ထွက်မြောက်ရာကျမ်း 30
30
နံ့သာပေါင်းရှို့ရာယဇ်ပလ္လင်
1နံ့သာပေါင်းရှို့ရာယဇ်ပလ္လင်ကို အကေရှား#30:1 “ထနောင်းမျိုး”။သစ်သားဖြင့် သင်လုပ်ရမည်။ 2ထိုယဇ်ပလ္လင်သည် အလျားတစ်တောင်#30:2 “18 လက်မ သို့မဟုတ် 45 စင်တီမီတာ”။၊ အနံတစ်တောင် စတုရန်းပုံဖြစ်၍ အမြင့်နှစ်တောင်#30:2 “36 လက်မ သို့မဟုတ် 90 စင်တီမီတာ”။ရှိရမည်။ ယဇ်ပလ္လင်၏ချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်ရမည်။ 3ယဇ်ပလ္လင်၏အပေါ်ပိုင်းကိုလည်းကောင်း၊ ဘေးပတ်ပတ်လည်ကိုလည်းကောင်း၊ ချိုများကိုလည်းကောင်း ရွှေစင်ဖြင့်မွမ်းမံရမည်။ ယဇ်ပလ္လင်အပေါ်ပိုင်းပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်ရမည်။ 4ရွှေဖြင့်ခြယ်လှယ်ထားသောအပိုင်း၏အောက်နား၊ ယဇ်ပလ္လင်ဘေးနှစ်ဖက် တစ်ဖက်တစ်ချက်တွင် ရွှေကွင်းနှစ်ကွင်းကိုတပ်ရမည်။ ထိုကွင်းတို့သည် ယဇ်ပလ္လင်ထမ်းရန် ထမ်းပိုးများလျှိုစရာဖြစ်ရမည်။ 5ထမ်းပိုးတို့ကို အကေရှား#30:5 “ထနောင်းမျိုး”။သစ်သားဖြင့်လုပ်၍ ရွှေဖြင့်မွမ်းမံရမည်။
6ထိုယဇ်ပလ္လင်ကို သင်နှင့်ငါတွေ့ဆုံမည့်နေရာ၊ သက်သေခံချက်ပေါ်ရှိကရုဏာတော်ပလ္လင်#30:6 သို့မဟုတ် “အဖုံး”။ရှေ့၊ သက်သေခံချက်သေတ္တာတော်ကိုကာသောကန့်လန့်ကာရှေ့၌ ထားရမည်။ 7အာရုန်သည် နံနက်တိုင်းမီးခွက်များကိုပြင်ဆင်သောအခါ ထိုယဇ်ပလ္လင်ပေါ်၌ အမွှေးနံ့သာပေါင်းကို ရှို့ရမည်။ 8နေဝင်ချိန်၌မီးခွက်များကို ပြင်ဆင်သောအခါတွင်လည်း ထိုယဇ်ပလ္လင်ပေါ်၌ နံ့သာပေါင်းကိုရှို့ရမည်။ ထိုသို့ သင်တို့မျိုးဆက်အစဉ်အဆက် ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကို အစဉ်မပြတ်ရှို့ရမည်။ 9ထိုယဇ်ပလ္လင်ပေါ်၌ အခြားသောနံ့သာပေါင်းကို မပူဇော်ရ။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကိုလည်း မပူဇော်ရ။ သွန်းလောင်းရာပူဇော်သက္ကာကိုလည်း မသွန်းလောင်းရ။
10အာရုန်သည် အပြစ်ဖြေလွှတ်ခြင်းနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ကောင်၏သွေးဖြင့် ယဇ်ပလ္လင်၏ချိုပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကို တစ်နှစ်တစ်ကြိမ်ပြုရမည်။ ထိုသို့ယဇ်ပလ္လင်ပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် တစ်နှစ်တစ်ကြိမ်ပြုရမည်။ ယဇ်ပလ္လင်သည် ထာဝရဘုရားအဖို့ အထူးသန့်ရှင်းသောအရာဖြစ်၏”ဟု မိန့်တော်မူ၏။
အပြစ်ဖြေလွှတ်ခြင်းအတွက်တန်ဖိုးငွေ
11တစ်ဖန် ထာဝရဘုရားက မောရှေအား
