ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ
ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:ဘုရားသခင်ကို ပိုသိအောင်လုပ်ပါ
သင်သည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံနေထိုင်ရန် ဖန်ဆင်းခံရပြီး ဘုရားကို ပိုသိကျွမ်းခြင်းမရှိဘဲ ပျော်ရွှင်နိုင်သည်ဟု သင်ထင်ပါက သင့်ကိုယ်သင် လှည့်စားခြင်းသာဖြစ်သည်။ နေ့တိုင်းဘုရားကို အနည်းငယ်သိရှိလာခြင်းအားဖြင့် ပျော်ရွှင်ခြင်းကို ရှာတွေ့နိုင်သည်။
ရှင်ပေါလုရှာဖွေတွေ့ရှိခဲ့တယ်။ ဖိလိပ္ပိ၃:၁၀မှာ"ကျွန်ုပ်၏စိတ်ပိုင်းဖြတ်ထားသော ရည်ရွယ်ချက်မှာ ကိုယ်တော်နှင့် ပို၍ လေးလေးနက်နက် ရင်းနှီးစွာ သိကျွမ်းလာစေရန်၊ ကိုယ်တော်၏ အံ့ဖွယ်အမှုများကို ပို၍ ခိုင်ခံ့ရှင်းလင်းစွာ သိမြင်နားလည်လာစေရန်၊"
တစုံတယောက်ကို သိတာနှင့် တစုံတယောက်အကြောင်းကိုသိတာ ကွာခြားချက်ရှိပါတယ်။ ဂျပ်စတင်ဘီဘာနဲ့ ကင်ကဒန်းရှီးယားတို့အကြောင်းကို ကျွန်တော်သိချင်တာထက် ပိုပြီးသိပေမယ့် သူတို့ကို ကျွန်တော်တကယ် မသိပါဘူး။ ကျွန်တော် ဇနီးနဲ့ ကလေးတွေကို ကျွန်တော်သိတာ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့ အတူတူအချိန်ယူလို့ဖြစ်တယ်။ သူတို့နဲ့ ဆက်ဆံရေးတစ်ခုရှိလို့ဖြစ်တယ်။
ပေါလုသည် ဘုရားသခင်နှင့်"နက်ရှိုင်း၊ ရင်းနှီးစွာ သိကျွမ်းဝင်ခဲ့ခြင်းက ဘုရားနဲ့အတူ အချိန်ယူပြီး ဆက်ဆံရေးတစ်ခု ရှိခဲ့ခြင်းကြောင့်ဖြစ်တယ်။
မတော်တဆကြောင့် ဘုရားသခင်ကို သင်သိလာရခြင်း မဟုတ်ပါ။ တိကျတယ့် ရည်ရွယ်ချက်ဘဲဖြစ်တယ်။ အဲ့အရာကတော့ သင်တခုခုလုပ်မှရမယ့် အရာဖြစ်တယ်။ သင့်အချိန်ကို ရင်းနှီးမြှုပ်နှံရမယ့်အရာဖြစ်တယ်။
ဒါပေမယ့် ကျွန်တော်တို့က အလုပ်ရှုပ်ကြတယ်။ အလုပ်ရှုပ်နေခြင်းက ဆက်ဆံရေးတွေကို ပျက်စီးစေတယ်။ သင့်မိသားစုနဲ့ ဆက်ဆံရေးကို ပျက်စီးစေပြီး ဘုရားနဲ့ဆက်ဆံရေးကိုပါ ပျက်စီးစေတာဖြစ်တယ်။
ယေရှုကို သိကျွမ်းလာဖို့ သူနဲ့အတူတူ သင်အချိန်ယူမှဖြစ်မယ်။ သင် ယေရှုကို အချိန်ယူလိုပါက သူ့အတွက် သင်အချိန်ပေးမှဖြစ်မယ်။ မနက်ခင်းမှာ ဘုရားကို အာရုံပြုဖို့ ၁၀မိနစ်၊ ၁၅မိနစ်ခန့် အချိန်သတ်မှတ်ထားပြီး သင့်စိတ်နဲ့ သင်ကိုယ်တိုင် အလုပ်မရှုပ်စေဖို့ သေချာစီစစ်ပါ။ စိတ်ငြိမ်စွာထားပြီး ထိုအရာက လောကမှာ ခြားနားမှုကို ဖြစ်စေမယ်။
Listen to audio teaching |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဉ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာRickနှင့်အတူ ဤ အစီအစဉ်မှာ ပါဝင်ပါ။
More