အစပြုရန် ၆၀နမူနာ
"အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသော၊ နိုင်ငံတော်တည်ထောင်ပါစေ။"
ကိုယ်တော့်ရဲ့နိုင်ငံတော်တည်ထောင်ဖို့ရန်ကျွန်ုပ်ကြွေးကြော်ပါသည် -
ကျွန်ုပ်၏ဘဝ - ကိုယ်တော်အလိုရှိတဲ့နေရာကိုယနေ့သိမြင်စေပါ။
ကျွန်ုပ်၏မိသားစု - (မိသားစုဝင်များအတွက်ဆုတောင်းပါ)။
အသင်းတော်ခေါင်းဆောင်များ - (နာမည်ခေါ်ပြီးဆုတောင်းပါ)။ ကိုယ်တော့်ရဲ့အလိုတော်အထဲ၌ခိုင်ခံ့သောသူများဖြစ်ဖို့ရန်အတွက်ဆုတောင်းပါတယ်။ သူတို့ရဲ့ကျန်းမာရေး၊ ငွေရေးကြေးရေး၊ အိမ်ထောင်ရေး၊ သားသမီးများနဲ့ ခရီးသွားလာခြင်းများအပေါ်ဘုရားရှင်ကွယ်ကာဖို့ဆုတောင်းပါတယ်။ သူတို့နှင့်သက်ဆိုင်သည့် မဟုတ်မမှန်ပြောဆိုမှုများ၊ အတင်းအဖျင်းများ ပြောဆိုခြင်းများမရှိဘဲ ကာကွယ်စောင့်မခြင်း၊ ကိုယ်တော်နဲ့ပိုမိုကျွမ်းဝင်ခြင်း နှင့် ကောင်းကြီးများသာ ရှိစေပါ။
သခင်ယေရှုကိုသိမြင်လာမည်ဟုကျွန်ုပ်ယုံကြည်နေသောသူများ (နာမည်ခေါ်၍ဆုတောင်းပါ)။
နိုင်ငံတော်၏သမ္မတ နှင့်သူ၏မိသားစု နှင့် အခြားသောခေါင်းဆောင်များအတွက်ဆုတောင်းပါသည်။ သူတို့ကို မုသာများနှင့်လှည့်ဖြားခြင်းများမှကွယ်ကာတော်မှုပြီးကိုယ်တော်နှင့်နေ့တိုင်းမှာပိုမိုနီးကပ်စေပါ။
ယနေ့ အောက်ပါအချက်များအတွက်တောင်းလျှောက်ပါ၏။ (တိကျသောလိုအပ်မှုများကိုစာရင်းပြုစုပါ)။

ဤအစီအစဉ်အကြောင်း
ရက်ပေါင်း၆၀အစီအစဉ်သည်သင်နှင့်သခင်ယေရှု၏မိသဟာရဖွဲ့မှုကိုအစပြုရန် (သို့) ပြန်လည်စတင်ရန်အတွက်ပြင်ဆင်ထားခြင်းဖြစ်ပါသည်။ သခင်ယေရှုနှင့်တွေ့ဆုံခြင်း၊ သခင်ယေရှု၏နောက်လိုက်များကသူ့ရဲ့သွန်သင်ချက်များအတိုင်းမည်ကဲ့သို့လိုက်လျှောက်ခဲ့သည့်အရာများကို သြဝါဒစာစောင်များ၌ဖတ်ရှုခြင်း နှင့် ဆုတောင်းခြင်းအားဖြင့် သူနှင့်ပိုမိုရင်းနှီးကျွမ်းဝင်လာခြင်း စသည့်အရာ၃မျိုးကိုနေ့စဉ်လုပ်ဆောင်သွားရမှာဖြစ်ပါသည်။
More
ဤအစီအစဉ်ကိုဖဖော်ပြပေးတဲ့ Trinity New Life Church ကို ကျွန်ုပ်တို့အထူးပဲကျေးဇူးတင်ပါတယ်။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။