Logo YouVersion
Icona Cerca

လုကာ 23

23
ပိလတ်မင်း​ထံ၌ စစ်ဆေးခံရတော်မူခြင်း
1ထို့နောက် တရားလွှတ်တော်​တစ်ဖွဲ့လုံး​သည် ယေရှု​ကို ရောမ​ဘုရင်ခံ​ပိလတ်မင်း​ထံသို့ ခေါ်ဆောင်သွားကြ၏။ 2ထို​သူတို့​က “ဤ​သူ​သည် ပြည်သူလူထု​ကို လမ်းမှားစေ​၍ ဆီဇာဘုရင်​ထံ အခွန်​ပေးဆောင်ခြင်း​အား တားမြစ်နေသည်​ကို​လည်းကောင်း၊ မိမိကိုယ်ကိုယ် ခရစ်တော်#23:2 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏​အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ဟူသော ရှင်ဘုရင်​တစ်ပါး​ဖြစ်ကြောင်း ပြောဆိုနေသည်​ကို​လည်းကောင်း အကျွန်ုပ်တို့​တွေ့ရှိပါသည်” ဟု စွပ်စွဲကြ၏။
3ထို့ကြောင့် ပိလတ်မင်း​က ယေရှု​အား “သင်​သည် ဂျူးတို့​၏​ရှင်ဘုရင်​ဖြစ်သလော” ဟု မေးလေ၏။
ယေရှု​က “မင်းကြီး​ဆိုသည့်​အတိုင်း မှန်ပါသည်” ဟု ပြန်​၍ ဖြေတော်မူ၏။
4ထိုအခါ ပိလတ်မင်း​က ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် လူထုတို့​အား “ဤ​လူ​ထံတွင် မည်သည့်​ပြစ်မှု​ကိုမျှ ငါ​မတွေ့” ဟု ဆိုလေ၏။
5သို့သော် သူတို့​က “ဤ​သူ​သည် ဂါလိလဲပြည်​မှစ၍ ဤ​ဒေသ​ထိ​တိုင်အောင် ယုဒပြည်​တစ်လျှောက်လုံး ဟောပြော​သွန်သင်​၍ လူတို့​ကို ရုန်းရင်းဆန်ခတ်​ဖြစ်စေပါသည်” ဟု ပို၍​ပြင်းထန်​စွာ ပြောဆိုကြ၏။
6ထို​စကား​ကို ပိလတ်မင်း​ကြား​သောအခါ “ဤ​သူ​သည် ဂါလိလဲပြည်သား ဖြစ်သလော” ဟု မေးလေ၏။ 7ယေရှု​သည် ဟေရုဒ်​စီရင်ပိုင်သော​နယ်မြေ​၏​ပြည်သား​ဖြစ်ကြောင်း သိရ​သောအခါ ပိလတ်မင်း​သည် ကိုယ်တော်​ကို ဟေရုဒ်​ထံသို့ ပို့လိုက်၏။ ထို​အချိန်​တွင် ဟေရုဒ်​သည် ဂျေရုဆလင်မြို့​တွင် ရှိလေ၏။
8ဟေရုဒ်​သည် ယေရှု​ကို​တွေ့မြင်​သောအခါ အလွန်​ဝမ်းသာလေ၏။ အဘယ်ကြောင့်ဆိုသော် သူ​သည် ကိုယ်တော်​၏​သတင်းတော်​ကို ကြား​၍ ကိုယ်တော်​ကို မြင်​ရန် ကြာမြင့်စွာ​စောင့်နေခဲ့၏။ ကိုယ်တော်​ပြတော်မူမည့် နိမိတ်​လက္ခဏာများ​ကို ရှုစား​ရန်လည်း မျှော်လင့်နေခဲ့၏။ 9သို့ဖြစ်၍ ဟေရုဒ်​သည် ကိုယ်တော်​ကို မေးခွန်း​များစွာ မေးလေ၏။ သို့သော် ကိုယ်တော်​သည် တစ်ခွန်း​မျှ ဖြေတော်မမူပေ။ 10ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​သည် ထ​၍ ပြင်းထန်​စွာ စွပ်စွဲကြ၏။ 11ဟေရုဒ်​နှင့် သူ​၏​စစ်သည်တော်များ​ကလည်း ကိုယ်တော်​ကို မထီလေးစား​ဆက်ဆံ​၍ ပြက်ရယ်ပြု​ကာ အလွန်​တင့်တယ်သော​ဝတ်ရုံ​ကို ဝတ်စေ​လျက် ပိလတ်မင်း​ထံသို့ ပြန်ပို့လိုက်၏။ 12ဟေရုဒ်​နှင့် ပိလတ်မင်း​တို့​သည် ယခင်​က ရန်သူများ​ဖြစ်ကြ​သော်လည်း ထို​နေ့​တွင် မိတ်ဆွေ​ဖြစ်သွားကြ၏။
