တ~မန်~တော်~ဝ~တ္ထု။ 11

11
1ထို အ ခါ လူ မျိုး ခြား တို့ လည်း ဘု ရား သ ခင့် တ ရား တော် ကို ခံ ယူ ကြောင်း ယု ဒ နယ် နေ တ မန် တော် တို့ နှင့် ညီ အစ် ကို တို့ ကြား ကြ သည့် အ တိုင်း၊ 2ယေ ရု ရှ လင် မြို့ သို့ ပေ တ ရု ရောက် သော် လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ တို့ က၊ 3လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သူ တို့ ထံ သင် ဝင် ပြီး လျှင် အ တူ စား သောက် ပါ သည် တ ကား ဟု ငြင်း ခုန် ပြော ဆို ကြ သည့် ကာ လ၊ 4ပေ တ ရု သည် အ စ မှ ချီ၍ အ စီ အ စဉ် ပြန် ကြား သည် မှာ၊ 5ငါ သည် ယု ပ္ပေ မြို့ တွင် ပ ဌ နာ ပြု လျက် နေ စဉ် သ မ္မာ ပါတ် ဝင် စား ရာ ထောင့် လေး ထောင့် ဖြင့် ကောင်း ကင် ထဲ မှ စု ကိုင် ချ လိုက် သော ရွက် ထည် သ ဖွယ် အ သုံး အ ဆောင် ငါ့ ထံ ကျ လာ သည် ကို ရူ ပါ ရုံ တွင် မြင် ရ၍၊ 6စိုက် ကြည့် ဆင် ခြင် သော် သား ရဲ မှ စ သော ခြေ လေး ချောင်း ရှိ မြေ သ တ္တ ဝါ၊ တွား တတ် သော သ တ္တ ဝါ နှင့် လေ သ တ္တ ဝါ များ ကို မြင်၏။ 7ထို ကာ လ အို ပေ တ ရု၊ ထ၍ စီ ရင် သုံး ဆောင် လော့ ဟူ သော ဗျာ ဒိတ် တော် သံ ကို ကြား ရာ၊ 8ငါ က မ သင့် ပါ အ ရှင် ဘု ရား၊ မ သန့် သော အ ရာ၊ မ စင် ကြယ် သော အ ရာ မည် သည် မျှ အ ကျွန်ုပ် ခံ တွင်း သို့ မ ဝင် ရ ဘူး ပါ ဟု ပြန် လျှောက် သော်၊ 9ဘု ရား သ ခင် စင် ကြယ် စေ ပြီး သော အ ရာ ကို မ သန့် ဟု မ မှတ် နှင့် ဟူ၍ ဒု တိ ယ အ ကြိမ် ကောင်း ကင် ထဲ မှ ဗျာ ဒိတ် တော် သံ ရောက် လာ ပြန်၏။ 10သုံး ကြိမ် တိုင် ထို သို့ ပြု ပြီး နောက် ရှိ သ မျှ ကို ကောင်း ကင် ထဲ သို့ ဆွဲ တင် လေ၏။ 11ထို ခ ဏ ချင်း တွင် ကဲ သ ရိ မြို့ မှ ငါ့ ထံ စေ လွှတ် လိုက် သူ သုံး ယောက် သည် ငါ တို့ တည်း အိမ် ရှေ့ တွင် ရပ် နေ ရာ၊ 12မျက် နှာ မ ရွေး ဘဲ ထို သူ တို့ နှင့် လိုက် သွား စေ ရန် ဝိ ညာဉ် တော် အ မိန့် ရှိ သ ဖြင့် ဤ ညီ အစ် ကို ခြောက် ယောက် ပါ ငါ လိုက် သွား၍ ပင့် ခေါ် သူ အိမ် သို့ ဝင် ရောက် ကြ၏။ 13ထို သူ က လည်း ကိုယ့် အိမ် တွင် စေ တ မန် တော် အ ထင် အ ရှား ရပ် လာ၍ ယု ပ္ပေ မြို့ သို့ လူ လွှတ် ပြီး လျှင် ပေ တ ရု ဘွဲ့ ခံ ရှိ မုန် ကို ပင့် ခေါ် လော့၊ 14သင် နှင့် တ ကွ အိမ် သူ အိမ် သား တို့ ပါ ကယ် တင် တော် မူ ရာ ရောက် စေ မည့် စ ကား ကို ဟော လိမ့် မည် ဟု မြွက် ဆို ကြောင်း ပြန် ကြား သ ဖြင့်၊ 15ငါ ဟော ပြော စဉ် ငါ တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် အ ထက် က သက် ရောက် သည့် နည်း တူ သူ တို့ အ ပေါ် သို့ သက် ရောက် တော် မူ ရာ၊ 16ယော ဟန် သည် ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန်၏။ သင် တို့ မူ ကား သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရ ကြ လိမ့် မည် ဟူ၍ အ ရှင် ဘု ရား မိန့် တော် မူ ချက် ကို ငါ သ တိ ရ၏။ 17သို့ ဖြစ်၍ အ ရှင် ယေ ရှု ခ ရစ် ကို ယုံ ကြည် သော ငါ တို့ အား ဘု ရား သ ခင် သ နား တော် မူ သော ဆု ကျေး ဇူး တော် နှင့် ထပ် တူ ထို သူ တို့ အား လည်း သ နား တော် မူ သည် မှန် လျှင် ဘု ရား သ ခင် ကို ကန့် ကွက် နိုင် ခြင်း ငှါ ငါ ကား မည် သူ နည်း ဟု ပြန် ကြား လေ ၏။ 18ထို အ ကြောင်း အ ရာ များ ကို ကြား သော် သူ တို့ သည် ဝန် ခံ၍ သို့ ဖြစ် လျှင် အ သက် ရှင် စေ ရန် နောင် တ ရ ခြင်း အ ခွင့် ကို လူ မျိုး ခြား တို့ အား လည်း ဘု ရား သ ခင် သ နား တော် မူ ပြီ ဟု ဆို လျက် ဘုန်း တော် ကို ချီး မြှောက် ကြ၏။
