက်​နိုင်​။ 9ပလ္လင်​တော်​ကို မိုးတိမ်​ဖြင့် ဖြန့်မိုး​ကာ​ထား​တော်မူ​၏​။ 10အလင်း​နှင့်​အမှောင်​ဆုံရာ​ရေ​မျက်နှာပြင်​တွင် စက်ဝိုင်း​နှင့်​မှတ်​တော်မူ​၏​။ 11ကိုယ်တော်​ဆုံးမ​တော်မူ​လျှင် ကောင်းကင်​တိုင်​တို့ အံ့အားသင့်​လျက် တုန်လှုပ်​ကြ​လေ​၏​။ 12တန်ခိုး​တော်​ဖြင့် ပင်လယ်ရေ​ကို ငြိမ်သက်​စေ​တော်မူ​၏​။ ဉာဏ်​တော်​အားဖြင့် ရာဟပ်​ကို ချေမှုန်း​တော်မူ​၏​။ 13ထွက်သက်လေ​တစ်​ချက်​ကြောင့် ကောင်းကင်​သည် ကြည်လင်​သွား​၏​။ ပြေး​နေ​သော​မြွေ​ကို လက်​တော်​ဖြင့် ထိုးဖောက်​တော်မူ​၏​။ 14ဤ​အရာ​တို့​သည် ဘုရား​ပြု​တော်မူ​သော​အမှု​တို့​တွင် အရိပ်အမြွက်​မျှသာ ဖြစ်​၏​။ အသံ​တော်​ကို သဲ့သဲ့လေး​သာ ကြား​နေ​ရ​ခြင်း​ဖြစ်​၏​။ တန်ခိုး​တော်​ထစ်ချုန်းသံ​ကို မည်သူ​နားလည်​နိုင်​မည်နည်း​”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 26: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