YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ်အနာဂတ္တိကျမ်း 3

3
ဘုရားသခင်က အစ္စရေးလူမျိုးတို့ကို ဒဏ်ခတ်တော်မူရသည့်အကြောင်းရင်း
1အစ္စရေး​အမျိုးသား​တို့​၊ သင်​တို့​နှင့် သင်​တို့​မျိုးနွယ်စု​အပေါင်း​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​ခဲ့​သော​ထာဝရဘုရား​က သင်​တို့​အား ဆန့်ကျင်​၍ မိန့်​တော်မူ​သော​စကား​ကို နားထောင်​ကြ​လော့​။ 2“မြေကြီး​ပေါ်ရှိ​လူသား​မျိုးနွယ်​တို့​တွင် သင်​တို့​တစ်မျိုးနွယ်တည်း​ကို​သာ ငါ​သိမှတ်​သည်​ဖြစ်၍ သင်​တို့​အပြစ်​ရှိသမျှ​ကို ငါ​စစ်ကြော​မည်”​ဟု မိန့်​တော်မူ​၏​။ 3လူ​နှစ်​ဦး​သည် ချိန်းချက်​မ​ထား​ဘဲ အတူ​ခရီးသွား​နိုင်​မည်လော​။ 4ခြင်္သေ့​သည် သားကောင်​မ​တွေ့​ဘဲ တော​ထဲတွင် ဟိန်း​နေ​မည်လော​။ ခြင်္သေ့ပျို​သည် မည်သည့်​သားကောင်​မှ မ​ဖမ်းမိ​ဘဲ တွင်း​ထဲတွင်​မာန်ဖီ​နေ​မည်လော​။ 5မြေ​ပေါ်မှာ ထောင်ချောက်​မ​ထောင်​ဘဲ ငှက်​ကို​မိ​မည်လော​။ မည်သည့်​သားကောင်​မှ မ​မိ​ဘဲ ကျော့ကွင်း​သည် မြေ​ပေါ်မှ​မြောက်တက်​သွား​မည်လော​။ 6မြို့​ထဲတွင် တံပိုးမှုတ်သံ​ကြား​သောအခါ လူ​တို့ မ​ထိတ်လန့်​ဘဲ နေ​မည်လော​။ ထာဝရဘုရား​ပြု​တော်​မ​မူ​ဘဲ မြို့​ထဲတွင် ဘေးအန္တရာယ်​ကျရောက်​နိုင်​မည်လော​။ 7စင်စစ် ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​အကြံအစည်​တော်​ကို အစေအပါး​ပရောဖက်​တို့​အား မ​ဖွင့်ပြ​ဘဲ မည်သည့်​အမှု​ကို​မျှ ပြု​တော်​မ​မူ​။ 8ခြင်္သေ့​ဟိန်းဟောက်​သောအခါ မ​ကြောက်​သော​သူ ရှိ​သလော​။ ဘုရားရှင်​ထာဝရဘုရား​မိန့်ဆို​သောအခါ ပရောဖက်​မ​ပြု​ဘဲ နေ​ဝံ့​သူ ရှိ​သလော​။
9အာဇုတ်​မြို့​ခံတပ်​များ​နှင့် အီဂျစ်​ပြည်​ခံတပ်​များ​တွင် ကြွေးကြော်​လော့​။ “ရှမာရိ​တောင်​ပေါ်မှာ စုဝေး​၍ မြို့​ထဲ​တွင် ဝရုန်းသုန်းကားမှု​ကြီး​ဖြစ်​နေ​သည်​ကို​၊ ညှဉ်းပန်းနှိပ်စက်မှု​ဖြစ်​နေ​သည်​ကို ကြည့်​ကြ​လော့​။ 10စင်စစ် သူ​တို့​သည် မှန်ကန်​ရာ​ကို မ​ပြု​တတ်​ကြ​။ သူ​တို့​၏​ခံတပ်​တွင် အကြမ်းဖက် လုယူထား​သော​ပစ္စည်း​ကို သို​ထား​ကြ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
11ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “ရန်သူ​သည် သင့်​ပြည်​ကို ဝိုင်းရံ​၍ သင်​၏​အားအင်​ကို ယုတ်လျော့​စေ​မည်​။ သင်​၏​ခံတပ်​များ​ကို​လည်း သိမ်းပိုက်​လိမ့်မည်”​ဟု မိန့်ဆို​တော်မူ​ပြီ​။
12တစ်ဖန် ထာဝရဘုရား​က “သိုးထိန်း​သည် ခြင်္သေ့​ခံတွင်း​မှ ခြေ​နှစ်​ချောင်း​၊ နားရွက်​တစ်ပိုင်း​ကို​သာ နုတ်ယူ​နိုင်​သကဲ့သို့ ရှမာရိ​မြို့​ခုတင်​စွန်း​၊ ဒမတ်စကပ်​ညောင်စောင်း​တွင်​ထိုင်​သော အစ္စရေး​အမျိုးသား​တို့​သာ ကယ်နုတ်​ခြင်း​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 13ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​က “နားထောင်​လော့​၊ ယာကုပ်​အမျိုးအနွယ်​တို့​ကို ဆန့်ကျင်​၍ သက်သေထွက်ဆို​လော့”​ဟု မိန့်​တော်မူ​၏​။ 14“စင်စစ် အစ္စရေး​လူမျိုး​တို့​ကျူးလွန်​သော​အပြစ်​များ​ကို စီရင်​သော​နေ့​တွင် ဗေသလ​ယဇ်ပလ္လင်​တို့​ကို ငါ​စီရင်​မည်​။ ယဇ်ပလ္လင်​ချို​တို့​ကို​ချိုး​ပစ်​သဖြင့် မြေ​ပေါ်သို့​ကျ​ကြ​လိမ့်မည်​။ 15ဆောင်းရာသီ​စံအိမ်​၊ နွေရာသီ​စံအိမ်​တို့​ကို ငါ​ဖြိုဖျက်​ပစ်​မည်​။ ဆင်စွယ်​အိမ်​များ​ကို​လည်း​ဖျက်ဆီး​သဖြင့် ခမ်းနားထည်ဝါ​သော​စံအိမ်​များ ပျက်စီး​ရ​လိမ့်မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

အာမုတ်အနာဂတ္တိကျမ်း 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