စိတ်ရှည်ခြင်း
ဒေါသ
ကျွန်တော်တို့ထဲတွင် အကောင်းဆုံးသောသူပင် ဒေါသထွက်တတ်ပါသည်။ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းနှင့်ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့ခြင်းတို့တွင် အခြေခံသောအားဖြင့် ဒေါသကို တုံ့ပြန်နိုင်ပါသည်။ ဒေါသအစီစဉ်ကို ဖတ်တဲ့အခါမှာ ယုံကြည်အားကိုးမှု ဖတ်ရှုအစီအစဉ်ကိုလည်း ဖတ်ပါဟု တိုက်တွန်းအားပေးပါသည်။ ဖော်ပြပါကျမ်းပိုဒ်များကို အလွတ်ကျက်သောအခါ ဒေါသကို လျော်စွာတုံ့ပြန်ရန် မိတ်ဆွေကို ကူညီပေးနိုင်သည်။ ကျမ်းချက်ကို အလွတ်ကျက်ခြင်းအားဖြင့် မိမိအသက်တာကို ပြောင်းလဲစေပါ။ ကျမ်းချက်ကို အလွတ်ကျက်နိုင်သည့် ပြည့်စုံသောစနစ်ကို www.MemLok.com တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
သဘောထား
အခြေအနေတိုင်းတွင် မှန်ကန်သောသဘောထားရှိခြင်းသည် အမှန်တကယ်ပင် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ဤခုနစ်ရက်အစီအစဉ်သည် ကျမ်းစာရှုထောင့်ကိုဖော်ပြပေး၍ နေ့စဉ်ဖတ်စရာကျမ်းချက်တို့ကို ပြင်ဆင်ပေးပါသည်။ စာပိုဒ်ကို ဖတ်ရှုပါ။ အချိန်ယူ၍ ကိုယ့်ကိုယ်ကိုယ် မှန်ကန်စွာကြည့်ရှုပါ။ သင်၏အခြေအနေတွင် ဘုရားသခင်အား စကားပြောခွင့်ပေးပါ။
စိတ်ရှည်ခြင်း
ဤစာဖတ်ခြင်းအစီအစဥ်သည် မိတ်ဆွေဘဝတွင် စိတ်ရှည်သည်းခံခြင်း ဝိညာဉ်အသီးကို ပြုစုပျိုးထောင်ရာခရီးတွင် လှုံ့ဆော်ပေးနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အခြေအနေများသည် အမြဲမသာယာသော်လည်း၊ ဘုရားသခင်က ထိုအခက်််အခဲတို့ကို အသုံးပြု၍ ကျွန်ုပ်တို့၏ စရိုက်လက္ခဏာကို ပုံသွင်းမည်ဖြစ်ပါသည်။ ဘုရားသခင်အလိုတော်ရှိသောအရာမှာ ဤစမ်းသပ်မှုများကို ကျွန်ုပ်တို့အား စိတ်ရှည်သည်းခံခြင်းသဘောဖြင့် ချဉ်းကပ်ရန် ဖြစ်သည်။
ဓမ္မသစ်ကျမ်းကို တစ်ဆက်စပ်တည်း ဖတ်ပါ
ဤအစီအစဥ်သည် ဓမ္မသစ်ကျမ်းကို (၁) နှစ်အတွင်း တစ်ဆက်စပ်တည်း ဖတ်ရှုနိုင်စေမည် ဖြစ်ပါသည်။
ထာဝရဘုရားကို မျှော်လင့်ပါ
ယခုခေတ်ဟာ အရမ်းမြန်လှပြီး အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့၊ ကျွန်တော်တို့က သိပ်မကျေနပ်သလိုပဲ နေကြတယ်။ ဒီမကျေနပ်တဲ့စိတ်က ဘယ်ကလဲသလဲ။ အဲဒီစိတ်ကို ဘယ်လိုပယ်ရှားမလဲ။ လာမယ့် (၁၀) ရက်တာတွင် မကျေနပ်တဲ့စိတ် ပယ်ရှားနည်းကို အတူတူလေ့လာလိမ့်မယ်။