YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 10

10
လူမျိုးတို့၏စာရင်း
1နောဧ​၏​သား ရှေမ​၊ ဟာမ​၊ ယာဖက်​တို့​၏​ဆွေစဉ်မျိုးဆက်​မှာ ဤသို့​ဖြစ်​၏​။ ရေလွှမ်းမိုး​ပြီးသည့်နောက် သူ​တို့​တွင် သားသမီး​များ​မွေးဖွား​လာ​ကြ​၏​။ 2ယာဖက်​၏​သား​များ​မှာ ဂေါမာ​၊ မာဂေါဂ​၊ မာဒဲ​၊ ယာဝန်​၊ တုဗလ​၊ မေရှက်​၊ တိရတ် တို့​ဖြစ်​ကြ​၏​။ 3ဂေါမာ​၏​သား​များ​မှာ အာရှကေနတ်​၊ ရိဖတ်​၊ တောဂါမ တို့​ဖြစ်​ကြ​၏​။ 4ယာဝန်​၏​သား​များ​မှာ ဧလိရှာ​၊ တာရှု​၊ ခိတ္တိမ်​၊ ဒေါဒနိမ် တို့​ဖြစ်​ကြ​၏​။ 5ဤ​သူ​တို့​မှတစ်ဆင့် ကမ်းရိုးတန်းဒေသ​၌​နေထိုင်​သော​လူမျိုး​များ ပြန့်ပွား​လာ​ကြ​၏​။ သူ​တို့​အသီးသီး​သည် အတိုင်းတိုင်း​အပြည်ပြည်​၌ မိမိ​တို့​ဘာသာစကား​အလိုက်​၊ မိမိ​တို့​မျိုးနွယ်စု​အလိုက်​၊ မိမိ​တို့​တိုင်းပြည်​၌​နေထိုင်​ကြ​၏​။
6ဟာမ​၏​သား​များ​မှာ ကုရှ​၊ မိဇရိမ်#10:6 သို့မဟုတ် “အီဂျစ်”။​၊ ဖုတ​၊ ခါနာန် တို့​ဖြစ်​ကြ​၏​။
7ကုရှ​၏​သား​များ​မှာ သေဘ​၊ ဟဝိလ​၊ သာဘတ​၊ ရာဂမ​၊ သတ္တေခါ တို့​ဖြစ်​ကြ​၏​။ ရာဂမ​၏​သား​များ​မှာ ရှေဘ​၊ ဒေဒန် တို့​ဖြစ်​ကြ​၏​။
8ကုရှ​သည် သား​နိမ်ရောဒ​ကို​လည်း​ရ​၏​။ နိမ်ရောဒ​သည် ကမ္ဘာမြေကြီး​ပေါ်မှာ အဦးဆုံး​လူစွမ်းကောင်း​ဖြစ်လာ​၏​။ 9သူ​သည် ထာဝရဘုရား​ရှေ့​တော်​၌ အစွမ်းထက်​သော​မုဆိုး​ဖြစ်​၏​။ ထို့ကြောင့် “​ထာဝရဘုရား​၊ ထံတော်ပါးဝယ်​၊ စွမ်းအား​ပြည့်ဖြိုး​၊ မုဆိုးမည်ရ​၊ နိမ်ရောဒ​အလား​”​ဟု ဆို​လေ့​ရှိ​ကြ​၏​။ 10သူ့​နိုင်ငံ​၏​အစအဦး​မှာ ရှိနာ​ပြည်​ရှိ ဘေဘီလုံ​မြို့​၊ ဧရက်​မြို့​၊ အက္က​မြို့​၊ ကာလနေ​မြို့ တို့​ဖြစ်​ကြ​၏​။ 11သူ​သည် ထို​ပြည်​မှ အဆီးရီးယား​ပြည်​သို့​သွား​၍ နိနေဝေ​မြို့​၊ ရဟောဘုတ်​မြို့​၊ ကာလ​မြို့​ကို​လည်းကောင်း​၊ 12နိနေဝေ​မြို့​နှင့် ကာလ​မြို့​ကြား​၌ ကြီးမား​သော​မြို့​ဖြစ်​သည့် ရေသင်​မြို့​ကို​လည်းကောင်း တည်​လေ​၏​။
13မိဇရိမ်​သည် လုဒိမ်​လူမျိုး​၊ အာနမိမ်​လူမျိုး​၊ လဟာဗိမ်​လူမျိုး​၊ နတ္တုဟိမ်​လူမျိုး​၊ 14ပါသရုသိမ်​လူမျိုး​နှင့် ဖိလိတ္တိ​လူမျိုး​ဆင်းသက်​လာ​ရာ ကာသလုဟိမ်​လူမျိုး​၊ ကတ္တောရိမ်​လူမျိုး​တို့​၏​ဖခင်​ဖြစ်​၏​။
