လုံးဝဥဿုံပြောင်းလဲခဲ့ပြီနမူနာ
အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ အပြစ်၊ အကျင့်နှင့် တမလွန်ကို ပြောင်းလဲစေလိုသလို၊ ကျွန်တော်တို့၏ အနာကို ပျောက်စေ၍ ကျန်းမာခြင်းကိုလည်း ပေးစေခြင်းငှာ ဤလောကသို့ ကြွလာတော်မူခဲ့သည်။ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတို့ကို သာ၍ကျမ်းမာစေခြင်းငှာ စေတနာတော် ရှိတော်မူသည်။ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏တည်းဟူသော သမ္မာတရားသည် အလွန်မြင့်မြတ်လှသောတရား ဖြစ်ပါသည်တကား။ လူတော်တော်များများသည် လက်ဝါးကပ်တိုင်မှာ အရှင်ယေရှုဘုရား ပြုတော်မူသောကျေးဇူးတော်ကို မယုံမလက်ခံသောကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတို့ကို မကျန်းမာဘဲ နေကြသည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ယနေ့၏ ကျမ်းပိုဒ်တွင်၊ ထိုသူသည် ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏ဟု ဖော်ပြထားပါသည် (ဟေရှာ၊ ၅၃း၃)။ ၎င်းကျမ်းပိုဒ်ရှိ သမ္မာတရားသည် ကျွန်တော်တို့၏ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတို့နှင့် စပ်ဆိုင်ပါသည်။ ကိုယ်တော်သည် ကျွန်တော်တို့အသက်ရှိ အရာခပ်သိမ်းတို့ကို ပြောင်းလဲစေတော်မူသော ဘုရားရှင် ဖြစ်ပါသည်။ ဤဘဝ၌ မကြုံနိုင်ပါက နောင်ဘဝတွင် ဧကန်အမှန် ရရှိခံစားပါလိမ့်မည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ ယခုဘဝနှင့် နောင်ဘဝကို လုံးဝဥဿုံ ပြောင်းလဲစေခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်။ ဤအစီစဉ်တွင် ထိုပြောင်းလဲမှုများအကြောင်းကို ဖော်ပြလျက် သင်ပေးပါလိမ့်မည်။
More