13ပိလတ်မင်း​က ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ဂျူး​ခေါင်းဆောင်များ​နှင့် ပြည်သူလူထုတို့​ကို ဆင့်ခေါ်​၍ 14“သင်တို့​သည် ဤ​လူ​အား လူထု​ကို ပုန်ကန်စေသူ​အဖြစ် ငါ့​ထံသို့ ခေါ်ဆောင်လာ​သဖြင့် သင်တို့​ရှေ့​တွင် ငါ​စစ်ဆေး၏။ သို့သော်လည်း သင်တို့​စွပ်စွဲထားသော ပြစ်မှုများ​၌ မည်သည့်​ပြစ်ချက်​ကိုမျှ သူ့​ထံတွင် ငါ​မတွေ့ရ။ 15ဟေရုဒ်​သည်လည်း ပြစ်ချက်​မတွေ့​သဖြင့် ငါတို့​ထံ ပြန်ပို့လိုက်၏။ ဤ​လူ​သည် သေဒဏ်​ခံထိုက်သော​ပြစ်မှု တစ်စုံတစ်ခု​မျှ ကျူးလွန်ထားခြင်း​မရှိပါ။ 16ထို့ကြောင့် သူ့​ကို ငါ​ကြိမ်ဒဏ်ပေး​၍ လွှတ်လိုက်ပါမည်” ဟု ဆိုလေ၏။ 17ထို​ပွဲတော်​တွင် ပိလတ်မင်း​သည် လူထု​အတွက် အကျဉ်းသား​တစ်ဦး​ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရလေ့​ရှိ၏။#23:17 အချို့​လက်ရေးမူကျမ်းများ​တွင် ဤ​အပိုဒ်ငယ်​မပါဝင်ပါ။
18သို့သော် ထို​သူတို့​အားလုံး​က “သူ့​ကို​သေဒဏ်ပေးပါ။ ကျွန်ုပ်တို့​အတွက် ဗာရဗ္ဗ​ကို လွှတ်ပေးပါ” ဟု တစ်ပြိုင်နက်တည်း​အော်ဟစ်ကြ၏။ 19ဗာရဗ္ဗ​သည် မြို့​အတွင်း ပုန်ကန်ထကြွမှု​နှင့် လူသတ်မှုတို့​ကြောင့် ထောင်​ထဲ​၌ ချုပ်ထားခံရသူ​ဖြစ်၏။ 20ပိလတ်မင်း​သည် ယေရှု​ကို​လွှတ်လို​သဖြင့် လူထု​အား​ထပ်မံ၍ ပြောဆိုလေ၏။ 21သို့ရာတွင် လူထု​က “လက်ဝါးကပ်တိုင်​တွင် သတ်ပါ။ လက်ဝါးကပ်တိုင်​တွင် သတ်ပါ” ဟူ၍​သာ ဟစ်အော်ကြ၏။
22ပိလတ်မင်း​က “သူ​သည် မည်သို့သော​ပြစ်မှု​ကို ကျူးလွန်သနည်း။ သေဒဏ်ပေး​ရမည့်​ပြစ်မှု​ကို သူ့​ထံတွင် ငါ​မတွေ့ရပါ။ ထို့ကြောင့် သူ့​အား ငါ​ကြိမ်ဒဏ်ပေး​၍ လွှတ်လိုက်မည်” ဟု တတိယ​အကြိမ်​ဆိုလေ၏။
