တ~မန်~တော်~ဝ~တ္ထု။ 10

10
1-2တစ် နေ့ သ၌ ကဲ သ ရိ မြို့ တွင် ဘု ရား တ ရား ကြည် ညို လျက် အိမ် သူ အိမ် သား ရှိ သ မျှ နှင့် တ ကွ ဘု ရား သ ခင် ကို ခန့် ညား လျက်၊ ပြည် သူ ပြည် သား တို့ အား များ စွာ စွန့် ကြဲ ပေး ကမ်း လျက်၊ ဘု ရား သ ခင့် ထံ အ စဉ် ပ ဌ နာ ပြု တတ် သော ဣ တ လိ ရန် ခေါ် ထောင် တပ် တွင် ရာ တပ် မှူး ကော် နေ လိ ဆို သူ သည်၊ 3မွန်း လွဲ သုံး နာ ရီ ခန့် အ ချိန် ကော် နေ လိ ဟု ခေါ် လျက် ဝင် လာ သော ဘု ရား သ ခင့် စေ တ မန် တော် တစ် ပါး ကို ရူ ပါ ရုံ တွင် အ ထင် အ ရှား မြင် ရ ၏။ 4ထို စေ တ မန် တော် ကို အ လန့် တ ကြား စိုက် ကြည့် လျက် မည် သို့ ပါ နည်း အ ရှင် ဘု ရား ဟု မေး လျှောက် သော် စေ တ မန် တော် က သင့် ပ ဌ နာ မှု များ၊ စွန့် ကြဲ ပေး ကမ်း မှု များ သည် ဘု ရား သ ခင် မှတ် သား ရန် ရှေ့ တော် သို့ တက် ရောက် လေ ပြီ။ 5ယ ခု မှာ ယု ပ္ပေ မြို့ သို့ လူ လွှတ် ပြီး လျှင် ပေ တ ရု ဘွဲ့ ခံ ရှိ မုန် ဆို သူ ကို ပင့် ခေါ် စေ လော့။ 6ထို သူ သည် ပင် လယ် ကမ်း အ နီး၊ သား ရေ နယ် ဆ ရာ ရှိ မုန် အိမ် တွင် တည်း ခို လျက် နေ သည် ဟု မြွက် ဆို၏။ 7ထို သို့ မြွက် ဆို သော စေ တ မန် တော် ထွက် သွား သော် ကော် နေ လိ သည် အ စေ ခံ နှစ် ယောက် နှင့် မှူး စု ပါ စစ် သည် တို့ အ နက် ဘု ရား တ ရား ကြည် ညို သူ တစ် ယောက် ကို ခေါ်၍၊ 8အ ရာ ခပ် သိမ်း ကို ပြန် ကြား ပြီး လျှင် ယု ပ္ပေ မြို့ သို့ စေ လွှတ် လိုက်၏။
9နောက် နေ့၌ ယု ပ္ပေ မြို့ အ နီး ထို သူ တို့ ခ ရီး သွား ​သေး စဉ် ပေ တ ရု သည် မွန်း တည့် အ ချိန် ခန့် ပ ဌ နာ ပြု ရန် အိမ် မိုး ပေါ် သို့ တက် ပြီး လျှင်၊ 10ဆာ မွတ်၍ စား သောက် လို၏။ ပြင် ဆင် လျက် နေ ကြ စဉ် သ မ္မာ ပါတ် ဝင် စား ရာ၊ 11-12ကောင်း ကင် ပွင့် လျက် ရွက် ထည် သ ဖွယ် ထောင့် လေး ထောင့် ဖြင့် မြေ သို့ စု ကိုင် ချ လိုက်၍ ခြေ လေး ချောင်း ရှိ သ တ္တ ဝါ၊ တွား တတ် သော မြေ သ တ္တ ဝါ၊ လေ သ တ္တ ဝါ အ မျိုး မျိုး ပါ ရှိ သော အ သုံး အ ဆောင် ကျ လာ သည် ကို မြင် ရ၏။ 13ထို ကာ လ၊ အို ပေ တ ရု ထ၍ စီ ရင် သုံး ဆောင် လော့ ဟု ဗျာ ဒိတ် တော် သံ ရောက် လာ ရာ၊ 14ပေ တ ရု က မ သင့် ပါ အ ရှင် ဘု ရား၊ မ သန့် သော အ ရာ၊ မ စင် ကြယ် သော အ ရာ၊ မည် သည် ကို မျှ မ သုံး ဆောင် ဘူး ပါ ဟု ပြန် လျှောက် သော်၊ 15ဘု ရား သ ခင် စင် ကြယ် စေ ပြီး သော အ ရာ ကို မ သန့် ဟု မ မှတ် နှင့် ဟူ၍ ဒု တိ ယ အ ကြိမ် ဗျာ ဒိတ် တော် သံ ရောက် လာ ပြန်၏။ 16သုံး ကြိမ် တိုင် ထို သို့ ပြု ပြီး မှ ထို အ သုံး အ ဆောင် ကို ကောင်း ကင် ထဲ သို့ ချက် ခြင်း ရုပ် သိမ်း လိုက်၏။
