YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 14

14
ရေ​ဖျဉ်း​နာ​စွဲ​သူ​ကို​ကု​သ​ခြင်း
1တစ်​နေ့​သော​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် အ​စာ​ကို​သုံး​ဆောင်​ခြင်း​ငှာ အ​ရာ​ရှိ​ဖြစ်​သော ဖာ​ရိ​ရှဲ​တစ်​ယောက်၏​အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ချောင်း​ကြည့်​ကြ၏။- 2ရေ​ဖျဉ်း​နာ​စွဲ​သော သူ​တစ်​ယောက်​သည် ရှေ့​တော်၌​ရှိ၏။- 3ဥ​ပုသ်​နေ့၌ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​ကို မေး​တော်​မူ​စေ​ပြီး​မှ၊- 4သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။ ယေ​ရှု​သည် ထို​သူ​ကို​ယူ၍ အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​စေ​ပြီး​မှ၊ လွှတ်​လိုက်​တော်​မူ၏။- 5ပ​ရိ​သတ်​တို့​ကို​လည်း၊ မိ​မိ​မြည်း၊ နွား​သည် ဥ​ပုသ်​နေ့၌ တွင်း​ထဲ​သို့​ကျ​လျှင် ချက်​ချင်း​မ​ဆွဲ​မ​တင်​ဘဲ နေ​မည့်​သူ တစ်​စုံ​တစ်​ယောက်​သည် သင်​တို့​တွင်​ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊-#မ၊ ၁၂:၁၁။ 6ထို​သူ​တို့​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြန်​နိုင်​ကြ။
နှိမ့်​ချ​ခြင်းနှင့်ဧည့်​ဝတ်​ပြု​ခြင်း
7ထို​အ​ခါ ခေါ်​ဖိတ်​သော​သူ​တို့​သည် မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို ရွေး​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ သူ​တို့​အား ဥ​ပ​မာ​ကို မိန့်​တော်​မူ​သည်​ကား၊- 8သူ​တစ်​ပါး​သည် မင်္ဂ​လာ​ဆောင်​ပွဲ​သို့ သင့်​ကို​ခေါ်​ဖိတ်​သော​အ​ခါ၊ မြင့်​မြတ်​သော​နေ​ရာ၌ မ​လျောင်း​နှင့်။ ထို​သို့​လျောင်း​လျှင် သင့်​ထက်​သာ၍ မြတ်​သော​သူ​သည် ပွဲ​သို့​လာ​သည်​ရှိ​သော်၊-#သု၊ ၂၅:၆-၇။ 9သင်​တို့​နှစ်​ယောက်​ကို ခေါ်​ဖိတ်​သော​သူ​က၊ ဤ​သူ​အား နေ​ရာ​ကို​ပေး​လော့​ဟု​လာ၍ ပြော​လိမ့်​မည်။ ထို​အ​ခါ သင်​သည် ရှက်​ကြောက်​ခြင်း​နှင့် နိမ့်​သော​နေ​ရာ​သို့ ဆင်း​ရ​လိမ့်​မည်။- 10သူ​တစ်​ပါး​တို့​သည် သင့်​ကို ခေါ်​ဖိတ်​သော​အ​ခါ၊ သွား၍ နိမ့်​သော​နေ​ရာ၌ လျောင်း​လော့။ ထို​သို့​လျောင်း​လျှင် သင့်​ကို​ခေါ်​ဖိတ်​သော​သူ လာ​သည်​ရှိ​သော်၊ အ​ဆွေ၊ တက်​ပါ​ဟု သင့်​ကို​ဆို​လိမ့်​မည်။ ထို​အ​ခါ သင်​နှင့်​အ​တူ လျောင်း​သော​သူ​တို့​ရှေ့​မှာ သင်၏​အ​သ​ရေ ထင်​ရှား​လိမ့်​မည်။- 11ကိုယ်​ကို​ကိုယ် ချီး​မြှောက်​သော​သူ မည်​သည်​ကား နှိမ့်​ချ​ခြင်း​သို့ ရောက်​လ​တ္တံ့။ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​သော​သူ မည်​သည်​ကား ချီး​မြှောက်​ခြင်း​သို့ ရောက်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။#မ၊ ၂၃:၁၂။ လု၊ ၁၈:၁၄။
