YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝိညာဉ်ပကတိကြောင့်အသက်ရှင်ပါ - ဆရာဂျွန်ပိုက်ပါမှ ဖတ်ရှုဝတ်ပြုအစီအစဉ်နမူနာ

Live By The Spirit: Devotions With John Piper

7 ၏ နေ့ 7

ဝိညာဉ်တော်သည် ကျွန်တော်တို့၏ ကိုယ်ကာယကို ရှင်စေသည်။

ထိုမျှမက၊ ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသောဘုရား၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။—(ရော၊ ၈း၁၁)

ဘုရားသခင်သည် မိတ်ဆွေ၏ခန္ဓာကိုယ်ကို လေးနက်စွာ အလေးထားသည်။ မဟုတ်ပါက၊ သင်္ချိုင်းတွင်း၌ မိမိအလောင်းကို ပုပ်ပွစေဟု ဘုရားသခင်ဆိုရလိမ့်မည်။ သို့သော်၊ ကိုယ်တော်သည် ထိုကဲသို့ တစ်ခါမှ မပြောဆိုပေ။ ဘုရားသခင်သည် မိမိဘုန်းအသရေအဖို့ မိတ်ဆွေ၏ကိုယ်ခန္ဓာကို ဖန်ဆင်းပြုပြင်သည်။

ထို့ကြောင့်၊ မိမိကိုယ်ခန္ဓာကို မည်မျှပင် ပျက်စီးသည်ဖြစ်စေ၊ ဖရိုဖရဲဖြစ်သည်ဖြစ်စေ၊ အရုပ်ဆိုးသည်ဖြစ်စေ၊ ရောဂါအမျိုးမျိုးရှိသည်ဖြစ်စေ၊ မိတ်ဆွေ၏သေစေတတ်သော ကိုယ်ခန္ဓာအား ဝိညာဉ်တော်အားဖြင့် ကျန်းမာစေပြီး၊ အလွန်လှပစေလျက်၊ လူများမြင်သောအခါ၊ မိတ်ဆွေသည် နွေရာသီရှိ အလွန်ကျယ်ပြန့်လှသော အပြာရောင်ကောင်းကင်ကြီးနှင့်တူသည်ဟု ပြောဆိုကြလိမ့်မည်။ မိတ်ဆွေသည် စကြဝဠာရှိ ရေတွက်လို့မရနိုင်သောကြယ်နက္ခတ်ကဲ့သို့ ထောက်ပစွာ ထွန်းလင်းနေသည်ဟု ပြောဆိုကြလိမ့်မည်။ မိတ်ဆွေ၏ရောင်ခြည်သည် နေနှင့်တူသည်။ သခင်ယေရှုသည် မိတ်ဆွေကို ဖန်းဆင်ပြီး၊ ကယ်နုတ်စေလျက်၊ ထမြောက်စေလျက်၊ မိမိထာဝရဘုန်းအသရေအားဖြင့် မိတ်ဆွေကို ချီးမြှောက်ပြီဟု မြင်လျက် ပြောဆိုလိမ့်မည်။

လူတစ်ဦးသည် လောကီအကျိုးများကို အလွန်နည်းပါးသောအခါ သူများကို ဆက်လက်ချစ်နိုင်ဖို့ အစွမ်းသတ္တိကို ဘယ်လိုရရှိခံစားနိုင်မလဲ။ ခင်ပွန်း (သို့) ဇနီးသည် အပြန်အလှန် မေတ္တာပေးကမ်းခြင်း မရှိသောအခါ ဆက်လက်မေတ္တာပေးကမ်းနိုင်သောစိတ်သဘောကို ဘယ်လိုရနိုင်မလဲ။ အိမ်ထောင်ပြုလိုသော အမျိုးသား (သို့) အမျိုးသမီးတစ်ဦးသည် အနှစ်ခုနှစ်ဆယ်ကြာ တစ်ကိုယ်ရေဘ၀တွင် ရောင့်ရဲနိုင်စေမည့် စိတ်သဘောကို ဘယ်လိုရရှိနိုင်မလဲ။ ယေရှုသည် ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ အသေခံနိုင်သော အစွမ်းသတ္တိကို ဘယ်လိုရခဲ့သလဲ။ (ဟေဗြ၊ ၁၂း၂)

ရှင်ပြန်ထမြောက်သောနေ့မှာ၊ ကျွန်တော်တို့အရှေ့မှာထားသည့် ဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊ ကျွန်တော်တို့သည် ခရစ်တော်အတွက် အရာရာကို သည်းခံကြသည်။ နာခံခြင်းသည် ဤဘဝတွင် အကျိုးကျေးဇူးပေးမည်ဟု သခင်ယေရှုက ကတိမပေးခဲ့ချေ။ ကျွန်တော်တို့၏ပျော်ရွှင်ခြင်းသည် အသက်တာ၏ပြောင်းလဲမှုအခြေအနေများအားဖြင့် မဟုတ်ဘဲ၊ (ရောမ၊ ၈:၁၁) ၏ မတုန်မလှုပ်နိုင်သော မျှော်လင့်ချက်မှ စီးဆင်းလာသည်။ ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသောဘုရား၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသောဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။

ဘုရားသခင်သည် မိတ်ဆွေကို မထိခိုက်စေဘဲ၊ မိမိဘက်၌ ရှိတော်မူပြီဟု တကယ်ယုံကြည်ပါက၊ မိတ်ဆွေတွင် ကျိန်းဝပ်တော်မူသော သူ၏ဝိညာဉ်တော်အားဖြင့် မိမိသေနိုင်သောကိုယ်ခန္ဓာအား အသက်ကို ပေးမည်ဖြစ်ပြီး၊ ဖြောင်မတ်သောသူ၏ရှင်ပြန်ထမြောက်သောနေ့မှာ၊ ဤဘဝတွင် ယေရှုကြောင့် စွန့်လွှတ်လိုက်သော ကောင်းမှုမှန်သမျှသည် အဆတရာသောအကျိုးကို ခံရလိမ့်မည် (မာ၊ ၁ဝး၂၈-၃ဝ)။ ခမည်းတော်၏နိုင်ငံတော်၌ နေကဲ့သို့ ထွန်းလင်းစေမည်ဖြစ်ပြီး၊ လူများသည် မိတ်ဆွေကို အလေးထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ၊ ဘုရားသခင် လုပ်ခိုင်းသော ကောင်းမှုများကို ဆက်လက်လုပ်ဆောင်စေရန် မိတ်ဆွေအဖို့ မကုန်ခမ်းနိုင်သောခွန်အားကို သိုလှောင်ထားပေးလိမ့်မည်။

ပိုမိုသိလိုပါက၊ http://www.desiringgod.org/messages/the-spirit-will-give-life-to-your-mortal-bodies

နေ့ 6

ဤအစီအစဉ်အကြောင်း

Live By The Spirit: Devotions With John Piper

ဆရာဂျွန်ပိုက်ပါမှ သန့်ရှင်းသောဝိညာဉ်တော်အကြောင်း (၇) ရက်တာ လေ့လာဖတ်ရှုခြင်း အစီအစဉ်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော John Piper နှင့် Desiring God ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.desiringgod.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။