ဖိစီးမှု
စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း - နေ့စဥ်ဝမ်းမြောက်ခြင်းအလေ့ကို ရှိစေဖို့ ဘယ်လိုလုပ်မလဲ
ကျွန်တော်တို့ဟာ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဥ်ကျေးမှုကတော့ လောကီပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို ပယ်ရှာနိုင်တယ်လို့ ပြောပါတယ်။ သမ္မာကျမ်းစာကတော့၊ တခြားနည်းကို ဖော်ပြထားပါတယ်။ ဒီ (၆) ရက်တာ အစီအစဥ်ဟာ မိမိနေ့စဥ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာနည်းအတိုင်း လက်တွေ့ကျကျ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။
စိုးရိမ်ပူပန်ခြင်း
ကျွန်တော်တို့ရဲ့ အသက်တာဟာ ကျွန်တော်တို့ မသိတဲ့အရာ (မောဟ) တွေအပေါ် စိုးရိမ်ပူပန်ခြင်း၊ သောကမီးတွေနဲ့ အလွယ်တကူ ပြည့်နှက်လာတတ်ပါတယ်။ ဒါပေမဲ့၊ ဘုရားသခင်က ကျွန်တော်တို့ကို စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို မပေးဘဲ၊ ရဲရင့်ခြင်း စိတ်ကိုပဲ ပေးထားပါတယ်။ ဒီ (၇) ရက်တာ စာဖတ်အစီအစဉ်ကနေ သမိတ်ဆွေကို ဘယ်အခြေအနေမျိုးမှာမဆို ဘုရားဘက် ပြန်လှည့်လာနိုင်ဖို့ အကူအညီ ပေးပါလိမ့်မယ်။ စိုးရိမ်ပူပန်ခြင်းကို အဆုံးသတ်နိုင်မဲ့ အကောင်းဆုံးနည်းလမ်းက ဘုရားသခင်အပေါ် ယုံကြည်ခြင်းထားဖို့ရန်ပဲ ဖြစ်ပါတယ်။
လုပ်ကြကုန်အံ့
မိတ်ဆွေသည် မောပန်း၍ မိမိယုံကြည်ခြင်းအပေါ် သံသယရှိလျက် အရှုံးပေးချင်နေပြီ (သို့) ဘုရားသခင်၏ မျက်မှောက်တော်၌ ဘယ်လိုဝင်နိုင်မလဲဟု ပိုမိုသိလိုပါက၊ ဤမရှိမဖြစ် (၃) ရက်တာ အစီစဉ်ကို ဖတ်ရှုသင့်ပါသည်။ Life.Church အသင်းတော်၏ သင်းအုပ်ဆရာကြီး ခရိတ်ခရိုးရှယ် (Craig Groeschel) သည် (ဟေဗြဲ၊ ၄) ကို ကိုးကား၍ ချမ်းသာဝင်ခြင်း၊ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ရှာဖွေခြင်းအကြောင်းကို ဝေငှပါသည်။ နေ့စဉ် ဗီဒီယိုတိုများဖြင့် ဆရာခရိတ်ခရိုးရှယ်သည် မိတ်ဆွေကို ခွန်အားဖွယ်ရာ ကြကုန်အံ့ဟု ဖိတ်ကြားချက် (၃) မျိုးဖြင့် လမ်းညွှန်ပေးပါလိမ့်မည်။ အတူတကွစကြကုန်အံ့။
သာ၍ကောင်း၏
မိတ်ဆွေသည် မကျေမနပ်ဘဲ၊ စိတ်ရှုပ်လျက်၊ သံသရာလည်သလိုပဲဟု ခံစားနေပါသလား။ မိမိဘဝကို ပိုမိုကောင်းစေဖို့ မျှောလင့်နေပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်မြတ်သည် ပိုမိုကောင်းသောဘဝသို့ လမ်းညွှန်စေသည်။ ဤ (၂၈) အရက်တာအစီစဉ်တွင်၊ ကောင်းသောဘဝကနေ ဘုရားသခင်အလိုရှိတော်မူသော ပိုမိုကောင်းသောဘဝသို့ ရောက်နိုင်သောနည်းလမ်းများကို ရှာဖွေတွေ့ရှိလိမ့်မည်။
ရှင်သန်စေသည့်စကားများ
မိမိမနောစိတ်သည် မိမိကို နှောင့်ယှက်စေပြီး အနိဋ္ဌာရုံကို ဖြစ်စေလျက် မုသားကမ္ဘာတွင် ကျင်လည်စေတတ်သည်။ သို့ရာတွင်၊ မိမိမနောစိတ်အားဖြင့် ခွန်အားကို ရရှိခံစားစေတတ်သည်။ ထို့ကြောင့်၊ Life.Church အသင်းတော်၏ သင်းအုပ်ဆရာကြီး ခရိတ်ခရိုးရှယ် (Craig Groeschel) သည် သူနေ့စဉ်ဖတ်နေသည့် သမ္မာတရားကို ချရေးခဲ့သည်။ ဤစကားလုံးများသည် သူ့ဘဝကို မည်သို့ပြောင်းလဲစေကြောင်း လေ့လာရန်နှင့် မိမိအဖို့ ရှင်သန်စေသည့်စကားများကို ရှာဖွေရန် လွယ်ကူသောအဆင့်သုံးဆင့်ကို ရှာဖွေလေ့လာလိုက်ပါ။