12ကိုယ်​တော်​ကို ခေါ်​ပင့်​သော​သူ​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​သည် နံ​နက်​စာ၊ ည​စာ လုပ်​ကျွေး​သော​အ​ခါ၊ အ​ဆွေ​ခင်​ပွန်း၊ ညီ​အစ်​ကို​အ​မျိုး​သား​ချင်း၊ ငွေ​ရ​တတ်​သော အိမ်​နီး​ချင်း​များ​ကို မ​ခေါ်​မ​ဖိတ်​နှင့်။ ထို​သို့ ခေါ်​ဖိတ်​လျှင်၊ သူ​တို့​သည် နောက်​တစ်​ဖန် သင့်​ကို​ခေါ်​ဖိတ်၍ ကျေး​ဇူး​ဆပ်​ကြ​လိမ့်​မည်။- 13သင်​သည် ပွဲ​ခံ​သော​အ​ခါ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​ဖိတ်​လော့။- 14ထို​သို့​ခေါ်​ဖိတ်​လျှင် မင်္ဂ​လာ​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကျေး​ဇူး​မ​ဆပ်​နိုင်​သည် ဖြစ်၍၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ထ​မြောက်​သည်​ကာ​လ၌ သင်​သည် ကျေး​ဇူး​ဆပ်​ခြင်း​အ​ကျိုး​ကို ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။
ကြီး​စွာ​သော​ပွဲ​ဥ​ပ​မာ
(မ၊ ၂၂:၁-၁၀)
15စား​ပွဲ၌ လျောင်း​သော​သူ​တစ်​ယောက်​သည် ထို​စ​ကား​တော်​ကို ကြား​လျှင်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်၌ ပွဲ​ဝင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု လျှောက်​သော်၊- 16ကိုယ်​တော်​က၊ လူ​တစ်​ဦး​သည် ကြီး​စွာ​သော​ပွဲ​ကို စီ​ရင်၍၊ လူ​များ​တို့​ကို ခေါ်​ဖိတ်​လေ၏။- 17ပွဲ​ခံ​ချိန်​ရောက်​သော​အ​ခါ၊ ခေါ်​ဖိတ်​သော​သူ​တို့​ကို၊ လာ​ကြ​ပါ။ အ​လုံး​စုံ​တို့​သည် အ​သင့်​ရှိ​ပြီ​ဟု မှာ၍ အ​စေ​အ​ပါ​ကို စေ​လွှတ်၏။- 18ခေါ်​အပ်​သော သူ​အ​ပေါင်း​တို့​သည် တ​ညီ​တ​ညွတ်​တည်း ပ​ရိ​ယာယ်​ပြု​ကြ၏။ တစ်​ယောက်​က၊ အ​ကျွန်ုပ်​သည် မြေ​ရာ​ကို ဝယ်​ပါ​ပြီ။ သွား၍ ကြည့်​ရ​ပါ​မည်။ အ​ကျွန်ုပ်​ကို လွှတ်​ပါ​ဦး​လော့​ဟု တောင်း​ပန်​လေ၏။- 19တစ်​ယောက်​က အ​ကျွန်ုပ်​သည် နွား​ငါး​ရှဉ်း​ကို ဝယ်​ပါ​ပြီ။ သွား၍ စမ်း​ရ​ပါ​မည်။ အ​ကျွန်ုပ်​ကို လွှတ်​ပါ​ဦး​လော့​ဟု တောင်း​ပန်​လေ၏။- 20တစ်​ယောက်​က၊ အ​ကျွန်ုပ်​သည် မ​ယား​နှင့် လက်​ထပ်​ပါ​ပြီ။ ထို​ကြောင့် အ​ကျွန်ုပ်​မ​လာ​နိုင်​ပါ​ဟု ဆို၏။- 21အ​စေ​အ​ပါ​သည် သ​ခင့်​ထံ​သို့​ပြန်​လာ၍ ထို​အ​ကြောင်း​များ​ကို လျှောက်​လေ၏။ ထို​အ​ခါ အိမ်​ရှင်​သည် အ​မျက်​ထွက်၍၊ မြို့​လမ်း​မ​လမ်း​ကြား​သို့ အ​သော့​သွား​ချေ။ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​သွင်း​ချေ​ဟု အ​စေ​အ​ပါ​ကို ဆို၏။- 22အ​စေ​အ​ပါ​က​လည်း၊ သ​ခင်​စီ​ရင်​တော်​မူ​သည်​အ​တိုင်း ပြု​ပါ​ပြီ။ သို့​သော်​လည်း၊ လပ်​သော​နေ​ရာ​ထိုင်​ရာ ရှိ​ပါ​သေး​သည်​ဟု လျှောက်​လေ​သော်၊- 23သ​ခင်​က၊ မြို့​ပြင်၊ လမ်း​မ၊ ခြံ​နား​သို့ သွား​ဦး​လော့။ ငါ့​အိမ်​ကို ပြည့်​စေ​ခြင်း​ငှာ အ​နိုင်​အ​ထက် ခေါ်​သွင်း​လော့။- 24အ​ထက်​က ခေါ်​ဖိတ်​သော​သူ​တစ်​ယောက်​မျှ ငါ့​ပွဲ​သို့ မ​ဝင်​ရ၊ ငါ​အ​မိန့်​ရှိ​ပြီ​ဟု အ​စေ​အ​ပါ​ကို ဆို​သည်​ဟု မိန့်​တော်​မူ၏။
