ယောဟန် 1
1
သတ်ရှင်ဟှူ စကားတော်
1စစဒူးဟှ စကားတော်#၁.၁ စကားတော်၊ ဟှာ ခရစ်တော်ဟှို ရည်ညွန်းဟှားဟှယ်။ဟှာ ရှိဘီးသားဖြစ်ဟှယ်။ အယ်စကားတော်ဟှာ ဘုရားသခင်နတူးဒူ ရှိနေဟှယ်။ အယ်စကားတော်ဟှာလည်း ဘုရားသခင်ဖြစ်ဟှယ်။ 2အယ်စကားတော်ဟှာ စစဒူးဟှ ဘုရားသခင်နတူးဒူ ရှိနေဟှယ်။ 3ဘုရားသခင်ဟှာ စကားတော်နဘဲ့ ရာအားလောင်းဂူဟှို ဖန်ဆင်းဟှားဟှယ်။ ဖန်ဆင်းဘဲ့န ဖြစ်နေဇာလေ တခုလည်းမှေ့ဟှ။ 4စကားတော်ဟှာ သတ်ရဲ့ ရင်းမြစ်ဖြစ်ဟှယ်။#၁.၄ စကားတော်ဟှာ သတ်ရဲ့ ရင်းမြစ်ဖြစ်ဟှယ်၊ အယ်မျိုးမှုဘဲနေဟှာ သတ်ဟှာ စကားတော် နတူးဒူ ပေါင်းစည်းလိုက်ဟှယ်။ အယ်ဘီးဟှာ အယ်သတ်ဟှာ လူလေနားဟှို လန်းရောန်ဟှို သယ်ဆောန်လာဟှယ်။ 5အယ်လန်းရောန်ဟှာ မှောန်ထဲမာ လန်းထီနေဟှယ်။ အယ်ဘီးဟှာ အယ်မှောန်ဟှာ အယ်လန်းရောန်ဟှို ဖောင်းနိုင်ဟှ။
6 #
မ ၃.၁; မာ ၁.၄; လု ၃.၁,၂ ဘုရားသခင်ဟှာ ယောဟန် နာမယ်ရှိဟှူ လူတယော့‑က်ဟှို မိမိရဲ့ စေတမန်ဖြစ်န စေလွှတ်လိုက်ဘီး၊ 7လူအားလောင်းဟှာ တရားစကားဟှို ကြားဘီးန ယောင်ကြည်ဟှို့တွပ် အယ်လူဟှာ လန်းရောန်ကြောန်းဟှို သတ်သေခံဟှို့ လာဟှယ်။ 8သူကိုယ်တိုင်ဟှာ လန်းရောန် မှုဟှ။ လန်းရောန်ကြောန်းဟှို သတ်သေခံဟှို့တွပ် လာဟှယ်။ 9အယ်စစ်မှန်ဟှူ လန်းရောန်ဟှာ လောကဟှို ကြွလာဘီးန လူလေ အားလောင်းဂူထတ်မာ လန်းထီဟှယ်။
10စကားတော်ဟှာ လောကထဲမာ ရှိဟှယ်။ ဘုရားသခင်ဟှာ ကိုယ်တော်အားဖြင့် လောကဟှို ဖန်ဆင်းဟှားဟှယ်။ အယ်ဘေမဲ့ အယ်လောကဟှ ကိုယ်တော့်ဟှို သိဂေ့ဟှ။ 11ကိုယ်တော်ဟှာ သူ့ဒေသဟှို ပ္လန်လာဟှယ်။ အယ်ဘေမဲ့ ကိုယ်တော်ရဲ့ လူမျိုးလေဟှ ကိုယ်တော့်ဟှို လတ်ခံဂေ့ဟှ။ 12အယ်ဘေမဲ့ တချို့ဟှ ကိုယ်တော့်ဟှို လတ်ခံဘီး ကိုယ်တော်ရဲ့ နာမဟှို ယောင်ကြည်ဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှ သူးနို့ဟှို ဘုရားသခင်ရဲ့ သားမီးလေဖြစ်ခွမ့်ပေးဟှယ်။ 13သူးနို့ဟှာ သွီးသားရှင်းပေါန်းဘီး ပေါ့‑က်လာဟှူ သားမီးလေ မှုဟှ။ လူသားဖဟှနေ ပေါ့‑က်လာဟှူ သားမီးလေ မှုဟှ။ ဘုရားသခင်ဟှနေ ပေါ့‑က်လာဟှူ သားမီးလေဖြစ်ဟှယ်။
