လူတို့ နှစ်ခြိုက်စွာအိပ်ပျော်နေချိန်၊ အိပ်ရာထက်၌ အိပ်မောကျနေချိန် အိပ်မက်ထဲ၊ ညအချိန်မြင်ရသောစိတ်အာရုံထဲတွင် လူတို့၏နားကို ဖွင့်၍ သူတို့၏သွန်သင်ချက်ကို တံဆိပ်ခတ်တော်မူ၏။ ဤသို့ဖြင့် လူအား ကိုယ့်အကျင့်ဆိုးမှ လွှဲရှောင်စေတော်မူ၏။ လူ၏မာန်မာနကိုလည်း ချိုးနှိမ်တော်မူ၏။ သူ၏စိတ်ဝိညာဉ်ကို သေတွင်းနှင့်လည်းကောင်း၊ သူ့အသက်ကို ဖျက်ဆီးမည့်ဓားဘေးနှင့်လည်းကောင်း ကင်းဝေးစေတော်မူ၏။