ဘုရားသခင်၏ မဟာကတိတော်များနမူနာ

သန့်ရှင်းသူများသည် ငြိမ်ဝပ်စွာ နေရမည်။ ဤမြင့်မြတ်လှသော ကျမ်းပိုဒ်သည်၊ တောသားရဲ၊ မိုးကောင်းကင်ငှက်၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်များနှင့် မိတ်သဟာယဖွဲ့ခြင်းအကြောင်းကို ဖော်ပြပါသည် (ဟော၊ ၂း၁၈)။ ၎င်းသည် လောကရန်သူများ၊ ထူးဆန်းသောမကောင်းမသင့်မှုများနှင့် စိတ်နှောင့်ယှက်စေသောမှုများ ဖြစ်သည်။ ထိုအရာများသည် ကျွန်တော်တို့ကို မအိပ်စေခြင်းငှာ ဆီးတားသဘောရှိသော်လည်း အကယ်၍ မဆီးတားနိင်ပေ။ ဘုရားသခင်သည် မိမိလူမျိုးတော်ကို ခြိမ်းခြောက်သောအရာများကို ရှင်းရှင်းဖျက်ဆီးပါလိမ့်မည်။ လေး၊ ဓား၊ စစ်တိုက်လက်နက်တို့ကို မြေပေါ်က ပယ်ရှားသည်... (အပိုင်းငယ်၊ ၁၈)။ ရန်ကိုဖြစ်ပွားစေသည့် လက်နက်မှန်သမျှ ချိုးဖဲ့သောအခါ၊ ငြိမ်ဝပ်ချမ်းသာခြင်း များပြားပါလိမ့်မည်။
ဤငြိမ်ဝပ်ချမ်းသာခြင်းသည် အနာယူချမ်းသာကို ပြုစုစေမည်။ အိပ်ပျော်ရသောအခွင့်ကို ချစ်တော်မူသောသူအား အမှန်ပေးတော်မူ၏ (ဆာ၊ ၁၂၇း၂)။ ၎င်းအခွင့်သည် အပြည့်အဝ ဖြည့်ဆည်းစေလျက် သဘောဝအလွန်ပေးတော်မူသောကြောင့် ယုံကြည်သူများသည် အေးဆေးတည်ငြိမ်စွာ အိပ်ပျော်ကြရသည်။
ဤအိပ်ပျော်ခြင်းသည် အလွန်လုံခြုံစေမည်။ အိပ်ခြင်းနှင့် ငြိမ်ဝပ်စွာ အိပ်၍ပျော်ခြင်းသည် မတူညီပေ။ ခမည်းတော်၏ အိမ်တော်၊ မေတ္တာတော်၏ ခန်းမ၊ ခရစ်တော်၏ နှလုံးတော်ထံသို့ ဝင်ခွင့်ရှိသောကြောင့်၊ ကျွန်တော်တို့သည် ငြိမ်ဝပ်စွာ အိပ်၍ပျော်ပါမည်။ ယုံကြည်သူများအဖို့ ငြိမ်ဝပ်စွာ အိပ်၍ပျော်ခြင်းသည် စိုးရိမ်ပူပန်စွာ ထခြင်းထက် သာ၍လုံခြုံပါသည်။ စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏ (ဆာ၊ ၂၃း၂)။ ဥပဇ္ဈာယ်ဆရာသည် ကျွန်တော်တို့အား အိပ်ပျော်ခွင့် ပေးတော်မမူလျှင် ကျွန်တော်တို့သည် ဘယ်တော့မှ အိပ်ပျော်ရမည်မဟုတ်ပေ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) စာရေး၍ ဆရာ Tim Chester မွမ်းမံခဲ့သော ဝတ်ပြုသောအစီစဉ်များမှတစ်ဆင့် ဂန္ထဝင်စာအုပ်ကို ဘုရားသခင်၏ ကတိတော်များအဖြစ် ကိုးကားလျက်၊ ဤ (၇) ရက်တာ ဖတ်ရှုဝတ်ပြုအစီစဉ်ကို ဖန်တီးခဲ့သည်။ ဆရာကြီး စပါးဂျန်းသည် အလွန်ပြင်းထန်သော စိတ်ဓာတ်ကျခြင်းနှင့် ဆင်းရဲဒုက္ခများကို ခံစားနေရသောအချိန်များတွင် မိမိစိတ်နှလုံးကို ခိုင်မြဲစေသည့် ဘုရားသခင်၏ ကတိတော်များကို ဖော်ပြထားပါသည်။
More