မျှော်လင့်ခြင်းနမူနာ
- Iပိုမိုကြိုးစားလျှင် ပိုမိုအောင်မြင်မည် မဟုတ်ပါလား။ လျော့သွားလျှင် ရလဒ်များလည်း လျော့သွားလိမ့်မည်။ လုံ့လဝီရိယသည် အဓိကသော့ချက် ဖြစ်သည်။ ပြုလေရာရာ၌ မိမိစိတ်နှလုံးပါလျက် ကြိုးစားပါ။ မျှော်လင့်ချက်ထားခြင်းသည် ထိုနည်းလည်းကောင်းပဲ။ ကြောက်ရွံ့ခြင်းမရွေးဘဲ မျှော်လင့်ခြင်းကို သစ္စာရှိစွာ ရွေးရမည်။ ၎င်းသည် မိတ်ဆွေအဖို့ အာမခံချက်အပြည့်ရှိစေပြီး ပိုမိုသဘောကောင်းသောသူလည်း ဖြစ်စေသည်။
(ဟေဗြဲ၊ ၆း၁၁)။ - မိတ်ဆွေသည် သဘောမကောင်းလျှင် တခြားသူများလည်း သဘောမကောင်းသလိုပဲ နေမည်ဟု သတိထားမိခဲ့ပါသလား။ သို့သော်၊ မိတ်ဆွေသည် သဘောကောင်းလျှင် တခြားသူများလည်း ထူးဆန်းစွာ သဘောကောင်းသလိုပဲ။ ဘုရားသခင်သည် ထိုနည်းတူပါသည်။ ဘုရားသခင်ကို ဥပေက္ခာပြုနေပါက၊ ကိုယ်တော်သည် ဝေးဝေးရပ်၍ နေတော်မူသလိုပဲ။ သို့ရာတွင်၊ ဘုရားသခင်ကို နှုတ်ကပတ်တော်နှင့် ဆုတောင်းခြင်းဖြင့် ရှာဖွေနေပါက၊ ကိုယ်တော်သည် ပိုမိုနီးတော်မူသလိုပဲ။ မျှော်လင့်ခြင်းသည် ဘုရားသခင်၌သာ ရှိသည်။ ကိုယ်တော်ကို သာ၍နီးစေပါ။
(ယာ၊ ၄း၈)။ - မျှော်လင့်ချက်အရှိဆုံး ခရစ်ယာန်များသည် သခင်ဘုရား၌ ဝမ်းမြောက်နေကြသည်။ ထိုသူတို့သည် နှုတ်ကပတ်တော်တရားကို အလွန်ချစ်မြတ်နိုးသောကြောင့် ဖတ်ရှုလေ့လာလျက်၊ ကျမ်းပိုဒ်များကို မိမိနှလုံးထဲမှာ သိုထားကြသည်။ ထိုသူတို့သည် ဆုမတောင်းဘဲ မနေနိုင်ကြဘူး။ နှုတ်ကပတ်တော်တရားသည် မျှော်လင့်ခြင်းကို ပြုစုတတ်သည်။ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ မဟာဇာတ်တော်ကြီး ဖြစ်သည်။ ပြည့်စုံသော ပရောဖက်ပြုချက်များပါရှိသော သမိုင်းအားဖြင့် ဘုရားသခင်သည် အထွဋ်အမြတ်အာဏာတော်ရှိသလို၊ အကြံစည်တော်လည်းရှိကြောင်း ဖော်ပြစေသည်။ မိတ်ဆွေသည် အရှုံးမပေးဘဲ၊ စိတ်ရှည်စွာ ဆက်လက်ကြိုးစားအားထုတ်စရာလိုသည်။ မိမိမျှော်လင့်ခြင်းသည် ထလိမ့်မည်။
(ရော၊ ၁၅း၎)။
အထက်ပါကျမ်းပိုဒ်များသည် ကျွန်တော်တို့၏မိုဘိုင်းအက်ပ်၊ Mac (သို့) Windows ပရိုဂရမ်များတွင် ပါပါသည်။ MemLok အခြား MemLok အစီစဉ်များလည်း ရှိသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မျှော်လင့်ခြင်း။ ကျမ်းပိုဒ်အချို့ကို ကြည့်ကြပါစို့။ ဘုရားသခင်သည် မိတ်ဆွေအား ငြိမ်သက်ခြင်း၊ မကြောက်ရွံ့ခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်ဝရန် အလိုတော်ရှိပါသည်။ ဘုရားသခင်သည် မိတ်ဆွေကို စိုးရိမ်ကြောင့်ကြခြင်း မရှိစေသလို၊ အမျက်ဒေါသနှင့်လည်း မပြည့်ဝစေချင်ပါဘူး။ မျှော်လင့်ခြင်းဆိုင်ရာ ကျမ်းပိုဒ်များသည် မိတ်ဆွေကို ပိုပြီးခွင့်လွှတ်တတ်တဲ့သူတစ်ယောက်ဖြစ်အောင် သင်ပေးပါလိမ့်မည်။ မိမိဉာဏ်ပညာကို တိုးပွားစေဖို့၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆင်ခြင်ကြပါစို့။
More
ဤအစီအစဉ်ကိုပြင်ဆင်ပေးသော MemLok, (ကျမ်းစာအလွတ်ကျက်စနစ်)ကို ကျေးဇူးတင်လိုပါသည်။ MemLok နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ဖော်ပြပါဝက်ဘ်ဆိုက်သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - http://www.MemLok.com