23သို့ရာတွင် လူများ​က ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​တွင် သတ်​ရန် ကျယ်လောင်သော​အသံများ​ဖြင့် အော်ဟစ်​၍ ပြင်းထန်​စွာ တောင်းဆိုကြ၏။ ထိုအခါ သူတို့​၏​အသံများ​က အသာစီးရလေ၏။ 24ထို့ကြောင့် ပိလတ်မင်း​သည် လူထု​တောင်းဆိုသည့်​အတိုင်း စီရင်ချက်​ချမှတ်လိုက်၏။ 25ထို​သူတို့ တောင်းဆိုသည့်​အတိုင်း ပုန်ကန်ထကြွမှု​နှင့် လူသတ်မှုတို့​ကြောင့် ထောင်​ထဲ၌ ချုပ်ထားခံရသော​ဗာရဗ္ဗ​ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်​ပေးလိုက်၏။ ယေရှု​ကို​မူ သူတို့​၏​ဆန္ဒ​အရ စီရင်​ရန် လွှဲအပ်လိုက်လေ၏။
လက်ဝါးကပ်တိုင်​တွင် သတ်ခြင်း
26ယေရှု​အား ခေါ်ဆောင်သွား​စဉ် စစ်သားတို့​သည် ကျေးလက်ဒေသ​မှ​လာသော ကုရေနေမြို့သား#23:26 “ကုရေနေ” သည် မြောက်အာဖရိက​တွင်းမှ မြို့​တစ်မြို့​ဖြစ်သည်။ ရှိမုန်​ကို​ဖမ်းဆီး​၍ လက်ဝါးကပ်တိုင်​ကို​ထမ်းစေ​ပြီးလျှင် ယေရှု​၏​နောက်တော်​မှ​လိုက်စေကြ၏။ 27လူအုပ်ကြီး​သည်လည်း နောက်တော်သို့​လိုက်ကြ၏။ ထို​လူအုပ်ကြီး​ထဲတွင် ယေရှု​အတွက် ဝမ်းနည်း​၍ ငိုကြွေးနေကြသော​အမျိုးသမီးများ​လည်း ပါဝင်၏။ 28ယေရှု​သည် ထို​သူတို့​ဘက်သို့ လှည့်​၍ “ဂျေရုဆလင်မြို့သူတို့… ငါ့​အတွက်​မငိုကြွေးကြနှင့်။ သင်တို့​နှင့် သင်တို့​၏​သားသမီးများ​အတွက်​သာ ငိုကြွေးကြလော့။ 29အဘယ်ကြောင့်ဆိုသော် ‘မြုံသော​အမျိုးသမီး၊ ရင်သွေး​မလွယ်ဖူးသော​ဝမ်း​နှင့် သူငယ်​မစို့ဖူးသော​သားမြတ်​တို့​သည် မင်္ဂလာရှိ၏’ ဟူ၍ ခံယူကြမည့်​နေ့ရက်တို့​သည် ရောက်လာ​လိမ့်မည်​ဖြစ်သောကြောင့် ဖြစ်၏။ 30ထို့နောက် လူတို့​က တောင်များ​ကို ‘ငါတို့​အပေါ်​ပြိုကျပါ’ ဟူ၍​လည်းကောင်း၊ တောင်ကုန်းများ​ကို ‘ငါတို့​အား​ဖုံးအုပ်ကြပါ’#23:30 ဟော ၁၀:၈။ ဟူ၍​လည်းကောင်း ပြောဆိုကြ​လိမ့်မည်။ 31စိမ်းစိုသော​သစ်ပင်​ကို ဤသို့​ပြုကြ​လျှင် ထို​အပင် ခြောက်သွေ့​သောအခါ​၌ မည်သို့​ဖြစ်လိမ့်မည်နည်း” ဟု မိန့်တော်မူ၏။
32လူတို့​သည် အခြားသော ရာဇဝတ်သား​နှစ်ဦး​ကိုလည်း ကိုယ်တော်​နှင့်အတူ သေဒဏ်ပေး​ရန် ခေါ်ဆောင်သွားကြ၏။ 33ဦးခေါင်းခွံ#23:33 တစ်ခါတစ်ရံ “ကရာနီ” ဟု ခေါ်သည်။ “ကရာနီ” ဟူသော အခေါ်အဝေါ်​သည် လက်တင်​ဘာသာစကား “ဦးခေါင်းခွံ” ဟု အဓိပ္ပာယ်​ရှိသော​စကားလုံး​မှ ဆင်းသက်​လာပါသည်။​ဟု ခေါ်သော​အရပ်​သို့ ရောက်ကြ​သောအခါ ကိုယ်တော်​နှင့်​ရာဇဝတ်သား​နှစ်ဦး​ကို လက်ဝါးကပ်တိုင်​တစ်ခုစီ​တွင် ရိုက်ထားကြ၏။ တစ်ဦး​ကို ကိုယ်တော်​၏​လက်ယာတော်ဘက်​နှင့် အခြား​တစ်ဦး​ကို လက်ဝဲတော်ဘက်​တွင် ထားကြ၏။
