YouVersion လိုဂို
ရှာရန် အိုင်ကွန်

Craig နှင့် Amy Groeschel တို့၏ ယနေ့မှစ၍ အနာဂတ်သို့နမူနာ

Craig & Amy Groeschel’s From This Day Forward

7 ၏ နေ့ 7

သင်တို့နှစ်ဦးစလုံးအသက်ရှင်သမျှကာလပတ်လုံး

ဘုရားသခင်ကိုရှာပါ။ မျှတစွာငြင်းခုံပါ။ ပျော်ရွှင်းမှုကိုခံစားပါ။ ဖြူစင်စွာနေပါ။ မည်သည့်အခါမျှအရှုံးမပေးနှင့်။ ဤကတိကဝတ် ၅ ချက်သည် ကြာရှည်ခံနိုင်သည့်အိမ်ထောင်အတွက်သော့ချက်ဖြစ်သည်။ သို့သော် ဤအရာများကိုပြုနိုင်ရန် ဘုရားသခင်၏မစမှုလိုအပ်ပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင်ခွန်အားနှင့်မပြုနိုင်ပါ။

လွန်ခဲ့ပြီးသောအရာကို လွန်ခဲ့သည့်အချိန်၌ထားခဲ့ပါ။ နေ့တိုင်းကို အသစ်သောနေ့ဖြစ်စေပါ။ ယနေ့မှစ၍အနာဂတ်အတွက် မိမိတို့ဖြစ်စေလိုသည့်အိမ်ထောင်ကို မိမိတို့ဆုံးဖြတ်နိုင်ပါသည်။ လွန်ခဲ့ပြီးသောအရာကို ကျွန်ုပ်တို့မပြုပြင်နိုင်ပါ။ သို့သော်ဘုရားသခင်သည် အနာဂတ်ကို ပြောင်းလဲစေနိုင်ပါသည်။ အိမ်ထောင်ပြုခြင်းကိုရိုးသားစွာထားပြီး ဂရုစိုက်ပါ။ ခရစ်တော်ကို အဓိကထားပါ။ ထိုအခါ သူတစ်ပါးကအိပ်မက်နှင့်သာမြင်မက်ခဲ့သောအိမ်ထောင်ကို သင်ရရှိလိမ့်မည်

အတူတကွဆုတောင်းကြပါစို့။ အိုဘုရားသခင်၊ ဤကျမ်းစာအစီအစဉ်၏နောက်ဆုံးအချိန်ကို ကျွန်ုပ်၏အိမ်ထောင်ရေးတွင်အသစ်ဖြစ်စေရန် အလိုတော်ရှိသည့်အရာ၏အစဖြစ်စေတော်မူပါ။ ကျွန်ုပ်၏အသက်တာတွင် ကိုယ်တော်၏ဘုန်းတော်၊ ဂုဏ်တော်ကိုထင်ရှားစေနိုင်ရန်—ကျွန်ုပ်၏အိမ်ထောင်ရေးအပါအဝင်—ကျွန်ုပ်အသက်တာ၏ကဏ္ဍအသီးသီးတို့ကို ကိုယ်တော်အုပ်စိုးတော်မူပါ။ ကိုယ်တော်၏မေတ္တာတော်၊ ကျေးဇူးတော်၊ ရွေးနုတ်တော်မူခြင်းနှင့်ကယ်တင်ခြင်းတို့ကို လောကီသားတို့အားပြသနိုင်သည့်အိမ်ထောင်မျိုးကိုလိုချင်ပါ၏။ ကိုယ်တော်ကိုရှာရင်း ကျွန်ုပ်တို့၏အိမ်ထောင်တွင်အတူပါရှိလျက် ကျွန်ုပ်တို့နှစ်ဦးစလုံးတို့အားမျက်နှာသာပေးတော်မူပါ။ ကျွန်ုပ်တို့၏ဆက်ဆံမှုတွင် ကိုယ်တော်ပြုတော်မူခဲ့သည့်အရာအားလုံးအတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့၌သော်လည်းကောင်း၊ ကျွန်ုပ်တို့မှတစ်ဆင့်သော်လည်းကောင်း ကိုယ်တော်ဆက်လက်ပြုတော်မူမည့်အရာများကိုယုံကြည်လျက် ကျေးဇူးတော်ချီးမွမ်ပါ၏။ ယေရှု၏နာမတော်၌ဆုတောင်းပါ၏။ အာမင်။
နေ့ 6

ဤအစီအစဉ်အကြောင်း

Craig & Amy Groeschel’s From This Day Forward

သင်သည် အလွန်ကောင်းသောအိမ်ထောင်ရေးအသက်တာကိုရရှိနိုင်ပါသည်။ ယနေ့ သင်ရွေးချယ်သောအရာသည် သင်၏နက်ဖြန်နေ့အိမ်ထောင်ရေးအသက်တာကိုချမှတ်ပေးသည်။ သင်းအုပ်ဆရာဖြစ်ပြီး New York Times တွင် ရောင်းအားအကောင်းဆုံးစာအုပ်၏စာရေးဆရာဖြစ်သူ Craig Groeschel နှင့်သူ၏ဇနီးသည်တို့က သင်၏အိမ်ထောင်ရေးကို ဆုံးရှုံးမှုကင်းသောအိမ်ထောင်ရေးဖြစ်စေရန် ကတိကဝတ် ၅ချက်ကို ပြသထားပါသည်။ ၎င်းတို့မှာ ဘုရားသခင်ကိုရှာပါ၊ မျှတစွာငြင်းခုံပါ၊ ပျော်ရွှင်မှုကိုခံစားပါ၊ ဖြူစင်မှုကိုထိန်းသိမ်းပါ၊ မည်သည့်အခါမျှအရှုံးမပေးနှင့် ဟူ၍ဖြစ်ကြသည်။ အမြဲတမ်းသင်တောင့်တခဲ့သည့်အိမ်ထောင်ရေးကို ယခုပင်ရယူပါ - ယနေ့မှစ၍ အနာဂတ်သို့

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော Zondervan, HarperCollins နှင့် LifeChurch.tv တို့ကို ကျေးဇူးတင်လိုပါသည် ပိုမိုသိရှိလိုပါက http://www.zondervan.com/from-this-day-forward သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။