YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 3

3
ပြန်လည်ပြုပြင်ခြင်းအတွက် စောင့်စားခြင်း
1တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​အခြား​ဘုရား​နောက်​သို့​လိုက်​၍ စပျစ်ပျဉ်​ကို​နှစ်သက်​သော အစ္စရေး​အမျိုးသား​တို့​အား ထာဝရဘုရား ချစ်​သည့်​နည်းတူ အိမ်ထောင်ရှိ​လျက်ပင် အခြား​သူ​တို့​နှင့် အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​ကို တစ်ဖန်​သွား​၍​ချစ်​လော့​”​ဟု မိန့်​တော်မူ​၏​။ 2ထို့ကြောင့် ငါ​သည် ထို​မိန်းမ​ကို ငွေ​တစ်ဆယ့်​ငါး​ရှယ်ကယ်#3:2 “11.25 ကျပ်သား သို့မဟုတ် 173 ဂရမ်”။​နှင့် မုယောဆန်​တစ်​ဟောမဲ​ခွဲ#3:2 တိုက်ရိုက်ပြန်ဆိုလျှင် “မုယောဆန်တစ်ဟောမဲနှင့်တစ်လဲ့တဲ့”။​ဖြင့် ဝယ်ယူ​၏​။ 3ထို့နောက် သူ့​အား “​သင်​သည် ငါ​နှင့်အတူ ရက်ပေါင်း​များစွာ​နေ​ရ​မည်​။ ပြည့်တန်ဆာ ပြန်​မ​လုပ်​ရ​။ အခြား​ယောက်ျား​တို့​နှင့် မ​ပေါင်းဖော်​ရ​။ ငါ​သည်​လည်း သင့်​အပေါ် ထိုသို့​ပြု​မည်​”​ဟု ငါ​ဆို​၏​။
4အစ္စရေး​အမျိုးသား​တို့​သည် ရှင်ဘုရင်​နှင့် အကြီးအကဲ မ​ရှိ​၊ ယဇ်ပူဇော်​ခြင်း မ​ရှိ​၊ အထွတ်အမြတ်​ကျောက်တိုင် မ​ရှိ​၊ ဧဖုဒ်#3:4 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။ မ​ရှိ​၊ တေရပ်ရုပ်တု မ​ရှိ​။ ထိုကဲ့သို့ နေ့ရက်​များစွာ နေ​ရ​လိမ့်မည်​။ 5ထို့နောက်မှ အစ္စရေး​အမျိုးသား​တို့​သည် ပြန်လာ​၍ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ သူ​တို့​၏​ဘုရင် ဒါဝိဒ်​မင်းကြီး​ကို ရှာ​ကြ​လိမ့်မည်​။ နောက်ဆုံး​သော​နေ့​တွင် ထာဝရဘုရား​ထံမှ ကောင်းချီးခံစား​ရ​မည့်​အကြောင်း ထာဝရဘုရား​ထံ ကြောက်ရွံ့ရိုသေ​စွာ ပြန်လာ​ကြ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဟောရှေအနာဂတ္တိကျမ်း 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။