YouVersion လိုဂို
ရှာရန် အိုင်ကွန်

လူတိုင်းအနိုင်ရလိုသော်လည်း စောင့်ဆိုင်းလိုသူမရှိပေနမူနာ

Everybody Wants To Win But Nobody Wants To Wait

5 ၏ နေ့ 2

သင်၏ သက်တောင့်သက်သာဘဝထဲက ထွက်လိုက်ပါ

ကျွန်ုပ်တို့ဘဝများသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေပါသည်။ ကျွန်ုပ်တို့၏ ပေါင်းသင်းဆက်ဆံရေးများ၊ အလုပ်များကလည်း ပြောင်းလဲနေသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်းတွင်ပင် ပြောင်းလဲမှုများ နေ့စဉ်ဖြစ်ပေါ်နေပါသည်။ ပြောင်းလဲခြင်းတွင် အမှားအယွင်းမရှိသော်လည်း ဘုရားသခင်ကို စောင့်မျှော်နေချိန်တွင် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ကို ရှာဖွေတွေ့ရှိပြီး အသက်ရှင်နေချိန်တွင် ကျွန်ုပ်တို့လုပ်ဆောင်ရန် လိုအပ်သည့်အရာအချို့ ရှိပါသည်။ ဘဝဆိုသည်မှာ တီထွင်ဖန်တီးမှုတွေ အပြည့်ပါပဲ။ သင့်ရည်ရွယ်ချက်ကို ရှာဖွေနေစဉ်တွင် ဖန်တီးမှု ရယူပါ။ သင် ဘာကိုဝါသနာပါလဲ သင့်ရည်ရွယ်ချက်အတိုင်း အပြည့်အဝ လျှောက်လှမ်းနိုင်ရန် ဘုရားသခင်ကို သင်စောင့်ဆိုင်းနေစဉ်တွင် သင်စိတ်အားထက်သန်သည့်အရာကို လုပ်ဆောင်ပါ။

ထို့အပြင်၊ အရင်က မလုပ်ဖူးတဲ့ အရာတွေကို လုပ်ပါ။ သင်သည် တစ်နေရာတည်းတွင် ထာဝစဉ်မမှီဝဲနိုင်အောင် သင့်အထဲ၌ အသစ်သောအရာတစ်ခုပြုလုပ်ရန် ဘုရားသခင်ထံ တောင်းလျှောက်ပါ။ သင်၏ ရည်ရွယ်ချက်က သင့်ကို အဆင်ပြေစေတဲ့အရာကို လုပ်နေတာထက် ပိုပါသည်။ အဆင့်တက်ပြီး လုပ်ဆောင်ရန်များရှိသည်။ ဘုရားသခင်၏ နွေးထွေးသော ပျော်ရွှင်မှုနှင့် ချစ်ခြင်းမေတ္တာတို့ကို သင့်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါစေ။ တခြားသူများကို ကူညီဖို့ အာရုံစိုက်ဖို့ အချိန်ပေးပါ။ သင် ဘာပဲလုပ်လုပ် တခြားသူ၏ ရည်ရွယ်ချက်ကို လုပ်ဆောင်ရန် မကြိုးစားပါနှင့်။ ကိုယ့်ရည်ရွယ်ချက်ကိုယ်ပဲ ဖြစ်ပါစေ။ ဘုရားသခင်၏ စကားသံတော်ကို နားထောင်ပြီး သင့်ကို လမ်းပြဖို့နှင့် သင့်ရည်ရွယ်ချက်အတွက် လမ်းညွှန်ခွင့်ပြုပါ။ ဘုရားသခင်သည် သင့်အား သင့်ရည်ရွယ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန်၊ ဘဝ၏ အတွေ့အကြုံအားလုံးကို တွေ့ကြုံခံစားရန်၊ ကောင်းသောအသက်တာ၏ နေ့ရက်တိုင်းကို ဆန်းသစ်သောအတွေ့အကြုံကိုရရှိရန် သင့်အား အလိုတော်ရှိသည်။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Everybody Wants To Win But Nobody Wants To Wait

ဤပြည့်စုံသောနေ့စဉ်ဖတ်ရှုမှုများမှတစ်ဆင့်၊ ကုသခြင်းမှသည် ပေါင်းသင်းဆက်ဆံရေးအထိ ဘဝ၏ ရှုထောင့်အားလုံးတွင် ဘုရားသခင်၏ အချိန်ကို စောင့်ဆိုင်းနည်းကို သင်ယူပါ။ စောင့်မျှော်နေသောရာသီကို အကောင်းဆုံးဖြစ်အောင် မည်သို့ပြုလုပ်ရမည်ကို ရှာဖွေပြီး ဘုရားသခင့်အလိုတော်အတိုင်း ဆုတောင်းပါ။ ဤကိုးကွယ်ဆည်းကပ်မှုသည် ဆရာမားကပ်စ်ဂီလ် (Marcus Gill) ၏ လူတိုင်းအနိုင်ရလိုသော်လည်း စောင့်လိုသူမရှိပေဟူသော စာစောင်မှ အခြေခံထားသည်။

More

ဤအစီအစဉ်အတွက် ဆရာ Marcus Gill နှင့် Charisma House ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရူ့ပါ။ http://waittowin.com/