ယေရှု၏သွန်သင်ချက်များနမူနာ
စိုးရိမ်ခြင်းအကြောင်း
ကိုယ်တော်သည် ကရုစိုက်တော်မူမည်ဖြစ်သောကြောင့် စိုးရိမ်ပူပန်ခြင်းမရှိရန် ဟောတော်မူသည်။
(၁) စိုးရိမ်ပူပန်ခြင်းကို ဥပမာပေး၍ ရှင်းပြပါ။ စိုးရိမ်ပူပန်ခြင်းဖြင့် အမှုကိစ္စများကို မည်သည့်အတိုင်းအတာအထိ အမှန်တကယ် ပြောင်းလဲစေနိုင်ကြောင်း ရှင်းပြပါ။
(၂) ခဏသာ ထင်ရှားပြီးပျောက်ကွယ်သွားမည့် မြက်ပင်နှင့် ကွင်းပြင်ကို လှပသော ပန်းများဖြင့် ဖြည့်ဆည်းပေးရအောင် ဘုရားသခင်သည် ရက်ရောသဘောထား ကြီးတော်မူသောကြောင့် ကိုယ်တော် ကျွန်ုပ်တို့အပေါ်မှာ ပြုတော်မူမည့်အရာ ပေါ်မှာ စိုးရိမ်ခြင်းဖြင့် အဘယ်ကျေးဇူးရှိပါသနည်း။
(၃) ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာဖွေမည်ဆိုလျှင် အရာရာတိုင်းသည် သင့်အား ထပ်၍ ပေးတော်မူမည်အကြောင်း သင်သည် မည်မျှ အခိုင်အမာ ယုံကြည်နေပါသနည်း။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ယေရှုသည် အကြောင်းအရာများစွာကို သင်ပေးခဲ့သည်။ ကြာရှည်ခံသော ကောင်းချီးများ၊ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ ဆုတောင်းခြင်းနှင့်အခြားအရာများစွာ ရှိပါသည်။ ဒါက ယနေ့ခေတ် လူများအတွက် ဘာကို ဆိုလိုသနည်း။ ဤအစီစဉ်တွင် ယေရှု၏သွန်သင်ချက် တစ်ပုဒ်ကို နေ့ရက်တိုင်းအတွက် ဗီဒီယိုအတို တစ်ခုက သရုပ်ဖေါ်ထားပါသည်။
More