YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 11

11
ယေ​ရု​ရှ​လင်​မြို့​သို့​ဝင်​တော်​မူ​ခြင်း
(မ၊ ၂၁:၁-၁၁။ လု၊ ၁၉:၂၈-၄၀။ ယော၊ ၁၂:၁၂-၁၉)
1ယေ​ရု​ရှ​လင်​မြို့​နှင့် အ​နီး​သံ​လွင်​တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​နှ​င့် ဗေ​သ​နိ​ရွာ​သို့ ရောက်​ကြ​သေ​အ​ခါ တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်​တော်​မူ၍၊- 2သင်​တို့​ရှေ့၌ ရှိ​သော​ရွာ​သို့ သွား​ကြ။ ထို​ရွာ​သို့​ရောက်​လျှင် အ​ဘယ်​သူ​မျှ မ​စီး​ဖူး​သော မြည်း​က​လေး ချည်​နှောင်​လျက်​ရှိ​သည်​ကို သင်​တို့​သည် ချက်​ချင်း​တွေ့​လိမ့်​မည်။ မြည်း​ကြိုး​ကို ဖြည်၍ ဆောင်​ခဲ့​ကြ။- 3သူ​တစ်​ပါး​က၊ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု သင်​တို့​အား​ဆို​လျှင်၊ သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့။ ထို​သို့​ပြော​လျှင် ထိုသူ​သည် ချက်​ချင်း​ပေး​လိုက်​မည်​ဟု မှာ​ထား​တော်​မူ၏။- 4တ​ပည့်​တော်​တို့​သည် သွား၍ လမ်း၌​တံ​ခါး​ပြင်​မှာ ချည်​ထား​သော မြည်း​က​လေး​ကို တွေ့​ပြီး​လျှင် မြည်း​ကြိုး​ကို ဖြည်​ကြ၏။- 5ထို​အ​ရပ်၌ ရပ်​နေ​သောသူ​အ​ချို့​တို့​က၊ အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို​ဖြည်​သ​နည်း​ဟု ဆို​လျှင်၊- 6ယေ​ရှု​မှာ​ထား​တော်​မူ​သည်​အ​တိုင်း တ​ပည့်​တော်​တို့​သည် ပြန်​ပြော​ပြီး​မှ ထို​သူ​တို့​သည် အ​ခွင့်​ပေး​ကြ၏။- 7ယေ​ရှု​ထံ​တော်​သို့ မြည်း​က​လေး​ကို​ဆောင်​ခဲ့၍ မိ​မိ​တို့​အ​ဝတ်​ကို မြည်း​ကျော​ပေါ်​မှာ တင်​ကြ​ပြီး​လျှင် ကိုယ်​တော်​သည် စီး​တော်​မူ၏။- 8လူ​များ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို လမ်း၌ ခင်း​ကြ၏။ အ​ချို့​တို့​သည် သစ်​ကိုင်း​သစ်​ခက်​များ​ကို ခုတ်၍ လမ်း၌​ခင်း​ကြ၏။- 9ရှေ့​နောက် လိုက်​သွား​သော​သူ​တို့​က၊ ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။-#ဆာ၊ ၁၁၈:၂၅-၂၆။ 10ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ယ​ခု​တည်​လု​သော ငါ​တို့​အ​ဘ​ဒါ​ဝိဒ်၏ နိုင်​ငံ​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။- 11ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ဗိ​မာန်​တော်​သို့​လည်း​ကောင်း ဝင်၍ အ​ရာ​ရာ​တို့​ကို ကြည့်​ရှု​တော်​မူ​ပြီး​လျှင် မိုး​ချုပ်​သော​ကြောင့် တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​နှင့်​တ​ကွ ဗေ​သ​နိ​ရွာ​သို့ ထွက်​ကြွ​တော်​မူ၏။
သင်္ဘော​သ​ဖန်း​ပင်​ကို​ဒဏ်​ခတ်​ခြင်း
(မ၊ ၂၁:၁၈-၁၉)
12နက်​ဖြန်​နေ့၌ ဗေ​သ​နိ​ရွာ​မှ ပြန်​ကြ​စဉ်​တွင် ဆာ​မွတ်​တော်​မူ၏။- 13အ​ရွက်​နှင့်​ပြည့်​စုံ​သော သင်္ဘော​သ​ဖန်း​ပင်​ကို အ​ဝေး​က​မြင်​လျှင်၊ သင်္ဘော​သ​ဖန်း​သီး ဆွတ်​သော​အ​ချိန်​ကာ​လ မ​ရောက်​သေး​သော​ကြောင့်၊ ထို​အ​ပင်၌ အ​သီး​ကို တွေ့​ကောင်း​တွေ့​လိမ့်​မည်​ဟု ကြွ​သွား၍ ရောက်​သော​အ​ခါ၊ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊- 14ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၏​အ​သီး​ကို အ​ဘယ်​သူ​မျှ​မ​စား​စေ​နှင့်​ဟု မိန့်​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ကြား​ကြ၏။
ဗိ​မာန်​တော်​သို့​ကြွ​တော်​မူ​ခြင်း
(မ၊ ၂၁:၁၂-၁၇။ လု၊ ၁၉:၄၅-၄၈။ ယော၊ ၂:၁၃-၂၂)
15ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ကြသော​အ​ခါ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌ ရောင်း​ဝယ်​သော​သူ​တို့​ကို နှင်​ထုတ်၍ ပွဲ​စား​ခုံ​တို့​ကို​လည်း​ကောင်း၊ ချိုး​ငှက်​ရောင်း​သော​သူ​တို့၏ ထိုင်​ရာ​ကို​လည်း​ကောင်း တွန်း​လှဲ​တော်​မူ၍၊- 16ဗိ​မာန်​တော်​အထဲ၌ အ​ဆောက်​အ​ဦး​ကို အ​ဘယ်​သူ​မျှ မ​ဆောင်​မ​ရွက်​ရ​မည်​အ​ကြောင်း မြစ်​တား​တော်​မူ​လျက်၊- 17ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟု ကျမ်း​စာ၌​လာ​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း​ဖြစ်​စေ​ကြ​ပြီး​တ​ကား ဟူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-#ဟေ​ရှာ၊ ၅၆:၇။ ယေ၊ ၇:၁၁။ 18ကျမ်း​ပြု​ဆ​ရာ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ကြား​လျှင်၊ ကိုယ်​တော်​ကို သတ်​ရ​သော​အ​ခွင့်​ကို ရှာ​ကြံ​ကြ၏။ လူ​များ​အ​ပေါင်း​တို့​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​ခြင်း​ကို အံ့​ဩ​မိန်း​မော​သော​ကြောင့်၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ၏။- 19ည​အ​ချိန်​ရောက်​သော​အ​ခါ မြို့​ပြင်​သို့​ထွက်​တော်​မူ၏။
သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ
(မ၊ ၂၁:၂၀-၂၂)
20နံ​နက်​အ​ချိန်​တွင် လမ်း၌​သွား​ကြ​စဉ်၊ သင်္ဘော​သ​ဖန်း​ပင်​သည် အ​မြစ်​မှ​စ၍ သွေ့​ခြောက်​လျက်​ရှိ​သည်​ကို မြင်​ကြ၏။- 21ပေ​တ​ရု​သည် သ​တိ​ရ​လျှင်၊ အ​ရှင်​ဘု​ရား ကြည့်​တော်​မူ​ပါ။ ကျိန်​တော်​မူ​သော သင်္ဘော​သ​ဖန်း​ပင်​သည် သွေ့​ခြောက်​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။- 22ယေ​ရှု​က​လည်း၊ သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ခြင်း ရှိ​ကြ​လော့။- 23ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ မိ​မိ​ဆို​သည်​အ​တိုင်း ဖြစ်​မည်​ဟု ယုံ​ကြည်​လျက်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌ ကျ​လော့​ဟု​ဆို​လျှင်၊ ထို​သူ​ဆို​သည်​အ​တိုင်း၊ ဖြစ်​လိမ့်​မည်။-#မ၊ ၁၇:၂၀။ ၁​ကော၊ ၁၃:၂။ 24ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သင်​တို့​သည် ဆု​ကျေး​ဇူး​ကို​ရ​မည်​ဟု ယုံ​ကြည်​သော​စိတ်​နှင့် ဆု​တောင်း​သ​မျှ​တို့​ကို ရ​ကြ​လိမ့်​မည်။- 25သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သူ​တစ်​ပါး၌ အ​ပြစ်​တင်​ခွင့်​ရှိ​လျှင်၊ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-#မ၊ ၆:၁၄-၁၅။ 26သင်​တို့​သည် သူ့​အ​ပြစ်​ကို မ​လွှတ်​လျှင်၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မ​မူ​ဟု မိန့်​တော်​မူ၏။
အ​ခွ​င့်​အာ​ဏာ​ကို​မေး​မြန်း​ခြင်း
(မ၊ ၂၁:၂၃-၂၇။ လု၊ ၂၀:၁-၈)
27ယေ​ရု​ရှ​လင်​မြို့​သို့ တစ်​ဖန်​ရောက်​ကြ​ပြီး​မှ ဗိ​မာန်​တော်​တွင် စင်္ကြံ​သွား​တော်​မူ​စဉ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊- 28ကိုယ်​တော်​သည် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့်​ပြု​သ​နည်း။ ဤ​သို့​ပြုရ​သော​အ​ခွင့်​ကို အ​ဘယ်​သူ​ပေး​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- 29ယေ​ရှု​က၊ ငါ​သည် တစ်​စုံ​တစ်​ခု​ကို မေး​ဦး​မည်။ သင်​တို့ ဖြေ​ကြ​လော့။ ဖြေ​လျှင် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​ပြော​မည်။- 30ယော​ဟန်၏ ဗ​တ္တိ​ဇံ​တ​ရား​သည် ဘု​ရား​က​ဖြစ်​သ​လော။ လူ​က​ဖြစ်​သ​လော။ ဤ​အ​မေး​ကို ဖြေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။- 31ထို​သူ​တို့​သည် အ​ချင်း​ချင်း​ဆင်​ခြင်​ကြ၍၊ ဘု​ရား​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ သင်​တို့​သည်​ယော​ဟန်​ကို အ​ဘယ်​ကြောင့် မ​ယုံ​သ​နည်း​ဟု သူ​မေး​လေ​ဦး​မည်။- 32လူ​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ လူ​များ​ကို​ကြောက်​ရ၏။ ယော​ဟန်​သည် ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​သည် အ​ယူ​ရှိ​ကြ၏​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊- 33အ​ကျွန်ုပ်​တို့​မ​သိ​ပါ​ဟု ယေ​ရှု​အား ပြန်​ပြော​ကြ၏။ ယေ​ရှု​က​လည်း၊ ထို​အ​တူ ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​မ​ပြော​ဟု မိန့်​တော်​မူ၏။

လက္ရွိေရြးခ်ယ္ထားမွု

ရှင်မာကု 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