17မြင် ရ သော ရူ ပါ ရုံ အ ဓိ ပ္ပါယ် အ ကြောင်း ပေ တ ရု တွေး တော လျက် နေ စဉ်၊ ကော် နေ လိ စေ လွှတ် လိုက် သူ တို့ သည် ရှိ မုန် အိမ် ကို တွေ့ သ ဖြင့် တံ ခါး အ နီး ရပ် လျက်၊ 18ထို အိမ် တွင် ပေ တ ရု ဘွဲ့ ခံ ရှိ မုန် တည်း နေ သည် မ နေ သည် ကို ဟစ် မေး ကြ၏။ 19ဝိ ညာဉ် တော် က လည်း ဆို ခဲ့ သည့် ရူ ပါ ရုံ အ ကြောင်း စဉ်း စား နေ သော ပေ တ ရု အား ကြည့် လော့၊ သင့် ကို လူ သုံး ယောက် ရှာ နေ ကြ သည်။ 20ထ၍ ဆင်း ပြီး လျှင် ငါ စေ လွှတ် လိုက် သော ထို သူ တို့ နှင့် အ တူ စိတ် နှောင့် နှေး ခြင်း မ ရှိ ဘဲ လိုက် သွား လော့ ဟု အ မိန့် ရှိ ရာ၊ 21ပေ တ ရု ဆင်း သွား၍ သင် တို့ ရှာ သော သူ ကား ငါ ပင် တည်း။ မည် သည့် အ ကြောင်း နှင့် ရောက် လာ ကြ သ နည်း ဟု မေး သော်၊ 22ထို သူ တို့ က ဘု ရား သ ခင် အား ခန့် ညား သော သူ တော် ကောင်း ဖြစ် လျက် ယု ဒ လူ မျိုး ခပ် သိမ်း တို့ တွင် အ သ ရေ ရှိ သော တပ် မှူး ကော် နေ လိ သည် ကိုယ် တော့် ကို အိမ် သို့ ပင့် ခေါ်၍ ကိုယ် တော့် ဒေ သ နာ ကို ကြား နာ ရန် သန့် ရှင်း သော စေ တ မန် တစ် ပါး ဖြင့် ဗျာ ဒိတ် တော် ခံ ရ ပါ သည် ဟု ပြန် လျှောက် ကြ သ ဖြင့်၊ 23ပေ တ ရု သည် ထို သူ တို့ ကို ခေါ် သွင်း ပြီး လျှင် ဧည့် ခံ လေ၏။
နံ နက် အ ချိန် ထ ပြီး လျှင် ယု ပ္ပေ မြို့ နေ ညီ အစ် ကို အ ချို့ ပါ ထို သူ တို့ နှင့် အ တူ လိုက် သွား၍၊ 24နောက် နေ့၌ ကဲ သ ရိ မြို့ သို့ ဝင် သော် အ မျိုး သား ချင်း တို့ နှင့် အ ပေါင်း အ ဖော် များ ကို ခေါ် ဖိတ်၍ စောင့် မျှော် သူ ကော် နေ လိ သည်၊ 25ဝင် လာ သော ပေ တ ရု ကို ကြို ဆို လျက် ခြေ ရင်း တွင် ပျပ် ဝပ် ရှိ ခိုး ရာ၊ 26ပေ တ ရု က ထ လော့။ ငါ လည်း လူ ဖြစ် သည် ဟု ဆို လျက် ကော် နေ လိ ကို ထူ လေ၏။ 27ထို နောက် ကော် နေ လိ နှင့် စ ကား ပြော လျက် ဝင် သွား သော် လူ အ များ စု ရုံး သည် ကို တွေ့ မြင်၍၊ 28ပေ တ ရု က သင် တို့ သိ ကြ သည့် အ တိုင်း ယု ဒ အ မျိုး သား ဖြစ် သူ သည် လူ မျိုး ခြား နှင့် ဆက် ဆံ ပေါင်း ဖော် သော ထုံး စံ မ ရှိ သော် လည်း