12“သင်သည် အစ္စရေးအမျိုးသားတို့ကိုရေတွက်၍ လူဦးရေစာရင်းကောက်ရာ၌ သူတို့ကိုရေတွက်စဉ် သူတို့အပေါ်ဘေးဒဏ်မကျရောက်မည့်အကြောင်း သူတို့၏အသက်ရွေးနုတ်စရာအဖိုးအခကို ထာဝရဘုရားအား အသီးသီးပေးဆောင်ရမည်။ 13ရေတွက်သောစာရင်းထဲတွင် ပါဝင်သူတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်အလေးစံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဝက်#30:13 “0.375 ကျပ်သား သို့မဟုတ် 5.75 ဂရမ်”။ပေးဆောင်ရမည်။ (တစ်ရှယ်ကယ်#30:13 “0.75 ကျပ်သား သို့မဟုတ် 11.5 ဂရမ်”။လျှင် ဂေရနှစ်ဆယ်#30:13 “0.75 ကျပ်သား သို့မဟုတ် 11.5 ဂရမ်”။နှင့်ညီမျှ၏။) ထိုရှယ်ကယ်တစ်ဝက်သည် ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်၏။ 14အသက်နှစ်ဆယ်နှင့်အထက်ရှိ၍ ရေတွက်သောစာရင်းထဲတွင် ပါဝင်သူအပေါင်းတို့သည် ထာဝရဘုရားအား အလှူပစ္စည်းပေးလှူရမည်။ 15သင်တို့၏အသက်အတွက် အပြစ်ဖြေလွှတ်ခြင်းပြုရန် ထာဝရဘုရားအား အလှူပစ္စည်းကိုဆက်ကပ်သောအခါ ချမ်းသာသောသူသည် ရှယ်ကယ်တစ်ဝက်ထက် ပို၍မဆက်ကပ်ရ။ ဆင်းရဲသောသူသည်လည်း ရှယ်ကယ်တစ်ဝက်ထက် လျှော့၍မဆက်ကပ်ရ။ 16အစ္စရေးအမျိုးသားတို့ထံမှ အပြစ်ဖြေလွှတ်ခြင်းအတွက် ငွေကိုယူ၍ ၎င်းကို တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုတော်အတွက် အသုံးပြုရမည်။ ထိုငွေသည် သင်တို့၏အသက်အတွက် အပြစ်ဖြေလွှတ်ခြင်းဖြစ်ကြောင်း ထာဝရဘုရား၏ရှေ့တော်၌ အစ္စရေးအမျိုးသားတို့ အောက်မေ့ဖို့ရန်အတွက် ဖြစ်၏”ဟု မိန့်တော်မူ၏။
ကြေးနီအင်တုံ
17တစ်ဖန် ထာဝရဘုရားက မောရှေအား
18“ခြေလက်ဆေးကြောရန် ကြေးနီခြေတိုင်ပါသော ကြေးနီအင်တုံကိုလုပ်ရမည်။ ထိုအင်တုံကို တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်ကြား၌ထား၍ ရေထည့်ထားရမည်။ 19အာရုန်နှင့်သူ၏သားတို့သည် ထိုအင်တုံ၌ မိမိတို့၏ခြေလက်ကို ဆေးကြောရမည်။ 20တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ၌ဖြစ်စေ၊ ထာဝရဘုရားထံ၌ အမှုတော်ဆောင်ရွက်ရန်နှင့် မီးဖြင့်ပူဇော်သောယဇ်ကိုပူဇော်ရန် ယဇ်ပလ္လင်တော်သို့ ချဉ်းကပ်သောအခါ၌ဖြစ်စေ သေဘေးနှင့်ကင်းလွတ်မည့်အကြောင်း ခြေလက်ကိုရေဖြင့်ဆေးကြောရမည်။ 21ဤသို့ သေဘေးနှင့်ကင်းလွတ်မည့်အကြောင်း ခြေလက်ကို ဆေးကြောခြင်းသည် အာရုန်မှစ၍ သူ၏သားမြေး၊ သူတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။
ဘိသိက်ဆီ
22တစ်ဖန် ထာဝရဘုရားက မောရှေအား
23“သင်သည် အကောင်းစားအမွှေးနံ့သာများကို သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ မုရန်အရည် ငါးရာရှယ်ကယ်#30:23 “375 ကျပ်သား သို့မဟုတ် 5750 ဂရမ်”။၊ မွှေးကြိုင်သောသစ်ကြံပိုး နှစ်ရာ့ငါးဆယ်ရှယ်ကယ်#30:23 “187.5 ကျပ်သား သို့မဟုတ် 2875 ဂရမ်”။၊ မွှေးကြိုင်သောခါနဲ#30:23 ဟီဘရူးစကားလုံး “ကျူပင်နှင့်တူသောအမွှေးအကြိုင်ပင်တစ်မျိုး”။ နှစ်ရာ့ငါးဆယ်ရှယ်ကယ်၊ 24ကရဝေးငါးရာရှယ်ကယ်နှင့် သံလွင်ဆီတစ်ဟိန်#30:24 “4 လီတာ”။ကိုယူ၍ 25သန့်ရှင်းသောဘိသိက်ဆီအဖြစ် အမွှေးနံ့သာဖော်စပ်နည်းအတိုင်း နံ့သာဆီကိုဖော်စပ်လော့။ ၎င်းသည် သန့်ရှင်းသောဘိသိက်ဆီဖြစ်ရမည်။
