ထာဝရဘုရားမုန်းတော်မူသောအရာခြောက်ပါးမက
ကိုယ်တော်၏စိတ်ဝိညာဉ် စက်ဆုပ်ရွံရှာတော်မူသောအရာခုနစ်ပါးမှာ
ထောင်လွှားသောမျက်နှာ၊ မုသားသုံးသောလျှာ၊
အပြစ်ကင်းသောသူကိုသတ်ဖြတ်သောလက်၊
ယုတ်ညံ့သောအကြံအစည်များကို တွေးတောကြံစည်သောစိတ်နှလုံး၊
မကောင်းမှုပြုရာသို့ အလျင်အမြန်ပြေးသောခြေ၊
လိမ်လည်ထွက်ဆိုသောမုသားသက်သေနှင့်
ညီအစ်ကိုတို့ကြား၌ အငြင်းပွားမှုများဖြစ်ပွားစေသော သူတို့ဖြစ်ကြ၏။