19ထို အ ခါ သ တေ ဖန် နှင့် စပ်၍ ပေါ် ပေါက် ရ သော ဒု က္ခ ကြောင့် ကွဲ လွင့် ရ သူ တို့ သည် ဖိ နိတ် ပြည်၊ ကု ပ ရု ကျွန်း၊ အ န္တိ အုတ် မြို့ များ တိုင် အောင် သွား ပြီး လျှင်၊ ယု ဒ လူ မျိုး တို့ အား သာ တ ရား တော် ကို ဟော ပြော လျက် နေ ကြ သော် လည်း၊ 20ပါ ရှိ သော ကု ပ ရု ကျွန်း သား နှင့် ကု ရေ နေ မြို့ သား အ ချို့ သည် အ န္တိ အုတ် မြို့ သို့ ရောက်၍ အ ရှင် ယေ ရှု၏ သ တင်း တော် မြတ် ကို ဂ ရိတ် လူ မျိုး တို့ အား လည်း ဟော ပြော ကြ ရာ၊ 21ထို သူ အ တို့ အ ပေါ် တွင် အ ရှင် ဘု ရား၏ လက် ရုံး တော် တည် နေ သ ဖြင့် လူ အ မြောက် အ မြား ယုံ ကြည် လျက် အ ရှင် ဘု ရား ထံ လှည့် ဝင် ကြ၏။ 22ထို သူ တို့ အ ကြောင်း ယေ ရု ရှ လင် မြို့ ရှိ အ သင်း တော် ကြား သိ သော် ဗာ န ဗ ကို အ န္တိ အုတ် မြို့ သို့ စေ လွှတ် ကြ သည့် အ တိုင်း ရောက် လာ သော်၊ 23-24ဘု ရား သ ခင့် ကျေး ဇူး တော် ကို မြင် သည့် ကာ လ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့်လည်း ကောင်း၊ ယုံ ကြည် ခြင်း နှင့်လည်း ကောင်း ပြည့် သော သူ တော် ကောင်း ဖြစ် သည် နှင့် အ ညီ အား ရ ဝမ်း မြောက် လျက်၊ အ ရှင် ဘု ရား ကို စိတ် ပါ ကိုယ် ရောက် ဆည်း ကပ် ကြ စေ ရန် ရှိ သ မျှ တို့ အား တိုက် တွန်း နှိုး ဆော် ကြ သည့် အ လျောက် အ ရှင် ဘု ရား ထံ လူ အ များ ထပ် ဝင် ကြ၏။ 25ထို နောက် ဗာ န ဗ သည် ရှော လု ကို ရှာ ရန် တာ ရှု မြို့ သို့ သွား၍ တွေ့ သော်၊ 26အ န္တိ အုတ် မြို့ ရောက် ခေါ် လာ ပြီး လျှင် ထို သူ တို့ သည် တစ် နှစ် တိုင် တိုင် အ သင်း တော် နှင့် စည်း ဝေး လျက်၊ များ စွာ သော သူ တို့ အား ဒေ သ နာ ပေး ကြ၏။ အ န္တိ အုတ် မြို့ တွင် လည်း ခ ရစ် ယာန် ဟူ သော ဘွဲ့ ကို တ ပည့် တော် တို့ ဦး စွာ ခံ ရ ကြ၏။
27ထို ကာ လ ယေ ရု ရှ လင် မြို့ မှ အ န္တိ အုတ် မြို့ သို့ ရောက် လာ ကြ သော ပ ရော ဖက် တို့ အ နက်၊ 28အာ ဂ ဗု ဆို သူ ထ လျက် မြေ တစ် ပြင် လုံး တွင် ကြီး စွာ သော အ စာ ခေါင်း ပါး ခြင်း ကပ် သင့် ရောက် မည့် အ ကြောင်း ဝိ ညာဉ် တော် အား ဖြင့် ဖော် ပြ၏။ ထို ကပ် ကား၊ က လော ဒိ မင်း လက် ထက် သင့် ရောက် သ တည်း။ 29သို့ ဖြစ်၍ တ ပည့် တော် တို့ သည် ယု ဒ ပြည် ရှိ ညီ အစ် ကို တို့ ထံ အ သီး အ သီး တတ် အား သ ရွေ့ အ ထောက် အ ပံ့ ပို့ ရန် ပြ ဋ္ဌာန်း ပြီး လျှင်၊ 30ဗာ န ဗ နှင့် ရှော လု တို့ လက် ဖြင့် ဥ က္က ဋ္ဌ တို့ ထံ ပို့ လိုက် ကြ ၏။

ಪ್ರಸ್ತುತ ಆಯ್ಕೆ ಮಾಡಲಾಗಿದೆ:

တ~မန်~တော်~ဝ~တ္ထု။ 11: GHB

Highlight

ಹಂಚಿಕೊಳ್ಳಿ

ಕಾಪಿ

None

Want to have your highlights saved across all your devices? Sign up or sign in