ယောဘ 33:15-18
ယောဘ 33:15-18 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
လူတို့ နှစ်ခြိုက်စွာအိပ်ပျော်နေချိန်၊ အိပ်ရာထက်၌ အိပ်မောကျနေချိန် အိပ်မက်ထဲ၊ ညအချိန်မြင်ရသောစိတ်အာရုံထဲတွင် လူတို့၏နားကို ဖွင့်၍ သူတို့၏သွန်သင်ချက်ကို တံဆိပ်ခတ်တော်မူ၏။ ဤသို့ဖြင့် လူအား ကိုယ့်အကျင့်ဆိုးမှ လွှဲရှောင်စေတော်မူ၏။ လူ၏မာန်မာနကိုလည်း ချိုးနှိမ်တော်မူ၏။ သူ၏စိတ်ဝိညာဉ်ကို သေတွင်းနှင့်လည်းကောင်း၊ သူ့အသက်ကို ဖျက်ဆီးမည့်ဓားဘေးနှင့်လည်းကောင်း ကင်းဝေးစေတော်မူ၏။
ယောဘ 33:15-18 Judson Bible (JBMLE)
လူသည် အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော်လျက်နေသောအခါ အိပ်မက်မြင်၍၊ ညရူပါရုံကို ခံရသောအားဖြင့်၊ ဘုရားသခင်သည် လူ၏နားကိုဖွင့်၍ ဆုံးမပေးတော်မူတတ်၏။ ထိုသို့ လူသည်မိမိအကြံကို စွန့်စေခြင်းငှာလည်းကောင်း၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှာလည်းကောင်း ပြုတော်မူ၏။ သူ၏အသက်ကို သင်္ချိုင်းတွင်းမှ ကွယ်ကာ၍၊ ဓားဘေးဖြင့် မသေစေခြင်းငှာ စောင့်မတော်မူ၏။
ယောဘ 33:15-18 Common Language Bible (BCL)
လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင်၍၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့်၊ ဘုရားသခင်သည် လူ၏နားကို ဖွင့်၍ ဆုံးမပေး တော်မူတတ်၏။ ထိုသို့လူသည် မိမိအကြံကိုစွန့်စေခြင်းငှါ၎င်း၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှါ၎င်း ပြုတော်မူ၏။ သူ၏အသက်ကို သင်္ချိုင်းတွင်းမှကွယ်ကာ၍၊ ထားဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်မူ၏။