တ​ပည့်​တော်​ဖြစ်​ခြင်း၏အ​ဖိုး​အ​ခ
(မ၊ ၁၀:၃၇-၃၈)
25လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​သည်​ကို ယေ​ရှု​သည်​လှည့်၍ ကြည့်​တော်​မူ​ပြီး​လျှင်၊- 26အ​ကြင်​သူ​သည် ငါ့​ထံ​သို့​လာ၍ မိ​ဘ၊ သား​မ​ယား၊ ညီ​အစ်​ကို၊ နှ​မ​တို့​ကို​လည်း​ကောင်း၊ ထို​မျှ​မ​က မိ​မိ​အ​သက်​ကို​လည်း​ကောင်း မ​မုန်း၊ ထို​သူ​သည် ငါ့​တ​ပည့်​မ​ဖြစ်​နိုင်​ရာ။-#မ၊ ၁၀:၃၇။ 27အ​ကြင်​သူ​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့​မ​လိုက်၊ ထို​သူ​သည် ငါ့​တ​ပည့် မ​ဖြစ်​နိုင်​ရာ။-#မ၊ ၁၀:၃၈၊ ၁၆:၂၄။ မာ၊ ၈:၃၄။ လု၊ ၉:၂၃။ 28သင်​တို့​တွင် တစ်​ယောက်​သော​သူ​သည် တိုက်​ကို တည်​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ ထို​တိုက်​ပြီး​အောင် ငွေ​လောက်​မည် မ​လောက်​မည်​ကို သိ​ခြင်း​ငှာ၊ ရှေ့​ဦး​စွာ ထိုင်၍ ကုန်​စ​ရိတ်​ကို မ​ချင့်​တွက်​ဘဲ နေ​မည်​လော။- 29သို့​မ​ဟုတ် တိုက်​မြစ်​ကို​တည်၍ တိုက်​ကို မ​ပြီး​နိုင်​လျှင်၊ သိ​မြင်​သော​သူ အ​ပေါင်း​တို့​က၊- 30ဤ​သူ​သည် တည်​စ​ပြု၍ အ​စ​မ​သတ်​နိုင်​ဟု ကဲ့​ရဲ့​ကြ​လိမ့်​မည်။- 31တ​နည်း​ကား၊ တစ်​စုံ​တစ်​ယောက်​သော ရှင်​ဘု​ရင်​သည် အ​ခြား​သော​ရှင်​ဘု​ရင်​နှင့် စစ်​ပြိုင်​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ လူ​နှစ်​သောင်း​နှင့် ချီ​လာ​သော ရှင်​ဘု​ရင်​ကို လူ​တစ်​သောင်း​နှင့် ခံ​နိုင်​မည် မ​ခံ​နိုင်​မည်​ကို ရှေ့​ဦး​စွာ​ထိုင်၍ မ​ဆင်​ခြင်​ဘဲ နေ​မည်​လော။- 32မ​ခံ​နိုင်​သည် မှန်​လျှင်၊ အ​ခြား​သော ရှင်​ဘု​ရင် ဝေး​သေး​သော​အ​ခါ သံ​တ​မန်​ကို စေ​လွှတ်၍ စစ်​ငြိမ်း​မည်​အ​ကြောင်း တောင်း​ပန်​တတ်​သည် မ​ဟုတ်​လော။- 33ထို​နည်း​တူ၊ သင်​တို့​တွင် အ​ကြင်​သူ​သည် မိ​မိ၌​ရှိ​သ​မျှ​ကို မ​စွန့်​ဘဲ​နေ၏။ ထို​သူ​သည် ငါ့​တ​ပည့်​မ​ဖြစ်​နိုင်​ရာ။
ဆား​ဥ​ပ​မာ
(မ၊ ၅:၁၃။ မာ၊ ၉:၅၀)
34ဆား​မူ​ကား ကောင်း၏။ သို့​သော်​လည်း အ​ငန်​ကင်း​ပျောက်​လျှင် ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။- 35မြေ​ဖို့​မ​ကောင်း၊ အ​မှိုက်​ပုံ​ဖို့​မ​ကောင်း၊ ထို​ဆား​ကို ပြင်​သို့​ပစ်​လိုက်​တတ်၏။ ကြား​စ​ရာ​နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။

လက္ရွိေရြးခ်ယ္ထားမွု

ရှင်လုကာ 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