YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 54

54
ကယ်နုတ်တော်မူရန် ဆုတောင်းခြင်း
ဂီတမှူး​အတွက်​၊ ကြိုးတပ်​တူရိယာ​များ​ဖြင့်​၊ ဇိဖ​အမျိုးသား​တို့​က “​ဒါဝိဒ်​သည် အကျွန်ုပ်​တို့​ထံ ပုန်းရှောင်​နေ​ပါ​သည်​”​ဟု ရှောလု​ထံသို့​သွား​၍​ကြားလျှောက်​ကြ​သောအခါ ဒါဝိဒ်​စပ်ဆို​သော​အလိမ္မာ​သီချင်း
1အို ဘုရားသခင်​၊ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။
ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​အားဖြင့် အကျွန်ုပ်​ကို​စစ်ကြောစီရင်​တော်မူ​ပါ​။
2အို ဘုရားသခင်​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို နားညောင်း​တော်မူ​ပါ​။
အကျွန်ုပ်​၏​နှုတ်ထွက်​စကား​တို့​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။
3အကြောင်းမူကား သူစိမ်း​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက်​ထကြွ​ကြ​ပါ​၏​။
ကြမ်းကြုတ်​သော​သူ​တို့​သည်​လည်း အကျွန်ုပ်​အသက်​ကို​ရန်ရှာ​ကြ​ပါ​၏​။
သူ​တို့​သည် ဘုရားသခင်​ကို ဦးထိပ်ထား​ခြင်း​မ​ရှိ​ကြ​ပါ​။(​စေလာ#54:3 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
4ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ငါ့​ကို​ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။
ဘုရားရှင်​သည် ငါ့​အသက်​ကို ထောက်မ​သော​သူ​တို့​နှင့်အတူ ရှိ​တော်မူ​၏​။
5ငါ​၏​ရန်သူ​တို့​အပေါ် မကောင်းမှု​အကျိုး​ကို ကိုယ်တော်​ဆပ်ပေး​ပါစေသော​။
ကိုယ်တော်​၏​သစ္စာ​တော်​နှင့်အညီ ထို​သူ​တို့​ကို ဖယ်ရှားသုတ်သင်​တော်မူ​ပါ​။
6အကျွန်ုပ်​သည် စေတနာ့​ပူဇော်သက္ကာ​ကို ကိုယ်တော်​အား ပူဇော်​ပါ​မည်​။
အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို​ချီးမွမ်း​ပါ​မည်​။
အကြောင်းမူကား ထိုသို့​ပြု​ခြင်း​သည် ကောင်းမြတ်​ပါ​၏​။
7အမှန်စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​ကို ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ​ကယ်နုတ်​တော်မူ​ပြီ​ဖြစ်၍
အကျွန်ုပ်​၏​မျက်စိ​သည် အကျွန်ုပ်​၏​ရန်သူ​တို့​ကို အပေါ်စီး​မှ​ကြည့်မြင်​နိုင်​ပါ​ပြီ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 54: MSBZ

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