မုသားစကားနမူနာ
ဒါဟာ အဖြူရောင်မုသားပါပဲ။ ဟုတ်ရဲ့လား။ အဖြူရောင်မုသား တကယ်ရှိပါသလား။ အချို့လိမ်ညာမှုသည် အခြားလိမ်ညာမှုထက် ကြီးမားသည့်ဆိုးကျိုးကို ဖြစ်စေပေမဲ့ လိမ်လည်မှုက လိမ်လည်မှုပါပဲ။ တစ်ဝက်မှန်ကရော။ ဘယ်လိုပဲဖြစ်ပါစေ၊ တစ်ဝက်တစ်ပျက်အမှန်တရားဟာလည်း လိမ်ညာမှုပဲ မဟုတ်ပါလား။ နောက်ဆုံးမှာ၊ ဘယ်တစ်ဝက်ကို ကိုယ်ရမယ်ဆိုတာ မသိနိုင်ပါဘူး။ မုသားစကားက ဘယ်သူ့ကိုမှ မထိခိုက်စေဘူး (သို့) သူတစ်ပါးကို ကူညီပေးနေသရွေ့တော့ အဆင်ပြေတယ်လို့ တချို့က ယူဆကြတယ်။ ဒါဟာ လိမ်ညာမှုရဲ့ ထောင်ချောက်တစ်ခုပါပဲ။ လူတွေဟာ လက်ရှိအကျိုးအကြောင်းကို တွေးလျက် ကိုယ့်ကိုယ်ကို လှည့်စားပြီး အဲဒီလိမ်လည်မှုဟာ အနာဂတ်မှာ ပိုမိုကြီးမာလာတဲ့ ပြဿနာအဖြစ် ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကို မစဉ်းစားတတ်ကြပါဘူး။ ထာဝရဘုရားက မုသားသုံးတဲ့နှုတ်ခမ်းတို့ကို ဘာကြောင့် စက်ဆုပ်ရွံရှာသလဲဆိုတာကို ကြည့်ကြပါစို့။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အဖြူရောင်မုသားတွေက တကယ်ရေးကြီးပါလား။ မတူညီတဲ့လိမ်ညာမှုဒီဂရီ ရှိသလား။ လက်ခံဖွယ်ရာ လိမ်ညာမှုဆိုတာ ရှိသလား။ တကယ်တော့၊ ဘုရားသခင်က သစ္စာတရားကိုသာ လက်ခံပါတယ်။ ဒီ (၇) ရက်ကြာအစီအစဉ်မှာ မိတ်ဆွေရဲ့အတွေးထဲကို နှုတ်ကပတ်တော်မှာရှိတဲ့ သမ္မာတရားကို ယူဆောင်ပေးပါလိမ့်မယ်။ ဘုရားသခင်ရှေ့တော်မှာ တိတ်ဆိတ်စွာနေပြီး မိမိစိတ်နှလုံးကို အသစ်ပြင်ဆင်လျက် ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြပါ။ ပိုမိုလေ့လာလိုပါက၊ finds.life.church ကိုဝင်ကြည့်ပါ။
More
This plan was created by Life.Church.