ရက်ပေါင်း (၉၀) တွင် ဓမ္မသစ်ကျမ်းနမူနာ

ရောမဩဝါဒစာ၏နိဒါန်း
ရှောလုဖြစ်ခဲ့သည် တမန်တော်ကြီး ရှင်ပေါလုသည် ရောမဩဝါဒစာကို ရေးသားခဲ့သည်။ ရှောလုသည် ခရစ်ယာန်ဘာသာကို အကြွင်းမဲ့ သုတ်သင်ရှင်းလင်းဖို့ရန် အဓိဋ္ဌာန်ပြုခဲ့သောဂျူးဘာသာဝင်သူနှင့် ဖာရိရှဲတစ်ဦး ဖြစ်ခဲ့သည်။ သူသည်၊ ဒမာသက်မြို့သို့ ခရီးသွားစဉ်တွင် အရှင်ယေရှုဘုရားသည် ရှောလုရှေ့တွင် ကိုယ်တော်တိုင် ထင်ရှားခဲ့သည်။ ၎င်းအမှုအရာအားဖြင့် ရှောလုသည် လုံးဝဥဿုံး ပြောင်းလဲသွားလျက်၊ ရှင်ပေါလုဟု ကျွန်တော်တို့ခေါ်သည့် လေးစားချစ်ခင်ဖွယ်ကောင်းသောတမန်တော် ဖြစ်လာခဲ့သည်။
ရှင်ပေါလုသည် မတွေ့မမြင်ဖူးသေးသောရောမသားများအတွက် ဤဩဝါဒစာကို ရေးသားပေးခဲ့သည်။ သူသည် ဤဩဝါဒစာတွင် ဧဝံဂေလိတရားနှင့် ကယ်တင်ခြင်းတရားအကြောင်းကို အလွန်ရှင်းလင်းစွာ ဖော်ပြထားခဲ့သည်။ သူသည် သတင်းကောင်းကို ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်ရမည်ဆိုသည်နှင့်၊ ထိုသတင်းကောင်းသည် ကျွန်တော်တို၏နေ့စဉ်အသက်တာတွင် ဘယ်လိုဖြစ်မည်ဆိုသည်ကို လုံးလုံးလျားလျား ရှင်းပြ ထားသည်။ ဓမ္မသစ်တွင် ရှင်ပေါလုရေးသားခဲ့သောအခြားကျမ်းစာ (၁၂) အုပ်လည်း ရှိသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

လာမည့် ရက်ပေါင်း (၉၀) အတွင်း ဓမ္မသစ်ကျမ်း၏အခန်းကြီး (၂၆၀) ကို ဖြတ်သန်းလိုက်ပါ။ ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန်တို့၏ ခရစ်ဝင်ကျမ်းများမှစ၍ နောက်ဆုံးကျမ်းတည်းဟူသော ဗျာဒိတ်ကျမ်းအထိ၊ ဖတ်ရှုလျက် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အားဖြင့် ပြောင်းလဲခံခဲ့ရသူများ၏ သွန်သင်ချက်များနှင့်အတူ ဘုရားသခင်သည် မိတ်ဆွေကို စကားပြောတော်မူလိမ့်မည်။
More
ဆက်စပ်နေသောအစီအစဉ်များ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

အသိနဲ့သတိရဲ့အလွန်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ရှင်ပေါလု၏စာစောင်များ

BibleProject | ရှင်ယောဟန်၏စာစောင်များ

ထာဝရပရဟိတ

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်
