1
သုတ္တံကျမ်း 28:13
မြန်မာ့စံမီသမ္မာကျမ်း
မိမိကျူးလွန်သောအပြစ်များကို ဖုံးကွယ်ထားသောသူသည် ကြီးပွားမည်မဟုတ်။ ထိုအပြစ်များကိုဖော်ပြဝန်ခံ၍ စွန့်ပယ်သောသူမူကား ကရုဏာတော်ကိုခံစားရလိမ့်မည်။
နှိုင်းယှဉ်
သုတ္တံကျမ်း 28:13ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း 28:26
မိမိစိတ်နှလုံးကို ကိုးစားသောသူသည် မိုက်မဲသောသူဖြစ်၏။ ဉာဏ်ပညာအားဖြင့်လျှောက်လှမ်းသောသူမူကား ဘေးလွတ်လိမ့်မည်။
သုတ္တံကျမ်း 28:26ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း 28:1
ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
သုတ္တံကျမ်း 28:1ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း 28:14
ဩတ္တပ္ပစိတ်အစဉ်အမြဲရှိသောသူသည် မင်္ဂလာရှိ၏။ မိမိ၏စိတ်နှလုံးကိုမာကျောစေသောသူမူကား ဒုက္ခတွင်းထဲသို့ကျရောက်လိမ့်မည်။
သုတ္တံကျမ်း 28:14ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း 28:27
ဆင်းရဲသောသူတို့အား ပေးကမ်းသောသူသည် ချို့တဲ့နွမ်းပါးလိမ့်မည်မဟုတ်။ မျက်ကွယ်ပြုသောသူမူကား များစွာသောကျိန်ဆဲခြင်းကိုခံရလိမ့်မည်။
သုတ္တံကျမ်း 28:27ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း 28:23
လူကိုဆုံးမသောသူသည် နောက်ဆုံးတွင် မြှောက်ပင့်ပြောဆိုသောသူထက် ပို၍မျက်နှာရလိမ့်မည်။
သုတ္တံကျမ်း 28:23ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