26ထိုဆီဖြင့် တွေ့ဆုံစည်းဝေးရာတဲတော်နှင့် သက်သေခံချက်သေတ္တာတော်ကိုလည်းကောင်း 27စားပွဲနှင့်ထိုစားပွဲ၏တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ ဆီမီးခုံနှင့်ထိုဆီမီးခုံ၏တန်ဆာပလာများကိုလည်းကောင်း၊ နံ့သာပေါင်းယဇ်ပလ္လင်ကိုလည်းကောင်း၊ 28မီးရှို့ရာယဇ်ပလ္လင်နှင့်ထိုယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့်ထိုအင်တုံ၏ခြေတိုင်ကိုလည်းကောင်း ဘိသိက်သွန်းရမည်။ 29သင်သည် ထိုအရာတို့ကို သန့်ရှင်းစေသဖြင့် ၎င်းတို့သည် အထူးသန့်ရှင်းသောအရာဖြစ်လိမ့်မည်။ ထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။ 30အာရုန်နှင့်သူ၏သားတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သင်သည် သူတို့ကို ဘိသိက်ပေး၍ သန့်ရှင်းစေရမည်။
31သင်သည် အစ္စရေးအမျိုးသားတို့အား ‘ဤဆီသည် သင်တို့၏မျိုးဆက်အစဉ်အဆက် ငါ့အဖို့သန့်ရှင်းသောဘိသိက်ဆီဖြစ်၏။ 32ထိုဆီကို လူ၏ကိုယ်ခန္ဓာ၌ မလိမ်းရ။ ထိုဆီဖော်စပ်နည်းအတိုင်း အခြားဆီကို မဖော်စပ်ရ။ ဤဆီသည် သန့်ရှင်း၏။ သင်တို့အဖို့လည်း သန့်ရှင်းသောဆီဖြစ်ရမည်။ 33ထိုဆီမျိုးဖော်စပ်သောသူ၊ မဆိုင်သောသူအား ထိုဆီကိုလိမ်းပေးသောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သန့်ရှင်းသောနံ့သာပေါင်း
34တစ်ဖန် ထာဝရဘုရားက မောရှေအား “သစ်စေး၊ ရှက်ဟေလစ်#30:34 “အခွံကိုအမွှေးနံ့သာအဖြစ် အသုံးပြုရသောယောက်သွားတစ်မျိုး၏အခွံ”။နှင့် ဂါလဗန်စေးစသော အမွှေးအကြိုင်များနှင့်အတူ သန့်စင်သောလော်ဗန်ကို ယူလော့။ ထိုအမွှေးအကြိုင်များနှင့် သန့်စင်သောလော်ဗန်သည် ဆတူဖြစ်ရမည်။ 35၎င်းတို့ကို အမွှေးနံ့သာဖော်စပ်နည်းအတိုင်း နံ့သာပေါင်းဖော်စပ်၍ သန့်ရှင်းစင်ကြယ်အောင် ဆားခတ်ရမည်။ 36အချို့ကိုအမှုန့်ထောင်း၍ သင်နှင့်ငါတွေ့ဆုံမည့်နေရာဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်အထဲရှိ သက်သေခံချက်ရှေ့၌ထားရမည်။ ထိုနံ့သာပေါင်းသည် သင်တို့အဖို့ အထူးသန့်ရှင်းသောအရာဖြစ်၏။ 37ထိုနံ့သာပေါင်းဖော်စပ်နည်းအတိုင်း သင်တို့သုံးဖို့ မဖော်စပ်ရ။ ၎င်းသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောအရာဖြစ်သည်ဟု သင်တို့မှတ်ရမည်။ 38ထိုနံ့သာပေါင်းမျိုးကို မိမိရှူရန်အတွက် ဖော်စပ်သောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 30: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative