YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်တတိယစောင် 4

4
ရှောလမုန်မင်းကြီး၏မှူးမတ်များ
1ရှောလမုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တစ်မျိုးနွယ်လုံး​ကို အုပ်ချုပ်​ရ​၏​။ 2သူ​၏​မင်းမှုထမ်း​အကြီးအကဲ​များ​မှာ ဇာဒုတ်​၏​သား​အာဇရိ​သည် ယဇ်ပုရောဟိတ်​၊ 3ရှိရှ​၏​သား​ဧလိဟောရပ်​နှင့်​အဟိယ​တို့​သည် စာရေးတော်ကြီး​၊ အဟိလုဒ်​၏​သား​ယောရှဖတ်​သည် အတွင်းဝန်​၊ 4ယောယဒ​၏​သား​ဗေနာယ​သည် ဗိုလ်ချုပ်​၊ ဇာဒုတ်​နှင့်​အဗျာသာ​တို့​သည် ယဇ်ပုရောဟိတ်​၊ 5နာသန်​၏​သား​အာဇရိ​သည် နယ်စားမင်းကြီး​၊ နာသန်​၏​သား​ဇာဗုဒ်​သည် ယဇ်ပုရောဟိတ်​နှင့် ဘုရင့်​အတိုင်ပင်ခံ​၊ 6အဟိရှာ​သည် နန်းတော်အုပ်​၊ အာဗဒ​၏​သား​အဒေါနိရံ​သည် ချွေးတပ်အုပ်​တို့​ဖြစ်​ကြ​၏​။
7ရှောလမုန်​မင်းကြီး​၌ အစ္စရေး​နိုင်ငံ​တစ်နိုင်ငံလုံး​တွင် နယ်စားမင်း​တစ်ဆယ့်​နှစ်​ပါး​ရှိ​၏​။ သူ​တို့​သည် ဘုရင်​နှင့်​နန်းတွင်းသူ​နန်းတွင်းသား​တို့​အဖို့ နှစ်​တစ်​နှစ်​တွင် တစ်​လ​တစ်ပါးစီ ရိက္ခာ​ဆက်သ​ရ​၏​။ 8ထို​သူ​တို့​၏​အမည်​များ​မှာ ဧဖရိမ်​တောင်ပေါ်ဒေသ​၏​နယ်စားမင်း ဗင်ဟုရ​၊ 9မာကတ်​မြို့​၊ ရှာလဗိမ်​မြို့​၊ ဗက်ရှေမက်​မြို့​၊ ဧလုန်ဗက်သနန်​မြို့​တို့​၏​နယ်စားမင်း ဗင်ဒေကာ​၊ 10စောခေါ​မြို့​နှင့်​ဟေဖာ​နယ်​တစ်နယ်လုံး​အပါအဝင် အရုဗုတ်​မြို့​တို့​နယ်စားမင်း ဗင်​ဟေသက်​၊ 11ရှောလမုန်​မင်းကြီး​၏​သမီး​တော်​တာဖတ်​နှင့်​စုံဖက်​ထား​သူ​ဖြစ်​သည့် ဒေါရ​နယ်​တစ်နယ်လုံး​၏​နယ်စားမင်း ဗင်​အဘိနဒပ်​၊ 12တာနက်​မြို့​၊ မေဂိဒ္ဒေါ​မြို့​အပါအဝင် ဇာရတန်​မြို့​အနီး​ယေဇရေလ​မြို့​အောက်​ဘက်​ရှိ ဗက်ရှန်​မြို့​တစ်လျှောက်လုံး​နှင့် ဗက်ရှန်​မြို့​မှ ယောကမံ​မြို့​တစ်ဖက်ကမ်း အာဗေလမဟောလ​မြို့​၏​နယ်စား အဟိလုဒ်​၏​သား​ဗာနာ​၊ 13ဂိလဒ်​ပြည်သား​၊ မနာရှေ​၏​သား​ယာဣရ​ပိုင်​သော​မြို့ငယ်​များ​မှစ၍ ဗာရှန်​ပြည်​ရှိ အာဂေါဘ​နယ်​၊ ခိုင်ခံ့​သော​မြို့ရိုး​နှင့် ကြေးနီ​ကန့်လန့်ကျင်​ရှိ​သည့် မြို့​ခြောက်ဆယ်​အပါအဝင် ရာမုတ်ဂိလဒ်​မြို့​၏​နယ်စားမင်း ဗင်​ဂေဗာ​၊ 14မဟာနိမ်​မြို့​၏​နယ်စားမင်း ဣဒေါ​၏​သား​အဟိနဒပ်​၊ 15ရှောလမုန်​မင်းကြီး​၏​သမီး​တော်​ဗာရှမတ်​နှင့်​စုံဖက်​ထား​သူ​ဖြစ်​သည့် နဿလိ​နယ်​၏​နယ်စားမင်း အဟိမတ်​၊ 16အာရှာ​နယ်​နှင့်​ဗာလုတ်​မြို့​၏​နယ်စားမင်း ဟုရှဲ​၏​သား​ဗာနာ​၊ 17ဣသခါ​နယ်​၏​နယ်စားမင်း ပါရွာ​၏​သား​ယောရှဖတ်​၊ 18ဗင်္ယာမိန်​နယ်​၏​နယ်စားမင်း ဧလာ​၏​သား​ရှိမိ​၊ 19အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​၊ ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​၏​နယ်မြေ​ဖြစ်​သော ဂိလဒ်​ပြည်​၏​နယ်စားမင်း ဥရိ​၏​သား​ဂေဗာ​တို့​ဖြစ်​ကြ​၏​။ ဂေဗာ​သည် ထို​ပြည်​၏​တစ်ဦးတည်း​သော​နယ်စားမင်း ဖြစ်​၏​။
ရှောလမုန်မင်းကြီး၏စားနပ်ရိက္ခာ
20သမုဒ္ဒရာ​သဲလုံး​နှင့်အမျှ အရေအတွက်​များပြား​လှ​သော ယုဒ​လူမျိုး​၊ အစ္စရေး​လူမျိုး​တို့​သည် ဝမ်းမြောက်​ပျော်ရွှင်​စွာ စား​သောက်​နေထိုင်​ရ​လေ​၏​။ 21ရှောလမုန်​မင်းကြီး​သည် ယူဖရေးတီး​မြစ်#4:21 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​မှစ၍ ဖိလိတ္တိ​ပြည်​၊ အီဂျစ်​ပြည်​နယ်နိမိတ်​တိုင်အောင် တိုင်းနိုင်ငံ​အလုံးစုံ​ကို အုပ်ချုပ်​ရ​၏​။ ထို​တိုင်းနိုင်ငံ​တို့​သည် ရှောလမုန်​မင်းကြီး​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး လက်ဆောင်ပဏ္ဏာ​ဆက်သ​ရ​သော​လက်အောက်ခံ​နိုင်ငံ​များ ဖြစ်​ကြ​၏​။
22ရှောလမုန်​မင်းကြီး​၏​တစ်ရက်စာ​အတွက် ကုန်ကျ​သော​ရိက္ခာ​မှာ အကောင်းဆုံး​ဂျုံမှုန့် ကောရ#4:22 တစ်ကောရ=220 လီတာခန့်။​သုံးဆယ်​၊ မုန့်ညက် ကောရ​ခြောက်ဆယ်​၊ 23သမင်​၊ ဒရယ်​၊ ဆတ်​နှင့် ဆူဖြိုး​သော​ကြက်ငှက်​တို့​အပြင် ဆူဖြိုး​သော​နွား အကောင်​တစ်ဆယ်​၊ စားကျက်မြေ​မှ နွား​အကောင်​နှစ်ဆယ်​၊ သိုး​အကောင်​တစ်ရာ ဖြစ်​၏​။ 24သူ​သည် တိဖသ​မြို့​မှ ဂါဇ​မြို့​အထိ ယူဖရေးတီး​မြစ်#4:24 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​အနောက်ဘက်ကမ်း​တစ်လျှောက်လုံး​ကို ပိုင်​၏​။ ယူဖရေးတီး​မြစ်​အနောက်ဘက်​ကမ်း​ရှိ​ဘုရင်​အားလုံး​တို့​ကို အုပ်စိုး​ရ​ပြီး သူ့​ဝန်းကျင်​တစ်ခွင်​မှာ ငြိမ်းချမ်းသာယာ​ခြင်း​ရှိ​လေ​၏​။ 25ရှောလမုန်​မင်းကြီး​အုပ်စိုး​စဉ်​ကာလ​ပတ်လုံး ဒန်​မြို့​မှ​ဗေရရှေဘ​မြို့​တိုင်အောင် ယုဒ​လူမျိုး​နှင့်​အစ္စရေး​လူမျိုး​တို့​သည် ကိုယ့်​စပျစ်ပင်​အောက်​၊ ကိုယ့်​သဖန်းပင်​အောက်​တွင် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​လေ​၏​။ 26ရှောလမုန်​မင်းကြီး​ပိုင်​သော​ရထားဆွဲ​မြင်း​များ​ထား​ရန် မြင်းဇောင်း လေးသောင်း#4:26 “လေးထောင်” (၆ရာ 9:25)။​နှင့် မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်​ရှိ​၏​။ 27ရှောလမုန်​မင်းကြီး​အပါအဝင် သူ​နှင့်​တစ်စားပွဲတည်း​တွင် စားသောက်​ရ​သူ​တို့ လိုလေသေး​မ​ရှိ​အောင် နယ်စားမင်း​တို့​သည် တစ်​လ​လျှင်​တစ်ပါးစီ ရိက္ခာ​များ​ကို ဆက်သ​ပေး​ရ​၏​။ 28မြင်း​များ​၊ လား​များ​အတွက် မုယောစပါး​များ​၊ ကောက်ရိုး​များ​ကို​လည်း လိုအပ်​သည့်​နေရာ​သို့ ခွဲတမ်း​အလိုက် ပို့ပေး​ရ​၏​။
ရှောလမုန်မင်းကြီး၏ဉာဏ်ပညာနှင့်စာပေစွမ်းရည်
29ဘုရားသခင်​သည် ရှောလမုန်​မင်းကြီး​အား ဉာဏ်ပညာ​နှင့် အတိုင်းမသိ​ထိုးထွင်းသိမြင်​နိုင်စွမ်း​ကို ပေး​တော်မူ​၏​။ သမုဒ္ဒရာ​ကမ်းစပ်​ရှိ​သဲလုံး​များ​ကဲ့သို့ များပြား​သော​အသိတရား​တို့​ကို​လည်း ပေးသနား​တော်မူ​၏​။ 30ထို့ကြောင့် အရှေ့တိုင်းသား​တို့ ဉာဏ်ပညာ​ရှိ​သည်​ထက်​၊ အီဂျစ်​ပြည်သား​တို့ ဉာဏ်ပညာ​ရှိ​သည်​ထက် ရှောလမုန်​မင်းကြီး​သည် ဉာဏ်ပညာ​ပို၍​ရှိ​လေ​၏​။ 31ဧဇရဟိတ်​လူမျိုး ဧသန်​နှင့် မဟေလ​၏​သား​များ​ဖြစ်​သော ဟေမန်​၊ ကာလကောလ​နှင့် ဒါရဒ စသော​ပညာရှိ​အပေါင်း​တို့​ထက် သာ၍​ဉာဏ်ပညာရှိ​သဖြင့် သူ့​ဝန်းကျင်​တစ်ခွင်ရှိ တိုင်းနိုင်ငံ​အားလုံး​တို့​တွင် နာမည်​ကျော်ကြား​လေ​၏​။ 32သုတ္တံစကားပုံ သုံးထောင်​ကို မြွက်ဆို​ခဲ့​၍ သီချင်း​အပုဒ်ရေ တစ်ထောင့်​ငါး​ပုဒ်​တို့​ကို ရေးစပ်​ခဲ့​၏​။ 33လက်ဘနွန်​တောင်​ရှိ သစ်ကတိုးပင်​မှစ၍ မြို့ရိုး​ကြား​ပေါက်​တတ်​သော ဟုဿုပ်ပင်​အထိ အပင်​များ​အကြောင်း​ကို မြွက်ဆို​ခဲ့​၏​။ တိရစ္ဆာန်​များ​အကြောင်း​၊ ငှက်​များ​အကြောင်း​၊ တွားသွားသတ္တဝါ​များ​အကြောင်း​ကို​လည်း မြွက်ဆို​ခဲ့​၏​။ 34ကမ္ဘာ​အရပ်ရပ်​ရှိ တိုင်းနိုင်ငံ​အသီးသီး​မှ​ရှင်ဘုရင်​တို့​ပင်လျှင် သူ​၏​ဉာဏ်ပညာ​ကြီး​သော​သတင်း​ကို ကြားသိ​ရ​သဖြင့် ထို​တိုင်းနိုင်ငံ​တို့​မှ လူ​တို့​သည် ရှောလမုန်​မင်းကြီး​၏​ဉာဏ်ပညာ​နှင့်​မြွက်ဆို​သော​စကား​ကို သွားရောက်​နားဆင်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်တတိယစောင် 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