မည် သူ ကို မျှ မ သန့် မ စင် ကြယ် ဟူ၍ မ ခေါ် သင့် ကြောင်း ငါ့ အား ဘု ရား သ ခင် ဖော် ပြ တော် မူ သော ကြောင့်၊ 29ခေါ် ဖိတ် ကြ သည့် အ လျောက် မ ငြင်း မ ဆို ငါ လိုက် လာ ပြီ။ သို့ ဖြစ်၍ မည် သည့် အ တွက် ငါ့ ကို ခေါ် ဖိတ် ကြ ကြောင်း ငါ မေး သည် ဟု ပြော ဆို၏။ 30ကော် နေ လိ က လည်း ယ မန် လေး ရက်၊ ယ ခု အ ချိန် မွန်း လွဲ သုံး နာ ရီ တွင် အိမ်၌ ကျွန် တော် ပ ဌ နာ ပြု နေ စဉ် ဖွဲ့ ဖြူ ဆင် ယင် သူ တစ် ပါး သည် ကျွန် တော့် ရှေ့ ရပ် လာ လျက်၊ 31အို ကော် နေ လိ၊ ဘု ရား သ ခင် သည် သင့် ပ ဌ နာ ကို နား ညောင်း၍ စွန့် ကြဲ ပေး ကမ်း မှု များ ကို လည်း မှတ် သား တော် မူ လေ ပြီ။ 32သို့ ဖြစ်၍ ယု ပ္ပေ မြို့ သို့ လူ လွှတ် ပြီး လျှင် ပေ တ ရု ဘွဲ့ ခံ ရှိ မုန် ကို ပင့် ခေါ် လော့။ ထို သူ သည် ပင် လယ် ကမ်း အ နီး၊ သား ရေ နယ် ဆ ရာ ရှိ မုန့် အိမ် တွင် တည်း ခို လျက် နေ သည် ဟု မိန့် ဆို သည့် အ တိုင်း၊ 33ကိုယ် တော့် ထံ ချက် ချင်း လူ လွှတ် လိုက် ရာ ရောက် လာ တော် မူ သည် မှာ ကျေး ဇူး ကြီး လှ ပါ သည်။ ကိုယ် တော့် အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ ကို ကြား နာ ရန် ကျွန် တော် အ ပေါင်း တို့ သည် ဘု ရား သ ခင့် မျက် မှောက် တော် တွင် ယ ခု ရှိ နေ ကြ ပါ သည် ဟု ပြန် လျှောက်၏။
34ထို အ ခါ နှုတ် မြွက်၍ ပေ တ ရု က၊ ဘု ရား သ ခင် သည် မျက် နှာ ကြီး ငယ် မ ထောက် ဘဲ၊ 35လူ မျိုး တိုင်း၌ ကိုယ် တော့် အား ခန့် ညား၍ ကောင်း သော အ မှု ပြု ကျင့် သူ တို့ ကို လက် ခံ တော် မူ ကြောင်း မု ချ ငါ သိ ပြီ။ 36-37ဗ တ္တိ ဇံ တ ရား ကို ယော ဟန် ဟော ပြီး နောက် ဂါ လိ လဲ နယ် က စ၍ ယု ဒ ပြည် လုံး နှံ့ ကြေ ညာ သော သ တင်း၊ လူ ခပ် သိမ်း တို့ အ ရှင် သ ခင် ဖြစ် တော် မူ သော ယေ ရှု ခ ရစ် အား ဖြင့် ဣ သ ရေ လ အ မျိုး သား တို့ အား ကြော် ငြာ သော ငြိမ် သက် ခြင်း ဆိုင် ရာ သ တင်း တော် မြတ် ကိုလည်း ကောင်း၊ 38နာ ဇ ရက် မြို့ သား ယေ ရှု သည် သန့် ရှင်း သော ဝိ ညာဉ် တော် တန် ခိုး တော် နှင့် ဘု ရား သ ခင့် ထံ ဘိ သိက် တော် ခံ ရ ပြီး လျှင် ကိုယ် တော် နှင့် အ တူ ဘု ရား သ ခင် ရှိ တော် မူ သည် နှင့် အ ညီ ကျေး ဇူး ပြု လျက် မာရ် နတ် နှိပ် စက် သူ ခပ် သိမ်း ကို ကျန်း မာ စေ လျက် လှည့် လည် နေ သည် ကို လည်း ကောင်း သင် တို့ သိ ကြ လေ ပြီ။ 39ငါ တို့ လည်း ယေ ရု ရှ လင် မြို့ မှ စ၍ ယု ဒ လူ မျိုး တို့ တိုင်း ပြည်၌၊ ထို အ ရှင် ပြု သ မျှ အ ကြောင်း မျက် မြင် သက် သေ ဖြစ် ကြ ပါ၏။ ထို အ ရှင် ကို ပင် ကား တင်၍ ကွပ် မျက် ကြ သော်၊ 40-41သုံး ရက် လည် သော နေ့ တွင် ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ သည့် အ တိုင်း သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ပြီး နောက် ပြည် သူ ပြည် သား အ ပေါင်း တို့ အား မ ဟုတ်၊ သက် သေ အ ဖြစ် ဘု ရား သ ခင် တင် ကူး ရွေး ကောက် တော် မူ သူ၊ အ တူ စား သောက် ခွင့် ရ သူ ငါ တို့ အား ထင် ရှား ခွင့် ရ တော် မူ သည့် ပြင်၊ 42ရှင် သူ၊ သေ သူ တို့၏ တ ရား မင်း အ ဖြစ် ဘု ရား သ ခင် ခန့် ထား တော် မူ သော အ ရှင် ဖြစ် ကြောင်း ပြည် သူ ပြည် သား တို့ အား ဟော ပြော လျက် သက် သေ ခံ ကြ စေ ရန် ငါ တို့ ကို မိန့် မှာ တော် မူ၏။ 43ထို အ ရှင် ကို ယုံ ကြည် သော သူ တိုင်း နာ မ တော် အား ဖြင့် အ ပြစ် ပြေ လွတ် ခွင့် ရ မည် ဟူ၍ ပ ရော ဖက် ရှိ သ မျှ တို့ သက် သေ ခံ ကြ သည် ဟု ဟော ပြော လေ၏။
44ထို သ တင်း ကို ပေ တ ရု ပြန် ကြား စဉ် တ ရား တော် ကို ကြား နာ သူ ရှိ သ မျှ တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် သက် ရောက် တော် မူ၏။ 45-46လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ရ သူ တို့ အ နက် ယုံ ကြည်၍ ပေ တ ရု နှင့် လိုက် လာ သူ တို့ သည် ဘာ သာ စ ကား ထူး ပြော ဆို လျက် ဘု ရား သ ခင့် ဂုဏ် တော် ချီး မြှောက် ကြ သည် ကို ကြား ရ သည် နှင့် လူ မျိုး ခြား တို့ အ ပေါ် သို့ လည်း သန့် ရှင်း သော ဝိ ညာဉ် တော် ဆု ကျေး ဇူး ကို သွန်း လောင်း တော် မူ သည့် အ တွက် အံ့ သြ ကြ ရာ၊ 47ပေ တ ရု က ငါ တို့ နည်း တူ သန့် ရှင်း သော ဝိ ညာဉ် တော် ခံ ရ ပြီး ဖြစ် သော ဤ သူ တို့ သည် ဗ တ္တိ ဇံ မင်္ဂ လာ မ ခံ ရ စေ ခြင်း ငှါ ရေ ကို မည် သူ ကန့် ကွက် နိုင် သ နည်း ဟု ဆို ပြီး လျှင်၊ 48ယေ ရှု ခ ရစ်၏ နာ မ တော်၌ ဗ တ္တိ ဇံ မင်္ဂ လာ ပေး ရန် အ မိန့် ရှိ၏။ ထို သူ တို့ လည်း ပေ တ ရု ကို နေ့ ရက် အ တန် ကြာ တည်း နေ စေ ရန် တောင်း ပန် ကြ၏။

ಪ್ರಸ್ತುತ ಆಯ್ಕೆ ಮಾಡಲಾಗಿದೆ:

တ~မန်~တော်~ဝ~တ္ထု။ 10: GHB

Highlight

ಹಂಚಿಕೊಳ್ಳಿ

ಕಾಪಿ

None

Want to have your highlights saved across all your devices? Sign up or sign in