YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 24

24
ထိမ်းမြားခြင်း၊ ကွာရှင်းခြင်းဆိုင်ရာစီရင်ထုံး
1တစ်စုံတစ်ယောက်​သည် မိန်းမ​တစ်​ယောက်​နှင့်​စုံဖက်​ပြီးနောက် ထို​မိန်းမ​၌​ညစ်ညူး​သော​အရာ​ကို​တွေ့​သဖြင့် သူ့​ကို​မ​နှစ်မြို့​လျှင် ကွာရှင်း​စာ​ရေး​ပြီး သူ့​လက်​ထဲ​အပ်​၍ အိမ်​မှ​ထွက်သွား​စေ​ရ​မည်​။#မ 5:31၊ 19:7၊ မာ 10:4။ 2ထို​မိန်းမ​သည် လင်ယောက်ျား​၏​အိမ်​မှ​ထွက်သွား​ပြီးနောက် အခြား​ယောက်ျား​တစ်​ယောက်​ကို​ယူ​၍ 3နောက်​ယောက်ျား​သည်​လည်း ထို​မိန်းမ​ကို​မုန်း​သဖြင့် ကွာရှင်း​စာ​ရေး​ပြီး သူ့​လက်​ထဲ၌​အပ်​၍ အိမ်​မှ​ထွက်သွား​စေ​သည်​ဖြစ်စေ​၊ ထို​မိန်းမ​နှင့်​စုံဖက်​သော​နောက်​ယောက်ျား​သေဆုံး​သွား​သည်​ဖြစ်စေ 4ထို​မိန်းမ​ကို​ကွာရှင်း​ခဲ့​သော​ပထမ​လင်ယောက်ျား​သည် ညစ်ညူး​ပြီ​ဖြစ်​သော​ထို​မိန်းမ​နှင့် ပြန်​၍​စုံဖက်​ခွင့်​မ​ရှိ​။ အကြောင်းမူကား ထို​အမှု​သည် ထာဝရဘုရား​ရှေ့​တော်​၌ စက်ဆုပ်ရွံရှာဖွယ်​အမှု​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​အပေါ် အပြစ်​မ​သက်ရောက်​စေ​နှင့်​။ 5အိမ်ထောင်ပြု​ခါစ ယောက်ျား​တစ်​ယောက်​သည် စစ်တိုက်​မ​သွား​ရ​။ သူ့​အား မည်သည့်​တာဝန်​မျှ​မ​ပေး​ရ​။ သူ​သည် တစ်နှစ်ပတ်လုံး မိမိ​အိမ်​၌ လွတ်လပ်​စွာ​နေ​၍ မိမိ​ယူ​ထား​သော​မယား​ကို ပျော်ရွှင်အောင်​ထား​ရ​မည်​။
အသက်ကို တန်ဖိုးထားခြင်း
6ကြိတ်ဆုံ​တစ်စုံ​လုံး​ကို​ဖြစ်စေ​၊ အပေါ်ကျောက်ပြား​ကို​ဖြစ်စေ အပေါင်​လက်​မ​ခံ​ရ​။ လက်ခံ​လျှင် အသက်​ကို အပေါင်​လက်ခံ​သည်​နှင့်​တူ​၏​။ 7တစ်စုံတစ်ယောက်​သည် မိမိ​အမျိုးသားချင်း​ဖြစ်​သော အစ္စရေး​အမျိုးသား​တို့​ထဲမှ တစ်ယောက်ယောက်​ကို ခိုးယူ​ပြီး ထို​သူ​ကို ကျွန်ပြု​သည်​ဖြစ်စေ​၊ ရောင်းစား​သည်​ဖြစ်စေ ထို​သူခိုး​ကို​တွေ့​လျှင် အသေသတ်​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။ 8အနာကြီးရောဂါ​လက္ခဏာ​နှင့်​ပတ်သက်၍ သတိပြု​လော့​။ လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​တို့​က သင်​တို့​အား​ညွှန်ကြား​သော​အရာ​ရှိသမျှ​ကို အထူး​လိုက်နာ​စောင့်ထိန်း​ရ​မည်​။ လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​တို့​အား ငါ​မိန့်မှာ​ထား​သည့်​အတိုင်း သင်​တို့ လိုက်နာ​စောင့်ထိန်း​ရ​မည်​။ 9သင်​တို့​သည် အီဂျစ်​ပြည်​မှ ထွက်လာ​၍ ခရီးပြု​ကြ​စဉ်က သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် မိရိအံ​အား မည်သို့​စီရင်​တော်မူ​ခဲ့​သည်​ကို အောက်မေ့​လော့​။
ဆင်းရဲသားတို့ကို စာနာခြင်း
