1
သုတ္တံကျမ်း 29:25
မြန်မာ့စံမီသမ္မာကျမ်း
လူကိုကြောက်ရွံ့ခြင်းသည် ထောင်ချောက်ဖြစ်၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား လုံခြုံစွာနေရ၏။
နှိုင်းယှဉ်
သုတ္တံကျမ်း 29:25ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း 29:18
ဗျာဒိတ်နိမိတ်မရှိလျှင် လူတို့သည် စည်းလွတ်ဝါးလွတ်ပြုမူတတ်ကြ၏။ ပညတ်တရားကိုစောင့်ထိန်းသောသူမူကား မင်္ဂလာရှိ၏။
သုတ္တံကျမ်း 29:18ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း 29:11
မိုက်မဲသောသူသည် မိမိ၏စိတ်ခံစားချက်ရှိသမျှကို ထုတ်ဖော်တတ်၏။ ပညာရှိသောသူမူကား ၎င်းကို ပြန်၍ထိန်းထားတတ်၏။
သုတ္တံကျမ်း 29:11ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း 29:15
ကြိမ်လုံးနှင့်ဆိုဆုံးမစကားသည် ဉာဏ်ပညာကိုပေး၏။ လွှတ်ထားသောကလေးသူငယ်မူကား သူ၏မိခင်ကိုအရှက်ကွဲစေတတ်၏။
သုတ္တံကျမ်း 29:15ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း 29:17
သင်၏သားကိုပဲ့ပြင်လော့။ သို့ပြုလျှင် သူသည် သင့်ကိုငြိမ်းချမ်းမှုပေး၍ သင်၏စိတ်ဝိညာဉ်ကို ကြည်နူးစေလိမ့်မည်။
သုတ္တံကျမ်း 29:17ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း 29:23
လူ၏မာန်မာနသည် သူ့ကိုနိမ့်ကျစေတတ်၏။ စိတ်နှိမ့်ချသောသူမူကား ဂုဏ်သရေကိုရလိမ့်မည်။
သုတ္တံကျမ်း 29:23ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း 29:22
စိတ်တိုသောသူသည် အငြင်းပွားမှုဖြစ်ရန် လှုံ့ဆော်တတ်၏။ ဒေါသကြီးသောသူသည်လည်း အပြစ်များစွာကျူးလွန်တတ်၏။
သုတ္တံကျမ်း 29:22ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း 29:20
အလျင်စလိုစကားပြောဆိုတတ်သောသူကို သင်မြင်သလော။ ထိုသူထက် မိုက်မဲသောသူ၌ ပို၍မျှော်လင့်ချက်ရှိ၏။
သုတ္တံကျမ်း 29:20ရှာဖွေလေ့လာလိုက်ပါ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