သုတ္တံ 6:16-19
သုတ္တံ 6:16-19 Judson Bible (JBMLE)
ထာဝရဘုရားမုန်းတော်မူသောအရာ ခြောက်ပါးမက၊ စက်ဆုပ်ရွံရှာတော်မူသောအရာ ခုနစ်ပါးဟူမူကား၊ ထောင်လွှားသော မျက်နှာတစ်ပါး၊ မုသား၌ ကျင်လည်သောလျှာတစ်ပါး၊ အပြစ်မရှိသောသူ၏ အသက်ကိုသတ်သော လက်တစ်ပါး၊ မကောင်းသော အကြံကို ကြံစည်သောနှလုံးတစ်ပါး၊ အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သော ခြေတစ်ပါး၊ မုသားစကားကိုပြော၍ မမှန်သောသက်သေတစ်ပါး၊ အပေါင်းအဖော်ချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်သောသူ တစ်ပါးတည်း။
သုတ္တံ 6:16-19 Common Language Bible (BCL)
ထာဝရဘုရား မုန်းတော်မူသော အရာ ခြောက် ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနစ်ပါး ဟူမူကား၊ ထောင်လွှားသော မျက်နှာတပါး၊ မုသာ၌ ကျင် လည်သော လျှာတပါး၊ အပြစ်မရှိသောသူ၏ အသက်ကို သတ်သော လက်တပါး၊ မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊ မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။
သုတ္တံ 6:16-19 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရားမုန်းတော်မူသောအရာခြောက်ပါးမက ကိုယ်တော်၏စိတ်ဝိညာဉ် စက်ဆုပ်ရွံရှာတော်မူသောအရာခုနစ်ပါးမှာ ထောင်လွှားသောမျက်နှာ၊ မုသားသုံးသောလျှာ၊ အပြစ်ကင်းသောသူကိုသတ်ဖြတ်သောလက်၊ ယုတ်ညံ့သောအကြံအစည်များကို တွေးတောကြံစည်သောစိတ်နှလုံး၊ မကောင်းမှုပြုရာသို့ အလျင်အမြန်ပြေးသောခြေ၊ လိမ်လည်ထွက်ဆိုသောမုသားသက်သေနှင့် ညီအစ်ကိုတို့ကြား၌ အငြင်းပွားမှုများဖြစ်ပွားစေသော သူတို့ဖြစ်ကြ၏။