YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 22:20-24

ကမ္ဘာဦးကျမ်း 22:20-24 MSBU

ဤ​အရာ​များ​ဖြစ်​ပြီးသည့်နောက် တစ်စုံတစ်ဦး​က အာဗြဟံ​အား “​ကြည့်​ပါ​။ မိလခါ​သည်​လည်း သင်​၏​ညီ​နာခေါ်​အတွက် သား​များ​ကို​မွေးဖွား​ပေး​လေ​ပြီ​။ သူ​၏​သားဦး​မှာ ဥဇ​၊ ဥဇ​၏​ညီ​များ​မှာ​ဗုဇ​၊ အာရံ​၏​ဖခင်​ကေမွေလ​၊ ခေသက်​၊ ဟာဇော​၊ ပိလဒါရှ​၊ ယိဒလပ်​နှင့် ဗေသွေလ တို့​ဖြစ်​ကြ​၏​”​ဟု ကြားပြော​လေ​၏​။ (​ဗေသွေလ​သည် ရေဗက္ကာ​၏​ဖခင်​ဖြစ်​၏​။​) မိလခါ​သည် အာဗြဟံ​၏​ညီ​နာခေါ်​အတွက် ထို​သား​ရှစ်​ယောက်​ကို​မွေးဖွား​လေ​၏​။ ရုမာ​အမည်​ရှိ​သော နာခေါ်​၏​မယားငယ်​သည်​လည်း တေဘ​၊ ဂါဟံ​၊ သဟာရှ​နှင့် မာခါ တို့​ကို​မွေးဖွား​လေ​၏​။