YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 1

1
ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဟော​ပြော​ချက်
(မ၊ ၃:၁-၁၂။ လု၊ ၃:၁-၁၈။ ယော၊ ၁:၁၉-၂၈)
1ဘု​ရား​သ​ခင်​သား​တော်​ယေ​ရှု​ခ​ရစ်၏ ဧ​ဝံ​ဂေ​လိ​တ​ရား၏ အ​စ​ကို ဆို​ပေ​အံ့။- 2အ​နာ​ဂ​တ္တိ​ကျမ်း​စာ၌ လာ​သည်​ကား၊ ကြည့်​ရှု​လော့။ သင်​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို သင့်​ရှေ့၌ ငါ​စေ​လွှတ်၏။-#မာ​လ၊ ၃း၁။ 3တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။ လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့​ဟု လာ​သည်​နှင့် အ​ညီ၊-#ဟေ​ရှာ၊ ၄၀း၃။ 4ယော​ဟန်​သည် တော၌ ဗ​တ္တိ​ဇံ​ကို​ပေး​လျက်၊ အ​ပြစ်​လွှတ်​ခြင်း​အ​ဖို့​အ​လို​ငှာ နောင်​တ​နှင့် စပ်​ဆိုင်​သော ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​လျက် ပေါ်​ထွန်း၏။- 5ယေ​ရု​ရှ​လင်​မြို့​သား​များ​မှ​စ၍ ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် ယော​ဟန်​ထံ​သို့ ထွက်​သွား၍ မိ​မိ​တို့ အ​ပြစ်​များ​ကို​ဖော်​ပြ​လျက် ယော်​ဒန်​မြစ်၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။- 6ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့် ရက်​သော​အ​ဝတ်​ကို ဝတ်​လျက်၊ ခါး၌ သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော​ပျား​ရည်​ကို စား​လျက်​နေ၏။-#၄​ရာ၊ ၁း၈ 7ဟော​ချက်​စ​ကား​ဟူ​မူ​ကား၊ ငါ့​ထက် တတ်​စွမ်း​နိုင်​သော​သူ​သည် ငါ့​နောက်​ကြွ​လာ၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ငုံ့၍​ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။- 8ငါ​သည် သင်​တို့​အား ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ ထို​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်​ဟု ဟော​သ​တည်း။
ဗတ္တိ​ဇံ​ခံ​ခြင်း
(မ၊ ၃:၁၃-၁၇၊ လု၊ ၃:၂၁-၂၂)
9ထို​အ​ခါ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​နာ​ဇ​ရက်​မြို့​မှ ကြွ​လာ၍ ယော​ဟန်​လက်​ဖြင့် ယော်​ဒန်​မြစ်၌ ဗ​တ္တိ​ဇံ​ကို ခံ​တော်​မူ၏။- 10ရေ​မှ​ပေါ်​ထ​စဉ်​တွင် ကောင်း​ကင်​ကွဲ၍ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ကိုယ်​တော်​အ​ပေါ်၌ ဆင်း​သက်​တော်​မူ​သည်​ကို မြင်​ရ၍၊- 11သင်​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။#ဟေ​ရှာ၊ ၄၂း၁။ မ၊ ၁၂း၁၈၊ ၁၇း၅။ မာ၊ ၉း၇။ လု၊ ၉း၃၅။
စုံ​စမ်း​သွေး​ဆောင်​ခံ​ရ​ခြင်း
(မ၊ ၄:၁-၁၁၊ လု၊ ၄:၁-၁၃)
12ထို​ခ​ဏ​ချင်း​တွင် ဝိ​ညာဉ်​တော်​သည် ယေ​ရှု​ကို တော​သို့ သွား​စေ​တော်​မူ၏။- 13အ​ရက်​လေး​ဆယ်​ပတ်​လုံး ထို​တော၌​နေ၍ စာ​တန်၏ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​တော်​မူ၏။ သား​ရဲ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ကောင်း​ကင်​တ​မန်​တို့​သည်​လည်း လုပ်​ကျွေး​ကြ၏။
တံ​ငါ​သည်​လေး​ယောက်​ကို​ခေါ်​ခြင်း
(မ၊ ၄:၁၂-၂၂။ လု၊ ၄:၁၄-၁၅၊ ၅:၁-၁၁)
14ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​သည်​နောက်၊ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​လျှင်၊- 15အ​ချိန်​ပြည့်​စုံ​ပြီ၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ၊ နောင်​တ​ရ​ကြ​လော့။ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ယုံ​ကြည်​ကြ​လော့​ဟူ​သော ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။#ဒံ၊ ၂း၄၄။ မ၊ ၃း၂
16ဂါ​လိ​လဲ​အိုင်​နား​မှာ ကြွ​တော်​မူ​စဉ်၊ ရှိ​မုန်​နှင့် အ​န္ဒြေ ညီ​အစ်​ကို​နှစ်​ယောက်​သည် တံ​ငါ​ဖြစ်၍၊ အိုင်​တွင် ပိုက်​ကွန်​ဖြန့်​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊- 17ထို​သူ​တို့​အား ငါ့​နောက်​သို့ လိုက်​ကြ​လော့။ သင်​တို့​သည် လူ​ကို​မျှား​သော​တံ​ငါ​ဖြစ်​စေ​ခြင်း​ငှာ ငါ​ပြု​မည်​ဟု အ​မိန့်​တော်​ရှိ​သော်၊- 18ထို​သူ​တို့​သည် ချက်​ချင်း​ပိုက်​ကွန်​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။- 19ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန် ညီ​အစ်​ကို​နှစ်​ယောက်​တို့​သည် လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ချက်​ချင်း​ခေါ်​တော်​မူ၏။- 20ထို​သူ​တို့​သည်​လည်း လှေ​ပေါ်​မှာ​ရှိ​သော သူ​ငှား​တို့​နှင့်​တ​ကွ အ​ဘ​ဇေ​ဗေ​ဒဲ​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။
ညစ်​ညူး​သော​နတ်​စွဲ​သူ
(လု၊ ၄:၃၁-၃၇)
21က​ပေရ​နောင်​မြို့​သို့ သွား​ကြ​လျှင်၊ ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ချက်​ချင်း​တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။- 22ပ​ရိ​သတ်​တို့​သည်​လည်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​ခြင်း​ကို အ​လွန်​အံ့​ဩ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကျမ်း​ပြု​ဆ​ရာ​နည်း​တူ မ​ဟုတ်၊ အ​စိုး​ရ​သော​သူ​နည်း​တူ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။-#မ၊ ၇း၂၈-၂၉ 23ထို​သူ​တို့၏​တ​ရား​ဇ​ရပ်၌ ညစ်​ညူး​သော​နတ် စွဲ​သော​သူ​ရှိ၍၊- 24ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ဟစ်​ကြော်​လေ၏။- 25ယေ​ရှု​က​လည်း တိတ်​ဆိတ်​စွာ​နေ​လော့။ ထို​သူ၏​အ​ထဲ​က ထွက်​သွား​လော့​ဟု ဆုံး​မ​တော်​မူ​လျှင်၊- 26ညစ်​ညူး​သော​နတ်​သည် ထို​သူ​ကို တောင့်​မာ​စေ​ပြီး​မှ၊ ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ ထွက်​သွား၏။- 27လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍၊ ဤ​အ​မှု​သည် အ​ဘယ်​သို့​နည်း။ ဤ​ဆုံး​မ​ခြင်း​အ​သစ်​သည် အ​ဘယ်​သို့​နည်း။ ညစ်​ညူး​သော​နတ်​တို့​ကို​ပင် အာ​ဏာ​နှင့်​မှာ​ထား၍၊ သူ​တို့​သည် နား​ထောင်​ကြ​သည်​တ​ကား​ဟု အ​ချင်း​ချင်း မေး​မြန်း​ပြော​ဆို​ကြ၏။- 28သ​တင်း​တော်​သည်​လည်း ဂါ​လိ​လဲ​ပြည်​အ​ရပ်​ရပ်​တို့၌ ချက်​ချင်း နှံ့​ပြား​ကျော်​စော​လေ၏။
ရှိ​မုန်၏​ယော​က္ခ​မကို​ကု​သ​ခြင်း
(မ၊ ၈:၁၄-၁၇။ လု၊ ၄:၃၈-၄၁)
