ဆုတောင်းပါနမူနာ
ဤအစီစဉ်တွင်၊ သမ္မာကျမ်းစာရှိ မြင့်မြတ်သောပုဂ္ဂိုလ်များ၏ ပတ္ထနာစကားကို နားထောင်ခဲ့ပြီ။ သို့သော်၊ အလွန်အံ့ဩဖွယ်ကောင်းသော သမ္မာတရားကား သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ကျွန်တော်တို့အတွက် ဆုတောင်းပေးတော်မူသည်။ ဝိညာဉ်တော်ဘုရား၏ ဆုတောင်းခြင်းသည် မည်သို့ပြုသည်ကို ကျွန်တော်တို့ အတိအကျ မသိနိုင်သော်လည်း အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော ဆုတောင်းခြင်းတစ်မျိုး ဖြစ်သည်။ ငြိမ်ဝပ်စွာ နေလျက် ထိုအံ့ဩဖွယ်ကတိတော်အကြောင်းကို ဆင်ခြင်စဉ်းစားပါ။ မိတ်ဆွေသည် သန့်ရှင်သောဝိညာဉ်တော်၏ အကြံအစည်များနှင့် ဆုတောင်းခြင်းများကို သမ္မာသတိရှိရှိ သိကျွမ်းနိုင်မည့်အကြောင်း ဘုရားသခင်ထံ ဆုတောင်းပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိမိ၏ ဆုတောင်းခြင်းအသက်တာ တည်ဆောက်စေဖို့ အလွန်ကောင်းသောနည်းလမ်းမှာ သူတစ်ပါး၏ ပတ္ထနာစကားကို လေ့လာလျက် သင်ယူခြင်း ဖြစ်သည်။ ဤအစီအစဉ်သည် မတူညီသောအခြေအနေများတွင်နှင့် မတူညီသောရည်ရွယ်ချက်များအဖို့ သမ္မာကျမ်းစာရှိ သူရဲကောင်းမြတ်များ၏ ပတ္တနာစကားကို နားဆင်အခွင့်ပေးသလို၊ ဆရာ Craig Groeschel ၏ ဆုတောင်းပတ္ထနာပြုကြပါစို့ တရားဟောစီးရီးကို ကိုးကားပါသည်။ (ဤတရားဟောစီးရီးသည် life.church မှာ ကြည့်ရှုနားဆင်နိုင်ပါသည်)။ တစ်ယောက်တည်းသာ ဆုတောင်းလေ့ရှိသူ မဖြစ်ပါစေနှင့်။ ဤအစီစဉ်ကို မိမိဓမ္မမိတ်ဆွေများနှင့်အတူ လေ့လာပါ။
More