14စကားတော်ဟှာ လူသားဖြစ်လာဘီး ကျေးဇူးတော်န သမ္မာတရားန ပ္လဲ့ဇောင်ဘီးဟှာ နို့လေထဲမာ စံမြန်းနေဟှယ်။ နို့လေဟှာ ကိုယ်တော်ရဲ့ ဖောင်းသရေတော်ဟှို ဗြင်ရဘီ။ အယ်ဖောင်းသရေတော်ဟှာ ဖရဲ့ တယော့‑က်ဒဲရှိဟှူ သားဖြစ် လတ်ခံရရှိဟှယ်။
15ယောဟန်ဟှာ ကိုယ်တော်ရဲ့ ကြောန်းဟှို “ ‘ငါ့နော့‑က်ဟှနေ ကြွလာဟှူသူဟှာ ငါမွီးခန်ဂဒဲဟှ ရှိနေကြောန့် ငါ့ထတ်ကီးမြတ်ဟှယ်’ ဆိုဇာဟှို ငါပြောဟှားဟှူသူဟှာ အယ်လူဘဲ့ ဖြစ်ဟှယ်” ဆိုဘီး အော်ပြောဘီး သတ်သေခံလေဟှယ်။
16ကိုယ်တော်ရဲ့ ကျေးဇူးတော် ပ္လဲ့ဇောင်မှုဟှနေ နို့လေအားလောင်းဟှာ ကောန်းကြီးလေ ခုဘီးခု လတ်ခံရရှိဟှယ်။ 17ဘုရားသခင်ဟှာ မောရှေအားဖြင့် ပညတ်တရားဟှို ပေးဟှယ်။ ကျေးဇူးတရားန သမ္မာတရားဟှို ယေရှုခရစ်တော်အားဖြင့် ဖြစ်လာဟှယ်။ 18ဘုရားသခင်ဟှို ဖယ်လူလည်းဗြင်ဖူးဟှ။ ဖရဲ့ ရင်ခွမ်မာရှိဟှူ၊ ဘုရားသခင်ဖြစ်ဟှူ၊ တယော့‑က်ဒဲဟှူသားဟှာ ဘုရားသခင်ဟှို ထန်ရှားစေဘီ။
ဗတ္တိဇံယောဟန်ရဲ့ တရား
(မဿဲ ၃.၁–၁၂; မာကု ၁.၁–၈; လုကာ ၃.၁–၁၈)
19ခု ယေရုရှလင်ဗြို့ဟှ ယုဒလူ အာဏာပိုင်လေဟှာ ယဇ်ပုရောဟိတ်လေန လေဝိတချို့ဟှို ယောဟန်နားဟှို စေလွှတ်ဘီး “နန်ဟှာ ဖယ်သူနူး” ဆိုဘီး မေးမြန်းလေဟှယ်။ ယောဟန်ရဲ့ သတ်သေခံချစ်ဟှာ အယ်မျိုးဖြစ်ဟှယ်။
20ယောဟန်ဟှ လှည့်ဝှက်ဇာမှေ့ဘဲန ဝန်ခံဘီး “ငါဟှာ မေရှိယ မှုဟှ” ဆိုဘီး ပွမ့်ပွမ့်လန်းလန်းဟှားန ရှင်းရှင်းလန်းလန်းဟှားဘဲ့ ပ္လန်ဖြေလိုက်ဟှယ်။
21“အယ်ဆိုဟှာ နန်ဟှ ဖယ်သူနူး။ နန်ဟှာ ဧလိယလော” ဆိုဘီး သူးနို့ဟှ မေးလိုက်ဟှယ်။
“ငါဟှာ ဧလိယ မှုဟှ” ဆိုဘီး ယောဟန်ဟှ ပ္လန်ဖြေဟှယ်။
“နန်ဟှာ ပရောဖက်လော”#၁.၂၁ ပရောဖက်၊ မေရှိယကြွလာဟှို့တွပ် ကြေညာဟှူ သူန ပေါ်ထွန်းလာဟှို့တွပ် မျှော်လင့်နေဟှူသူ။ ဆိုဘီး သူးနို့ဟှ ပ္လန်မေးဟှယ်။
“ငါဟှာ ပရောဖက်လည်း မှုဟှ” ဆိုဘီး ပ္လန်ဖြေဟှယ်။
22“အယ်ဆိုဟှာ နန်ဟှာ ဖယ်သူနူး။ နို့လေဟှို စေလွှတ်လိုက်ဟှူ လူလေဟှို ပ္လန်ဘီးပြောပြရမယ်။ နန့်ကြောန်းဟှို ဖြားမျိုးပြောမယ်နူး” ဆိုဘီး သူးနို့ဟှ မေးလေဟှယ်။