15ခါနာန်​မှ မွေးဖွား​လာ​သူ​များ​မှာ သားဦး ဆီဒုန်​၊ ထို့နောက် ဟေသ​၊ 16ထို့ပြင် ယေဗုသိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊ 17ဟိဝိ​လူမျိုး​၊ အာကိ​လူမျိုး​၊ သိနိ​လူမျိုး​၊ 18အာဝဒိ​လူမျိုး​၊ ဇေမရိ​လူမျိုး​နှင့် ဟာမသိ​လူမျိုး တို့​ဖြစ်​ကြ​၏​။ ထို့နောက် ခါနာန်​လူမျိုး​၏​မျိုးနွယ်စု​များ ကွဲထွက်​ပြန့်ပွား​ကြ​၏​။ 19ခါနာန်​လူမျိုး​တို့​၏​နယ်မြေ​အပိုင်းအခြား​မှာ ဆီဒုန်​မြို့​မှသည် ဂေရာ​မြို့​ကို​ဖြတ်သွား​၍ ဂါဇ​မြို့​တိုင်အောင်​ရောက်​၏​။ တစ်ဖန် သောဒုံ​မြို့​၊ ဂေါမောရ​မြို့​၊ အာဒမာ​မြို့​၊ ဇေဘိုင်​မြို့​တို့​ကို​ဖြတ်သွား​၍ လာရှ​မြို့​တိုင်အောင်​ရောက်​လေ​၏​။
20ဤ​သူ​တို့​သည် မိမိ​တို့​မျိုးနွယ်စု​အလိုက်​၊ မိမိ​တို့​ဘာသာစကား​အလိုက်​၊ မိမိ​တို့​နယ်မြေ​၊ မိမိ​တို့​တိုင်းပြည်​၌​နေထိုင်​ကြ​သော ဟာမ​၏​သား​များ​ဖြစ်​ကြ​၏​။
21ရှေမ​သည်​လည်း သား​များ​ကို​ရ​၏​။ သူ​သည် ယာဖက်​၏​အစ်ကို​ဖြစ်​ပြီး ဧဗာ​အမျိုးသား​အပေါင်း​တို့​၏​ဖခင်​ဖြစ်​၏​။ 22ရှေမ​၏​သား​များ​မှာ ဧလံ​၊ အာရှုရ​၊ အာဖာဇဒ်​၊ လုဒ​၊ အာရံ တို့​ဖြစ်​ကြ​၏​။
23အာရံ​၏​သား​များ​မှာ ဥဇ​၊ ဟုလ​၊ ဂေသာ​၊ မာရှ တို့​ဖြစ်​ကြ​၏​။
24အာဖာဇဒ်​သည် သား​ရှာလ​ကို​ရ​၏​။ ရှာလ​သည် သား​ဧဗာ​ကို​ရ​၏​။ 25ဧဗာ​သည် သား​နှစ်​ယောက်​ရ​၏​။ သား​တစ်​ယောက်​၏​အမည်​မှာ ဖာလက်#10:25 “ပိုင်းခြားခြင်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဖြစ်​၏​။ အကြောင်းမူကား သူ့​ခေတ်ကာလ​၌ မြေကြီး​သည် ပိုင်းခြား​ခြင်း​ခံရ​၏​။ သူ့​ညီ​၏​အမည်​မှာ ယုတ္တန် ဖြစ်​၏​။
26ယုတ္တန်​သည် သား အာလမောဒဒ်​၊ ရှေလပ်​၊ ဟာဇာမာဝက်​၊ ယေရ​၊
27ဟဒေါရံ​၊ ဥဇလ​၊ ဒိကလ​၊
28ဩဗလ​၊ အဘိမေလ​၊ ရှေဘ​၊
29ဩဖိရ​၊ ဟဝိလ​၊ ယောဗပ် တို့​ကို​ရ​၏​။ ဤ​သူ​အပေါင်း​တို့​သည် ယုတ္တန်​၏​သား​များ​ဖြစ်​ကြ​၏​။ 30သူ​တို့​နေထိုင်​ရာ​အရပ်​မှာ မေရှ​မြို့​မှသည် သေဖာ​မြို့​တစ်လျှောက်​၊ အရှေ့ဘက်​တောင်ပေါ်ဒေသ​အထိ​ဖြစ်​၏​။
31ဤ​သူ​တို့​သည် မိမိ​တို့​မျိုးနွယ်စု​အလိုက်​၊ မိမိ​တို့​ဘာသာစကား​အလိုက်​၊ မိမိ​တို့​နယ်မြေ​၊ မိမိ​တို့​တိုင်းပြည်​၌​နေထိုင်​ကြ​သော ရှေမ​၏​သား​များ​ဖြစ်​ကြ​၏​။
32ဤသည်ကား မိမိ​တို့​ဆွေစဉ်မျိုးဆက်​အလိုက် မိမိ​တို့​တိုင်းပြည်​၌​နေထိုင်​ကြ​သော နောဧ​သား​တို့​၏​မျိုးနွယ်စု​များ​ဖြစ်​ကြ​၏​။ ရေလွှမ်းမိုး​ပြီးသည့်နောက် ကမ္ဘာမြေကြီး​ပေါ်ရှိ​လူမျိုး​တို့​သည် ဤ​သူ​တို့​မှ ပြန့်ပွား​လာ​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။