YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပြန်ထမြောက်ရာနေ့မှဖြစ်စဉ်နမူနာ

The Story of Easter

7 ၏ နေ့ 5

သောကြာနေ့

ရှင်ပေါလုက ဖိလိပ္ပိဩဝါဒစာ အခန်းကြီး ၃ တွင် “ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​တန်ခိုး​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ဒုက္ခ​ဝေဒနာ​ကို​မျှဝေ​ခံယူ​ခြင်း​ကို​လည်းကောင်း သိရှိ​၍ ကိုယ်တော်​၏​အသေခံ​ခြင်း​၌ တစ်​သဏ္ဌာန်​တည်း​ဖြစ်​ခြင်း​အခွင့်​ကို​ရရှိ​ရန်“ သူအလိုရှိသည် ဟုရေးထားသည်။ ကိုယ်တော်၌ဖြစ်ခဲ့သော ကြောက်မက်ဖွယ်ဖြစ်ရပ်ကို တွေ့ကြုံခံစားလိုသော်လည်း ထိုသို့ခံစားရန်မဖြစ်နိုင်သကဲ့သို့ထင်ရလျက်ပင် ဤဖြစ်စဉ်တွင် တွေ့ရသည့်အံ့ဩဖွယ်ကောင်းသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို အမှန်တကယ် သိရသောအခွင့်ရှိသည်ဟုသည့်အချက်ဖြစ်သည်။ ထိုအကြမ်းဖက်မှုအားလုံးတို့ကြားမှ ထွန်းလင်းနေသည့် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ တည်ငြိမ်အေးချမ်းခြင်းနှင့် ကျေးဇူးပြုခြင်းတို့ကိုကြည့်သောအခါ သင်သည် ကိုယ်တော်၏အသေခံခြင်း၌ တစ်သဏ္ဌာန်တည်းဖြစ်ခြင်း၏လုပမှုကိုမြင်နိုင်ပါသည်။ ကိုယ်တော်၏အသက်တာသည် ဘုရားသခင်ကို လုံးလုံးယုံကြည်ကိုးစားထားသည့် ရိုးရှင်းသောအသက်တာဖြစ်သည်။ ကိုယ်တော်မှာ မိမိတပည့်တော်အား အပ်နှံခဲ့သည့် မိမိမယ်တော်မှတစ်ပါး ဤလောကတွင် အခြားဝန်တာထားစရာတစ်စုံတစ်ခုမျှမရှိခဲ့ပါ။ ကိုယ်တော်ပိုင်ဆိုင်သည့် တစ်ခုတည်းသောအရာမှာ ခန္ဒာတော်မှကျွတ်ကျ၍ အစောင့်တပ်သားတို့က မဲချခွဲဝေယူကြသော အဝတ်တော်သာဖြစ်သည်။ ထိုသို့သောရိုးရှင်းမှု၊ ကြည်လင်ပြတ်သားသောအာရုံစိုက်မှု၊ ဘုရားသခင်၏ရည်ရွယ်ချက်အပေါ် မိမိကိုယ်ကိုယ်မြုပ်နှံထားမှုနှင့် မိမိခမည်းတော်ကို လုံးလုံးယုံကြည်ကိုးစားမှုတို့သည် ကျွန်ုပ်တို့အတွက်စံထားမျှော်လင့်စရာဖြစ်သည်။
နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

The Story of Easter

သင့်အသက်တာသည် တစ်ပတ်သာကျန်နေသည် ဟုသင်သိလျှင် ထိုနောက်ဆုံးအပတ်ကို သင်မည်သို့အသက်ရှင်နေထိုင်ဦးမည်နည်း။ သခင်ယေရှုက လူသားအဖြစ်ကိုခံယူလျက် ဤလောကတွင်အသက်ရှင်ခဲ့သည့်နောက်ဆုံးအပတ်သည် ပရောဖက်ပြုဟောထားချက်ကိုပြည့်စုံစေခြင်း၊ အတွင်းကျကျဆုတောင်းခြင်း၊ လေးလေးနက်နက်ဆွေးနွေးခြင်း၊ အထိမ်းအမှတ်ဖြစ်သောအမှုများပြုခြင်း၊ ကမ္ဘာကိုပြောင်းလဲစေသည့်အရာများလုပ်ဆောင်ခြင်းစသည့် အောက်မေ့ဖွယ်ကောင်းသောအပြုအမူများနှင့်ပြည့်ခဲ့ပါသည်။ ဤဖတ်ရှုခြင်းအစီအစဉ်ကို ရှင်ပြန်ထမြောက်ရာနေ့မတိုင်မီ တနင်္ဂလာနေ့မှစတင်ဖတ်ရှုနိုင်ရန် ပြင်ဆင်ထားပြီး ထိုသန့်ရှင်းသောအပတ်တွင်ဖြစ်ပျက်သည့်အရာများကို ခရစ်ဝင်ကျမ်း ၄ ကျမ်းထဲမှကောက်နုတ်ထားလျက် ထိုကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးသည်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကိုကျေးဇူးတင်လိုပါသည်။ LifeChurch.tvအကြောင်းကိုပိုမိုသိရှိလိုပါက www.timeofgrace.org www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။