ခရစ္စမတ်တစ်လျှောက် အံ့ဩဖွယ်ရာ ဆုပတ္ထနာနမူနာ
ဆုတောင်းပတ္ထနာပြုကြပါစို့
ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့ အဘ၊ ဤခရစ္စမတ်ကာလ၌ မိမိသားတော်၏ ကြွလာခြင်းအကြောင်းကို ပိုမိုနားလည်သဘောပေါက်နိုင်မည်အကြောင်း ကူညီမစတော်မူပါ။
အရှင်ယေရှုဘုရားသည် လောကီပျော်ရွှင်ခြင်းကို တိုးပွားစေခြင်းငှာ ကြွလာတော်မမူ။ လောကနီတိကိုလည်း သင်ကြားစေခြင်းငှာ ကြွလာတော်မမူ။
အပြစ်သားတို့ကို ကယ်တင်ခြင်းငှာ ကြွလာတော်မူခဲ့သည်။ ခရစ္စမတ်သည် လူသတ္တဝါအားလုံးနှင့် စပ်ဆိုင်ပါသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှလုံးတော်နှင့် သာ၍နီးစေလျက် ကနဦးခရစ္စမတ်ကို သာ၍အလေးထားပြီး၊ သာ၍ချစ်မြတ်နိုးနိုင်မည်အကြောင်း ကူညီမစတော်မူပါ။
ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။
ဤအစီအစဉ်အကြောင်း
ခရစ္စမတ်ဇာတ်တော်သည် အလွန်အံ့ဩဖွယ် ဇာတ်တော်တစ်ခု ဖြစ်ပါသည်။ သို့သော်၊ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့သည် အသေးစိတ်အချက်အလက်များကို ထပ်သလဲလဲ ကြားသောကြောင့် ခရစ္စမတ်ဇာတ်တော်၏ သက်ရောက်မှုကို အနည်းငယ် လျော့သွားနိုင်သလိုပဲ။ ဤအစီစဉ်သည် အတိတ်သမိုင်း၏ အရေးကြီးဆုံးအမှုတည်းဟူသော ဘုရားသခင်၏ လူဇာတိခံတော်မူခြင်းကို ပိုမိုအလေးထားစေရန် ကူညီပေးပါလိမ့်မည်။ ဤအစီစဉ်ရှိ ဆုတောင်းချက်တစ်ခုစီကို မင်နီဆိုတာပြည်နယ်၊ စိန့်ပေါလုမြို့ (Saint Paul) ရှိ စီတီအသင်းတော် (Cities Church) မှ သင်းအုပ်ဆရာ၊ desiringGod.org မှ အမှုဆောင်ခေါင်းဆောင်ကြီး ဆရာဒေးဗစ်မဿဲ (David Mathis) မှ ရေးသားထားပါသည်။
More