23ယောဟန်ဟှာ ပရောဖက်ဟေရှာယဟှို ကိုးကားဘီး
“ငါဟှာ ‘ဘုရားသခင်ရဲ့ လမ်းဟှို ပြင်ဆင်ဟှားဂေ့! ဆိုဘီး
တောကန္တာရထဲမာ အော်ဟစ်နေဟှူ သံဖြစ်ဟှယ်’ ” ဆိုဘီး ပ္လန်ဖြေလိုက်ဟှယ်။
24ဖာရိရှဲလေ စေလွှတ်လိုက်ဟှူ စေတမန်လေဟှ၊ 25ဖာရိရှဲလေ စေလွတ်လိုက်ဟှူ စေတမန်လေ#၁.၂၅ ဖာရိရှဲလေ စေလွတ်လိုက်ဟှူ စေတမန်လေ၊ အယ်မျိုးမှုဘဲနေဟှာ အယ်စေတမန်လေဟှာ ဖာရိရှဲလေဖြစ်ဟှယ်။ဟှ “နန်ဟှာ မေရှိယလည်း မှုဟှ။ ဧလိယလည်း မှုဟှ။ ပရောဖက်လည်း မှုဟှ ဆိုဟှာ ဖြားဖြစ်ကြောန့် ဗတ္တိဇံပေးနေနူး” ဆိုဘီး ယောဟန်ဟှို မေးလေဟှယ်။
26ယောဟန်ဟှာ “ငါဟှာ ရေန ဗတ္တိဇံပေးဟှယ်။ အယ်ဘေမဲ့ နန်းနို့ထဲမာ နန်းနို့သိဘဲဟှူ လူတယော့‑က်ရှိဟှယ်။ 27သူဟှာ ငါ့နော့‑က်ဟှ ကြွလာနေဘီ။ အယ်ဘေမဲ့ ငါဟှာ သူ့ရဲ့ ခေနပ်ကြိုးဟှို ဖြေဟှို့ဟှိုမှ ထိုက်ဟှ” ဆိုဘီး ပ္လန်ဖြေလိုက်ဟှယ်။
28အယ်မူဇာ အားလောင်းဟှာ ယောဟန် ဗတ္တိဇံပေးဟှူ ယော်ဒန်မ္လစ်ရဲ့ ရှေ့ဖတ်ကမ်းဟှ ဗေသနိဝါမာ ဖြစ်ဟှားဟှယ်။
ဘုရားသခင်ရဲ့ သိုးသားဂန်းဟှား
29နတ်ကီးဖတ်မာ ယောဟန်ဟှာ သူ့နားဟှို ယေရှုလာနေဇာဟှို ဗြင်လိုက်ဟှူ ခီမာ “လောကသားလေရဲ့ ပြစ်ဟှို ယူဆောန်ဟှားဟှူ ဘုရားသခင်ရဲ့ သိုးသားဂန်းဟှားဟှို ကေ့ကေ့! 30‘နော့‑က်ဟှနေ ကြွလာဟှူသူဟှာ ငါမွီးခန်ဂဒဲဟှ ရှိနေကြောန့် ငါ့ထတ်ကီးမြတ်ဟှယ်’ ဆိုဘီး ငါပြောနေဇာဟှာ အယ်လူကြောန်းဘဲ့ ဖြစ်ဟှယ်။ 31ငါကိုယ်တိုင်လည်း အယ်လူဟှို သိဟှ။ အယ်ဘေမဲ့ ဣသရေလလူမျိုးလေဟှို သိစေဟှို့တွပ် ရေန ဗတ္တိဇံပေးဟှို့ ငါလာဟှယ်” ဆိုဘီး ပြောလေဟှယ်။
32အယ်န ယောဟန် သတ်သေခံဇာဟှ “ဝိညာဉ်တော်ဟှာ ကောန်းဂန်ဘောင်ဟှနေ ချိုးငှတ်မျိုး ဆင်းလာဘီး အယ်လူထတ်မာ နားနေဇာဟှို ငါဗြင်ဟှယ်။ 33အယ်လူဟှာ ဖယ်လူဖြစ်ဟှယ် ဆိုဇာဟှို ငါသိဟှ။ အယ်ဘေမဲ့ ငါ့ဟှို ရေန ဗတ္တိဇံပေးဟှို့ စေလွှတ်ဟှူ ဘုရားသခင်ဟှ ‘သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ ဆင်းလာဘီး ယော့‑က်ယော့‑က်ထတ်မာ နားနေဇာဟှို