29တ​ရား​ဇ​ရပ်​မှ ထွက်​ကြ​လျှင်၊ ရှိ​မုန်၊ အ​န္ဒြေ​တို့​အိမ်​သို့ ယာ​ကုပ်၊ ယော​ဟန်​နှင့်​တ​ကွ ချက်​ချင်း​သွား​ကြ၏။- 30ရှိ​မုန်၏​ယော​က္ခ​မ​သည် ဖျား​နာ​စွဲ၍ တုံး​လုံး​နေ​သည်​အ​ကြောင်း​ကို အ​လျင်​အ​မြန် လျှောက်​ကြ၏။- 31ကိုယ်​တော်​သည်​လာ၍ ထို​မိန်း​မ၏​လက်​ကို ကိုင်​လျက် ချီ​ကြွ​တော်​မူ​သည် ခ​ဏ​ချင်း​တွင် သူ​သည် အ​ဖျား​ပျောက်၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။
32နေ​ဝင်၍ ည​အ​ချိန်​ရောက်​လျှင်၊ မ​ကျန်း​မ​မာ​သော​သူ​နှင့် နတ်​ဆိုး​စွဲ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊- 33တစ်​မြို့​လုံး​သည် တံ​ခါး​နား​မှာ စု​ဝေး​လျက်​ရှိ​ကြ၏။- 34အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​စွဲ​သော​သူ​များ​တို့​ကို သက်​သာ​စေ​တော်​မူ၏။ နတ်​ဆိုး​များ​တို့​ကို​လည်း နှင်​ထုတ်​တော်​မူ၏။ နတ်​ဆိုး​တို့​သည် ကိုယ်​တော်​ကို သိ​ကြ​သော​ကြောင့်၊ စ​ကား​တစ်​ခွန်း​ကို​မျှ ပြော​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။
ဂါ​လိ​လဲ​ပြည်​တွင်​ဟော​ပြော​ခြင်း
(လု၊ ၄:၄၂-၄၄)
35နံ​နက်​အ​ချိန်၊ မိုး​မ​လင်း​မီ ကိုယ်​တော်​သည် ထ​ပြီး​လျှင် တော​အ​ရပ်​သို့​ထွက်​ကြွ၍ ဆု​တောင်း​တော်​မူ၏။- 36ရှိ​မုန်​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​သည် လိုက်၍​ရှာ​ကြ​သော်၊- 37ကိုယ်​တော်​ကို​တွေ့​လျှင် လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ရှာ​ကြ​ပါ​သည်​ဟု လျှောက်​ဆို၏။- 38ကိုယ်​တော်​က​လည်း ငါ​သည် နီး​စပ်​သော​မြို့​ရွာ​တို့၌ တ​ရား​ဟော​ခြင်း​ငှာ သွား​ကြ​ကုန်​အံ့။ ထို​သို့​အ​လို့​ငှာ ငါ​ကြွ​လာ​ပြီ​ဟု မိန့်​တော်​မူ၍၊- 39ဂါ​လိ​လဲ​ပြည်​အ​ရပ်​ရပ် တ​ရား​ဇ​ရပ်​တို့၌ တ​ရား​ဟော​လျက် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​လျက် နေ​တော်​မူ၏။#မ၊ ၄း၂၃၊ ၉း၃၅။
နူ​နာ​စွဲ​သူ​ကို​ကု​သ​ခြင်း
(မ၊ ၈:၁-၄။ လု၊ ၅:၁၂-၁၆)
40နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ၍ ဒူး​ထောက်​လျက်၊ ကိုယ်​တော်​အ​လို​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။- 41ယေ​ရှု​သည် သ​နား​သော​စိတ်​ရှိ​သ​ဖြင့် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို​တို့​လျက်၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ၏။- 42ထို​သို့ မိန့်​တော်​မူ​သည် ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့ ရောက်​လေ၏။- 43ယေ​ရှု​က​လည်း၊ သင်​သ​တိ​ပြု။- 44အ​ဘယ်​သူ​အား စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သန့်​ရှင်း​ခြင်း​သို့ ရောက်​သည်​အ​တွက်၊ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မြစ်​တား၍ ချက်​ချင်း လွှတ်​လိုက်​တော်​မူ၏။-#ဝတ်၊ ၁၄း၁-၃၂။ 45ထို​သူ​သည် ထွက်​သွား၍ စ​ကား​များ​သော​အား​ဖြင့် ထို​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ကျော်​စော​စေ၏။ ထို​ကြောင့် ကိုယ်​တော်​သည် နောက်​တစ်​ဖန် မြို့​ထဲ​သို့ ထင်​ရှား​စွာ​မ​ဝင်​ရ​ဘဲ၊ မြို့​ပြင်​တော​အ​ရပ်၌​သာ နေ​တော်​မူ၍ အ​ရပ်​ရပ်​တို့​မှ အ​ထံ​တော်​သို့ ရောက်​လာ​ကြ၏။

လက္ရွိေရြးခ်ယ္ထားမွု

ရှင်မာကု 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