YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ်အနာဂတ္တိကျမ်း 1

1
1ယုဒ​ဘုရင်​ဩဇိ​မင်းကြီး​လက်ထက်​နှင့် ယောရှ​၏​သား အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး​လက်ထက် ငလျင်​မ​လှုပ်​မီ နှစ်​နှစ်​တွင် တေကော​မြို့သား သိုးထိန်း​အာမုတ်​သည် အစ္စရေး​ပြည်​နှင့်​ပတ်သက်၍ မြင်​ရ​သည့်​အတိုင်း ဆင့်ဆို​သော​စကား​မှာ ဤသို့​ဖြစ်​၏​။ 2အာမုတ်​က “​ထာဝရဘုရား​၏​အသံ​တော်​သည် ဇိအုန်​တောင်​ပေါ်မှ​ဟိန်းထွက်​လာ​၍ အသံ​တော်​ကို ဂျေရုဆလင်​မြို့​မှ လွှင့်​တော်မူ​သောအခါ သိုးကျောင်း​ရာ​စားကျက်မြေ​များ ခြောက်သွေ့​၍ ကရမေလ​တောင်​ထိပ်​သည် ညှိုးနွမ်း​သွား​ပြီ”​ဟု ဆို​၏​။
အစ္စရေးလူမျိုး၏အိမ်နီးချင်းတို့ကို အပြစ်ပေးခြင်း
3ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ “ဒမတ်စကပ်​မြို့သား​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ဂိလဒ်​ပြည်​ကို ကောက်နယ်​သံ​တလိမ့်တုံး​ဖြင့် နင်းနယ်​လေ​ပြီ​။ 4ထို့ကြောင့် ငါ​သည် ဟာဇေလ​အမျိုးအနွယ်​ပေါ်သို့ မီး​ကို​လွှတ်​၍ ဗင်္ဟာဒဒ်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။ 5ဒမတ်စကပ်​မြို့​၏​ကန့်လန့်ကျင်​ကို ချိုးဖျက်​ပစ်​မည်​။ အာဝင်​ချိုင့်​သား​တို့​နှင့် ဗေသေဒင်​မြို့​မှ ရာဇလှံတံ​စွဲကိုင်​သူ​ကို သုတ်သင်​ပစ်​မည်​။ အာရံ​ပြည်သား​တို့​ကို ကိရ​ပြည်​သို့​ဖမ်းခေါ်​သွား​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
6တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ “​ဂါဇ​မြို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ပြည်သူ​တစ်ရပ်လုံး​ကို​ဖမ်းခေါ်​သွား​ပြီး ဧဒုံ​ပြည်​သို့ အပ်​လိုက်​လေ​ပြီ​။ 7ထို့ကြောင့် ငါ​သည် ဂါဇ​မြို့ရိုး​အပေါ် မီး​ကို​လွှတ်​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။ 8အာဇုတ်​မြို့သား​များ​နှင့် အာရှကေလုန်​မြို့​မှ ရာဇလှံတံ​စွဲကိုင်​သူ​ကို ဖယ်ရှား​ပစ်​မည်​။ ကြွင်းကျန်ရစ်​သော​ဖိလိတ္တိ​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဧကြုန်​မြို့​ကို ငါ​ကိုယ်တိုင် ဖျက်ဆီး​ပစ်​မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။
9တစ်ဖန် ထာဝရဘုရား​က “​တိုင်ရာ​မြို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ညီအစ်ကိုချင်း​ဖွဲ့​သော​ပဋိညာဉ်​ကို မ​အောက်မေ့​ဘဲ ပြည်သူ​တစ်ရပ်လုံး​ကို ဧဒုံ​ပြည်​သို့ အပ်​လိုက်​လေ​ပြီ​။ 10ထို့ကြောင့် ငါ​သည် တိုင်ရာ​မြို့ရိုး​အပေါ် မီး​ကို​လွှတ်​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်”​ဟု မိန့်​တော်မူ​၏​။
11တစ်ဖန် ထာဝရဘုရား​က “​ဧဒုံ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ညီအစ်ကိုချင်း​ကို သနားညှာတာစိတ်​မ​ထား​၊ ဓား​နှင့်​လိုက်လံ​ညှဉ်းဆဲ​တတ်​၏​။ အမျက်မပြေ​၊ ဒေါသ​ထွက်​လျက် ကိုက်ဖဲ့​တတ်​၏​။ 12ထို့ကြောင့် ငါ​သည် တေမန်​မြို့​အပေါ် မီး​ကို​လွှတ်​၍ ဗောဇရ​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။
13တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​အမ္မုန်​အမျိုးသား​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် နယ်မြေ​ချဲ့ထွင်​ရာ​၌ ဂိလဒ်​ပြည်​ရှိ ကိုယ်ဝန်ဆောင်​မိန်းမ​တို့​၏​ဝမ်း​ကို ခွဲပစ်​ကြ​၏​။ 14ထို့ကြောင့် စစ်​ဖြစ်​သည့်​နေ့​တွင်​ကြွေးကြော်​သော​အသံ​နှင့်အတူ​၊ လေပြင်းကျ​သည့်​နေ့​တွင်​တိုက်​သော​မုန်တိုင်း​နှင့်အတူ ငါ​သည် ရဗ္ဗာ​မြို့ရိုး​ကို မီး​ရှို့​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။ 15သူ​တို့​၏​ရှင်ဘုရင်​နှင့် မှူးမတ်​တို့​သည်​လည်း ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

အာမုတ်အနာဂတ္တိကျမ်း 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