10သင်​သည် သင့်​အိမ်နီးချင်း​အား တစ်စုံတစ်ရာ​ကို​ချေး​ပေး​သောအခါ သူ​၏​အိမ်​ထဲသို့​ဝင်​ပြီး အပေါင်ခံ​ပစ္စည်း​ကို မ​ယူ​ရ​။ 11အပြင်ဘက်​၌ ရပ်​နေ​ရ​မည်​။ သင်​ချေး​ပေး​သော​သူ​သည် အပေါင်ခံ​ပစ္စည်း​ကို သင့်​ထံသို့ ယူဆောင်​လာ​ရ​မည်​။ 12ထို​သူ​သည် ဆင်းရဲ​သော​သူ​ဖြစ်လျှင် သူ​၏​အပေါင်ခံ​ပစ္စည်း​ကို ည​အထိ​ယူ​မ​ထား​ရ​။ 13သူ​သည် မိမိ​အဝတ်​ကို​ဝတ်​အိပ်​၍ သင့်​ကို ကောင်းချီးတောင်းခံ​ပေး​မည့်​အကြောင်း သူ​၏​အပေါင်ခံ​ပစ္စည်း​ကို နေ​ဝင်​သောအခါ ဆက်ဆက်​ပြန်ပေး​ရ​မည်​။ ထိုသို့​ပြု​ခြင်း​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ဖြောင့်မတ်​သော​အမှု​ဖြစ်​၏​။ 14သင့်​ပြည်​၊ သင့်​မြို့​၌​ရှိ​သော တိုင်းတစ်ပါးသား​ထဲမှ​ဖြစ်စေ​၊ သင်​၏​အမျိုးသားချင်း​ထဲမှ​ဖြစ်စေ ဆင်းရဲ​နွမ်းပါး​သော သူရင်းငှား​ကို အနိုင်အထက်​မ​ပြု​ရ​။ 15သူ​သည် ဆင်းရဲ​သဖြင့် မိမိ​လုပ်အားခ​ကို​မှီ​၍ အသက်ဆက်​ရ​သောကြောင့် သူ​၏​လုပ်အားခ​ကို နေ​မ​ဝင်​မီ နေ့ချင်း​ပေး​ရ​မည်​။ မပေးဘဲနေလျှင် သူ​သည် ထာဝရဘုရား​ထံ​ဟစ်အော်​သဖြင့် သင့်​အပေါ်​အပြစ်​သက်ရောက်​လိမ့်မည်​။ 16ဖခင်​သည် သားသမီး​အပြစ်​ကြောင့် သေဒဏ်​မ​ခံရ​။ သားသမီး​သည်​လည်း ဖခင်​အပြစ်​ကြောင့် သေဒဏ်​မ​ခံရ​။ လူတိုင်း မိမိ​အပြစ်​ကြောင့် သေဒဏ်​ခံရ​မည်​။ 17တိုင်းတစ်ပါးသား​နှင့် ဖတဆိုး​တို့ ရထိုက်​သော တရားမျှတမှု​ကို မ​ပိတ်ပင်​ရ​။ မုဆိုးမ​၏​အဝတ်​ကို အပေါင်​လက်​မ​ခံရ​။ 18သင်​သည် အီဂျစ်​ပြည်​၌ ကျွန်​ဖြစ်​ခဲ့​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ထို​ပြည်​မှ ရွေးနုတ်​တော်မူ​ခဲ့​ကြောင်း​ကို အောက်မေ့​လော့​။ ထို့အတွက်ကြောင့် ဤ​ပညတ်တော်​ကို လိုက်နာ​ရန် သင့်​အား ငါ​မှာကြား​ခြင်း​ဖြစ်​၏​။ 19သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ပြုလေရာရာ​၌ သင့်​ကို ကောင်းချီးပေး​တော်မူ​မည့်​အကြောင်း သင်​သည် မိမိ​လယ်ယာ​၌ သီးနှံ​ရိတ်သိမ်း​သောအခါ လယ်ယာ​ထဲ၌ မေ့ကျန်​ခဲ့​သော​ကောက်လှိုင်း​ကို ပြန်​မ​ယူ​ရ​။ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ​တို့​အတွက် ချန်ထား​ရ​မည်​။ 20သင်​သည် သံလွင်သီး​ကို ခါချ​သောအခါ ကြွင်းကျန်​သော​အသီး​ကို နောက်တစ်ခါ မ​ခါချ​ရ​။ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ​တို့​အတွက် ချန်ထား​ရ​မည်​။ 21သင်​၏​စပျစ်ခြံ​မှ စပျစ်သီး​ကို​ဆွတ်ခူး​ပြီးနောက် ကောက်သင်း​မ​ကောက်​ရ​။ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ​တို့​အတွက် ချန်ထား​ရ​မည်​။ 22သင်​သည် အီဂျစ်​ပြည်​၌ ကျွန်​ဖြစ်​ခဲ့​ကြောင်း​ကို အောက်မေ့​လော့​။ ထို့အတွက်ကြောင့် ဤ​ပညတ်​ကို လိုက်နာ​ရန် သင့်​အား ငါ​မှာကြား​ခြင်း​ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 24: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