YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 21:1-6

ဓမ္မရာဇဝင်ပထမစောင် 21:1-6 MSBU

ဒါဝိဒ်​သည် နောဗ​မြို့​ရှိ ယဇ်ပုရောဟိတ်​အဟိမလက်​ထံသို့ ရောက်လာ​၏​။ အဟိမလက်​သည် ဒါဝိဒ်​ကို မြင်​လျှင် ထိတ်လန့်​သွား​၍ “​အဘယ်ကြောင့် သင် တစ်ဦးတည်း​လာ​ရ​သနည်း​။ သင်​နှင့်အတူ မည်သူ​မျှ​မ​ပါ​သလော​”​ဟု မေး​ရာ ဒါဝိဒ်​က ယဇ်ပုရောဟိတ်​အဟိမလက်​အား “​ရှင်ဘုရင်​သည် အကျွန်ုပ်​ကို အမှု​တစ်​ခု​စေခိုင်း​လိုက်​ပါ​၏​။ ရှင်ဘုရင်​က ‘​သင့်​ကို ငါ​စေခိုင်း​သော​အမှု​၊ သင့်​ကို မိန့်မှာ​သော​အမှု​တို့​ကို မည်သူ့​ကို​မျှ မ​သိ​စေ​ရ​’​ဟု မိန့်မှာ​ထား​ပါ​၏​။ ငယ်သား​တို့​နှင့် တစ်နေရာ​တွင် အကျွန်ုပ်​ချိန်းချက်​ထား​ပါ​၏​။ အရှင်​၌ မည်သည့်​အရာ​ရှိ​သနည်း​။ အကျွန်ုပ်​အား မုန့်​ငါး​လုံး​၊ သို့မဟုတ် ရှိ​သည့်​အရာ​ကို ပေး​ပါ​လော့​”​ဟု ဆို​၏​။ ယဇ်ပုရောဟိတ်​က​လည်း ဒါဝိဒ်​အား “​ငါ​၌ ရိုးရိုး​မုန့်​မ​ရှိ​။ သန့်ရှင်း​သော​မုန့်​သာ ရှိ​သည်​ဖြစ်၍ သင့်​ငယ်သား​တို့​သည် မိန်းမ​ကို​ရှောင်​လျှင် စား​နိုင်​သည်​”​ဟု ပြောပြ​၏​။ ဒါဝိဒ်​က​လည်း ယဇ်ပုရောဟိတ်​အား “​ယခင်​ကတည်းက စစ်ချီထွက်​လျှင် မိန်းမ​ကို ရှောင်​မြဲ​ဖြစ်​ပါ​၏​။ သာမန်​ခရီးသွား​ချိန်​၌​ပင် ယောက်ျား​တို့​အင်္ဂါ​မှာ သန့်ရှင်း​ပါ​၏​။ ယခု​တွင် ပို၍​ပင်​သန့်ရှင်း​ပါ​၏”​ဟု ပြန်ပြော​၏​။ ရှေ့​တော်​မုန့်​မှလွဲ၍ အခြား​မုန့်​မ​ရှိ​သောကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​အား သန့်ရှင်း​သော​မုန့်​ကို ပေး​လိုက်​၏​။ ထို​မုန့်​သည် မုန့်​အသစ်​ပြန်တင်​သော​နေ့​၌ ထာဝရဘုရား​ရှေ့​တော်​မှ စွန့်​လိုက်​ရ​မည့်​မုန့်​ဖြစ်​၏​။