ဗြင်ရလေ့မယ်။ အယ်လူဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ဗတ္တိဇံပေးမယ့်လူ ဖြစ်ဟှယ်’ ဆိုဘီး ငါ့ဟှို ပြောလေဟှယ်။ 34အယ်ဇာဟှို ငါဗြင်ရဘီ။ အယ်ကြောန့် နန်းနို့ဟှို ငါပြောမယ် အယ်လူဟှာ ဘုရားသခင်ရဲ့သား ဖြစ်ဟှယ်” ဆိုဘီး ယောဟန် သတ်သေခံလေဟှယ်။
ယေရှုရဲ့ ဦးဆောင်းတဗဲ့တော်လေ
35နတ်ကီးတိုင်မာ ယောဟန်ဟှာ တဗဲ့တော်နှေ့ပါးနတူးဒူ အယ်နေရာမာ ပ္လန်ဘီးရပ်နေဟှယ်။ 36ယောဟန်ဟှာ ယေရှု ကြွလာနေဇာဟှို ဗြင်လိုက်ဟှယ်။ “ကေ့ကေ့! ဟောက်မာ ဘုရားသခင်ရဲ့ သိုးသားဂန်းဟှား ဖြစ်ဟှယ်!” ဆိုဘီး သူဟှ ပြောဟှယ်။
37တဗဲ့တော်နှေ့ပါးဟှာ အယ်မျိုးပြောဇာဟှို ကြားလိုက်ဘီးန ယေရှုနတူးဒူ လိုက်ဟှားဂေ့ဟှယ်။ 38ယေရှုဟှ လှည့်ကေ့လိုက်ဘီး သူးနို့လေ လိုက်လာဇာဟှို ဗြင်လေဟှယ်။ အယ်န “ဖြားဇာရှာနေနူး” ဆိုဘီး သူးနို့ဟှို မေးလေဟှယ်။
သူးနို့ဟှ “ရဗ္ဗိ၊ ကိုယ်တော်ဟှ ဖယ်မာနေဟှယ်နူး” ဆိုဘီး မေးလေဟှယ်။ (ရဗ္ဗိရဲ့ ဓိပါယ်ဟှာ “ဆရာ” ဖြစ်ဟှယ်။)
39“လိုက်ဘီးကေ့ဂေ့” ဆိုဘီး ကိုယ်တော်ဟှ ဖြေဟှယ်။ (အယ်ခီဟှာ နေဒန်ဇာလေးနာရီလော့‑က်ရှိဘီ။) အယ်ကြောန့် သူးနို့လေဟှာ ကိုယ်တော်နတူးဒူ လိုက်ဟှားဘီး ကိုယ်တော်နေဟှူ နေရာဟှို တွိဟှားလေဟှယ်။ အယ်ဘီးန အယ်နေ့ဟှို ကိုယ်တော်နတူးဒူ နေလေဟှယ်။
40ယောဟန်ရဲ့ စကားဟှို ကြားဘီး ယေရှုနော့‑က်လိုက် ဖြစ်လာဟှူ နှေ့ယော့‑က်ထဲဟှ တယော့‑က်ဟှာ ရှိမုန်ပေတရုရဲ့ညီ အန္ဒြေဖြစ်ဟှယ်။ 41ရှစ်ရှင်းဘဲ့ အန္ဒြေဟှာ သူ့နောန်ရှိမုန်ဟှို တွိဟှားခီမာ “နို့လေ မေရှိယဟှို တွိဟှားဘီ” ဆိုဘီး ပြောပြဟှယ်။ မေရှိယရဲ့ ဓိပါယ်ဟှာ “ခရစ်တော်” ဖြစ်ဟှယ်။ 42အယ်ဘီးန သူဟှ ရှိမုန်ဟှို ယေရှုနားဟှို ခေါ်ဆောန်ဟှားဟှယ်။
ယေရှုဟှာ အယ်လူဟှို ကေ့ဘီးန “နန်ဟှာ ယောဟန်ရဲ့သား ရှိမုန်ဖြစ်ဟှယ်။ အယ်ဘေမဲ့ နန့်ဟှို ကေဖ ဆိုဘီး ခေါ်ရမယ်” ဆိုဘီး ပြောလိုက်ဟှယ်။ ကေဖဟှာ ပေတရုနာမယ်န ထပ်တူဖြစ်ဘီး က္လော့‑က် ဆိုဘီး ဓိပါယ်ရဟှယ်။
ယေရှုဟှ ဖိလိပ္ပုန နာသနေလဟှို ခေါ်ဟှူကြောန်း
