YouVersion လိုဂို
ရှာရန် အိုင်ကွန်

သဘောထားနမူနာ

Attitude

7 ၏ နေ့ 1

မှန်ကန်သောသဘောထားမှာ အခရာဖြစ်သည်ဟု ဆိုကြသည်။ သင့်မှာဖြစ်လာမည့်အရာကို သင်အမြဲထိန်းချုပ်၍မရပါ။ သို့သော် ဖြစ်လာမည့်အရာအပေါ် သင်မည်သို့တုံ့ပြန်မည်ကို သင်အမြဲထိန်းချုပ်နိုင်ပါသည်။ သင့်သဘောထားကသာ ရာနှုန်းပြည့် သင်ထိန်းချုပ်နိုင်သည့်အရာဖြစ်သည်။ သင်၏သဘာထားကို ဖော်ပြရန်အတွက် အများသုံးနေကျ စကားလုံးဖြစ်သော သဘောထားအစား သမ္မာကျမ်းစာတွင် စိတ်သဘောဟူသော စကားလုံးကို သုံးထားသည်။ မည်သို့ပင်ဖြစ်စေ သင်သည် တွေးသည့်အတိုင်း လုပ်ဆောင်တတ်ပြီး ထိုလုပ်ဆောင်ချက်သည် နောက်ဆုံးမှာ သင့်အကျင့်များဖြစ်လာသည်။ သင့်အကျင့်များက သင့်စရိုက်ကို ဖန်တီးပြီး သင့်စရိုက်က သင့်အနာဂတ်ကို ဖန်တီးသည်။ သင့်သဘောထား၊ သင့်စိတ်သဘောက ဤအရာအားလုံးကို စတင်လိုက်ခြင်းဖြစ်သည်။ သင့်သဘောထားနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မယ်သို့ဖော်ပြထားသနည်း။
နေ့ 2

ဤအစီအစဉ်အကြောင်း

Attitude

အခြေအနေတိုင်းတွင် မှန်ကန်သောသဘောထားရှိခြင်းသည် အမှန်တကယ်ပင် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ဤခုနစ်ရက်အစီအစဉ်သည် ကျမ်းစာရှုထောင့်ကိုဖော်ပြပေး၍ နေ့စဉ်ဖတ်စရာကျမ်းချက်တို့ကို ပြင်ဆင်ပေးပါသည်။ စာပိုဒ်ကို ဖတ်ရှုပါ။ အချိန်ယူ၍ ကိုယ့်ကိုယ်ကိုယ် မှန်ကန်စွာကြည့်ရှုပါ။ သင်၏အခြေအနေတွင် ဘုရားသခင်အား စကားပြောခွင့်ပေးပါ။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။