ဘုရားသခင်ကို နားထောင်ခြင်းနမူနာ
သင့်ရဲ့ဝိညာဉ်ရေးရာအကြံပေးအဖွဲ့မှာ မည်သူပါဝင်နေပါသနည်း။
ဘုရားသခင်ဟာ သူ့ရဲ့အလိုတော်နဲ့ ဉာဏ်ပညာတော်ကို သင့်ထံသို့ အခြားသော ခရစ်တော်နောက်လိုက်များမှတဆင့် မကြာခဏဆက်သွယ်တတ်ပါတယ်။ အခြားသောခရစ်ယာန်များကို အသုံးပြုပြီး ကျွန်မရဲ့ စိတ်နှလုံးသားဆီသို့ ဘုရားသခင် သတင်းစကားပါးတဲ့ အကြိမ်များကို ရေတွက်ဖို့ ကျွန်မ စတောင်မစနိုင်ပါ။ ကျွန်မရဲ့ သင်းအုပ်ဆရာ၊ ပို့ကတ်စ်ထ်တခုခု၊ ကျွန်မရဲ့ မိတ်ဆွေအပေါင်းအသင်းများ၊ သားသမီးများ၊ ဘလောဂါတဦးဦး သို့မဟုတ် ကျွန်မရဲ့ LifeGroup မှ တစုံတယောက် အားဖြင့် ဘုရားသခင်ရဲ့ တီးတိုးပြောဆိုသံကို ကြားရပါတယ်။ အဆိုပါပုဂ္ဂိုလ်များမှ အချို့ကို ကျွန်မရဲ့ ဝိညာဉ်ရေးရာအကြံပေးအဖွဲ့အဖြစ် အမှန်တကယ်ရှုမြင်လေ့ရှိပါတယ်။ ၎င်းတို့မှာ ကျွန်မခင်ပွန်းသည်၊ ဆရာတဦး၊ ဆုတောင်းဖော်တယောက်၊ မိတ်ဆွေတဦးနဲ့ ကျွန်မရဲ့ မိဘများဘဲ ဖြစ်ပါတယ်။
သင်ရော... သင်လေးစားရတဲ့ အခြားသောယုံကြည်သူများကို ရှာဖွေပြီး နာထောင်လေ့ရှိပါသလား။ အခြားသောခရစ်ယာန်များ၊ အထူးသဖြင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်အပေါ် အခြေတည်ပြီး ကြီးထွားရင့်ကျက်နေသော ပုဂ္ဂိုလ်များနဲ့ စဉ်ဆက်မပြတ် ဆက်သွယ်နေထိုင်ခြင်းဟာ သင့်ရဲ့ ပုဂ္ဂိုလ်ရေးရာယုံကြည်မှုခရီးလမ်းအတွက် မရှိမဖြစ်အရေးပါလှပါတယ်။
သို့သော်လည်း ၎င်းတို့ကို နားထောင်သိရှိယုံလောက်နဲ့ မလုံလောက်ပါဘူး။ သင်ကြားနာခဲ့ရတဲ့ အကြံဉာဏ်၊ အသိပညာများကို မကြာမကြာ လက်တွေ့လိုက်နာ အသုံးချပါရဲ့လား။
ယင်းတို့ကို သိနားလည်ကာ ခရစ်ယာန်အသိုင်းအဝိုင်းမှာ ပါဝင်မြဲပါဝင်ပါ။ သင့်ရဲ့ ယုံကြည်မှုအသိုက်အမြုံရဲ့စကားကို နာခံပါ။ ၎င်းတို့ကို ကျွန်ုပ်တို့လိုအပ်ပါတယ်။ ကျွန်ုပ်တို့ကိုလည်း သူတို့လိုအပ်ပါတယ်။ ယနေ့ဖတ်ရှုကြမယ့် သုတ္တံကျမ်း ၁၈း၂ မှာ "ကိုယ်သိကိုယ်တတ်" ပြုမူခြင်းဟာ မှားယွင်းကြောင်း ရှင်းလင်းစွာ ဖော်ပြထားပါတယ်။
ကျွန်မတဦးတည်းအနေနဲ့တော့ မိုက်ရူးရဲမဆန်လိုပါ။ ကျွန်မအကူအညီလိုအပ်ပါတယ်။ ဉာဏ်ပညာလိုအပ်ပါတယ်။ ဘုရားသခင်ရဲ့ လမ်းညွှန်ပြသမှု၊ သွန်သင်မှု၊ ချစ်ခြင်းမေတ္တာတော်တွေကို ကြားနာခံယူနိုင်ဖို့ရန် စိတ်နှိမ့်ချပြီး သွန်သင်ဆုံးမလွယ်အောင် နေထိုင်ရန် ကျွန်မလိုအပ်ပါတယ်။ ဘုရားသခင်ဟာ သူရဲ့ အခြားသော သားသမီးများမှတဆင့် ကျွန်ုပ်တို့ကို မကြာခဏ စကားပြောတတ်တဲ့အတွက်ကြောင့် ကျွန်မရဲ့နှလုံးသားဟာ နှိမ့်ချပြီး ဆုံးမရလွယ်အောင် နေထိုင်ဖို့ ကျွန်မလိုအပ်ပါတယ်။
ဘုရားသခင်ထံ တောင်းလျှောက်ပါ။ ။ကျွန်ုပ်ရဲ့ဝိညာဉ်ရေးရာအကြံပေးအဖွဲ့မှာ အဘယ်သူများ ရှိနေရန် လိုအပ်ပါသနည်း။
ယနေ့အတွက် ဝတ်ပြုသီချင်း အကြံပြုချက်။ ။Will Reagan နှင့် United Pursuit သီဆိုထားတဲ့ “Set a Fire”
ဤအစီအစဉ်အကြောင်း
Amy Groeschel သည် ဤခုနှစ်ရက်တာ ကျမ်းစာလေ့လာခြင်းအစီအစဉ်ကို ရေးသားခဲ့သည်။ ဤသည်မှာ ခမည်းတော်၏နှလုံးသားမှ သင်တို့၏နှလုံးသားထဲသို့ တိုက်ရိုက်ရောက်စေရန် မျှော်လင့်ပါသည်။ သူမ၏ဆုတောင်းမှာ ဆူဆူပူပူဆန့်ကျင်တောင်းဆိုမှုကို ရှောင်ရှားပြီး ကိုယ်တော်၏အသံတော် အပေါ်မှာ အာရုံပြုနိုင်စေရန် ဤအစီအစဉ်က သင့်ကို သင်ကြားပေးမည့်အကြောင်းဖြစ်သည်။
More