43နတ်ကီးတိုင်မာ ယေရှုဟှာ ဂါလိလဲနယ်ဟှို သွားဟှို့ ဆောင်းဖြတ်ဟှယ်။ ကိုယ်တော်ဟှာ ဖိလိပ္ပုဟှို တွိဟှူ ခီမာ “ငါ့နတူးဒူလိုက်ပါ!” ဆိုဘီး သူ့ဟှို ပြောလေဟှယ်။ 44ဖိလိပ္ပုဟှာ အန္ဒြေန ပေတရု နေထိုင်ဟှူ ဗက်ဇဲဒဗြို့ဟှဖြစ်ဟှယ်။ 45ဖိလိပ္ပုဟှာ နာသနေလဟှို တွိဟှူ ခီမာ “နို့လေဟှာ မောရှေရဲ့ ပညတ်ကျမ်းန ပရောဖက်လေရဲ့ ကျမ်းမာ ရေးဟှားဟှူလူဟှို တွိဟှားဘီ။ အယ်လူဟှာ နာဇရက်ဗြို့ဟှ ယောသပ်ရဲ့သား ယေရှုဖြစ်ဟှယ်” ဆိုဘီး ပြောပြလေဟှယ်။
46“နာဇရက်ဗြို့ဟှနေ ကောန်းဟှူဇာ ထွပ်နိုင်ဘဲ့လော” ဆိုဘီး နာသနေလဟှ မေးဟှယ်။
“လာဘီးကေ့ကေ့” ဆိုဘီး ဖိလိပ္ပုဟှ ဖြေလေဟှယ်။
47ယေရှုဟှာ သူ့နားဟှို လာနေဟှူ နာသနေလဟှို ဗြင်ဟှူ ခီမာ ကိုယ်တော်ဟှ “ကေ့ကေ့! လှည့်ဇားမှု လောင်းဝ မှေ့ဘဲဟှူ၊ စစ်မှန်ဟှူ ဣသရေလလူ ဖြစ်ဟှယ်!” ဆိုဘီး သူ့ဟှို ပြောဟှယ်။
48နာသနေလဟှ “ကိုယ်တော်ဟှ ကျွန်တော်ဟှို ဖယ်မျိုးလောက်ဘီး သိနေရနူး” ဆိုဘီး ကိုယ်တော့်ဟှို မေးဟှယ်။
ယေရှုဟှ “ဖိလိပ္ပုဟှ နန့်ဟှို ခေါ်လာခန်မာ နန်ဟှာ သဖန်းဗန်အော့‑က်မာ ရှိနေဂဒဲဟှ နန့်ဟှို ငါဗြင်ဟှယ်” ဆိုဘီး ပ္လန်ဖြေဟှယ်။
49“ဆရာ၊ ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ်! ဣသရေလလူမျိုးရဲ့ မန်းဂီးလည်းဖြစ်ဟှယ်!” ဆိုဘီး နာသနေလဟှ ပ္လန်ဖြေလေဟှယ်။
50ယေရှုဟှ “သဖန်းဗန်အော့‑က်မာ နန့်ဟှို ငါဗြင်ဟှယ် ဆိုဘီး ပြောလိုက်ဇာဟှို နန်ယောင်ကြည်ဘဲ့လော။ အယ်ထတ် ရရာတိုင်းကီးဟှူ ဇာလေဟှို နန်ဗြင်ရလေ့မယ်” ဆိုဘီး ပြောလိုက်ဟှယ်။ 51ကိုယ်တော်ဟှ “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ကောန်းဂန်ပွမ့်ဘီးဟှာ လူ့ရဲ့သား#၁.၅၁ လူ့ရဲ့သား၊ ဆိုဇာ ခရစ်တော် ဖြစ်ဟှယ်။ ထတ်မာ ဘုရားသခင်ရဲ့ ကောန်းဂန်တမန်လေဟှာ ဆင်းလိုက်တတ်လိုက် လောက်နေဇာဟှို နန်းနို့ ဗြင်ရလေ့မယ်” ဆိုဘီး သူးနို့လေဟှို ပြောလေဟှယ်။
The New Testament in Dawei Language © The Word for the World International and The Dawei Bible Translation Committee, 2024.