34ထိုအခါ ယေရှု​က “အို အဖ… သူတို့​အား​ခွင့်လွှတ်တော်မူပါ။ ထို​သူတို့​သည် မိမိတို့​အဘယ်​အမှု​ပြုနေသည်​ကို​ပင် မသိကြပါ” ဟု ဆိုလေ၏။ ထို့နောက် စစ်သားတို့​သည် အဝတ်တော်​ကို မဲနှိုက်​၍ ခွဲဝေကြ၏။#23:34 ဆာ ၂၂:၁၈။
35လူများ​သည်လည်း ရပ်​လျက် စောင့်ကြည့်နေကြ၏။ ဂျူး​ခေါင်းဆောင်များ​က “သူ​သည် တစ်ပါးသူ​ကို​ကယ်၏။ အကယ်၍ သူ​သည် ဘုရားသခင်​ရွေးချယ်သော ခရစ်တော်​မှန်​လျှင် မိမိကိုယ်ကိုယ်​ကယ်တင်ပါစေ” ဟု ယေရှု​အား ပြက်ရယ်ပြု​၍ ပြောဆိုကြ၏။ 36စစ်သားများ​ကလည်း ပြက်ရယ်ပြု​ကာ အထံတော်သို့​လာ​၍ ချဉ်သော​စပျစ်ဝိုင်​ကို တိုက်​လျက် 37“သင်​သည် ဂျူးတို့​၏​ရှင်ဘုရင် မှန်​လျှင် သင့်ကိုယ်သင်​ကယ်လော့” ဟု ဆိုကြ၏။ 38ဦးခေါင်းတော်​အထက်​တွင် “ဤ​သူ​သည် ဂျူးတို့​၏​ရှင်ဘုရင်​ဖြစ်၏” ဟု ကမ္ပည်း​ရေးထိုးထား၏။
39လက်ဝါးကပ်တိုင်​တွင် ရိုက်ထားခြင်း​ခံရသော​ရာဇဝတ်သား​နှစ်ဦး​အနက် တစ်ဦး​က ယေရှု​အား “သင်​သည် ခရစ်တော်​မဟုတ်လော။ သင့်ကိုယ်သင်​ကယ်လော့။ ငါတို့​ကို​လည်း ကယ်လော့” ဟု ကဲ့ရဲ့​ပြောဆိုလေ၏။
40သို့ရာတွင် အခြားသော​ရာဇဝတ်သား​က ထို​သူ​အား “သင်​သည် သူ​နှင့်​တူညီသော​ပြစ်ဒဏ် ခံရ​လျက်​ပင် ဘုရားသခင်​ကို မကြောက်သလော။ 41ငါတို့​သည် အမှန်​ပင် ကိုယ့်​ပြစ်မှုများ​အတိုင်း ထိုက်သင့်သည့်​ပြစ်ဒဏ်​ကို တရား​စွာ​ခံရကြ၏။ သို့သော် ဤ​သူ​သည် မည်သည့်​ပြစ်မှု​ကို​မျှ မကျူးလွန်ပါ” ဟု ပြောဆို​ဆုံးမ၏။ 42ထို့နောက် ယေရှု​အား “အရှင်​ယေရှု… ကိုယ်တော်​၏​နိုင်ငံတော်​ထဲသို့ ဝင်တော်မူ​သောအခါ အကျွန်ုပ်​ကို သတိရတော်မူပါ” ဟု လျှောက်လေ၏။
43ထိုအခါ ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ ယနေ့ သင်​သည် ငါ​နှင့်အတူ ပရဒိသုဘုံ​တွင်​ရှိ​လိမ့်မည်” ဟု မိန့်တော်မူ၏။
အသက်​ချုပ်တော်မူခြင်း
44ထို​အချိန်​သည် မွန်းတည့်ချိန်#23:44 မူရင်း​ဂရိကျမ်း​မှ တိုက်ရိုက်​ပြန်ဆို​လျှင် “ဆဋ္ဌမ​နာရီ” ဖြစ်သည်။ ဂျူးလူမျိုးများ​သည် အချိန်နာရီ​ကို နံနက်​ခြောက်​နာရီ​မှ စတင်​၍ ရေတွက်​သောကြောင့် “ဆဋ္ဌမ​နာရီ” ဟု ဆိုရာ​တွင် မွန်းတည့် ဆယ့်နှစ်​နာရီ​ကို ဆိုလိုခြင်း​ဖြစ်သည်။​ခန့် ဖြစ်ပြီး မွန်းလွဲ​သုံးနာရီ#23:44 မူရင်း​ဂရိကျမ်း​မှ တိုက်ရိုက်​ပြန်ဆို​လျှင် “နဝမ​နာရီ” ဖြစ်သည်။ ဂျူးလူမျိုးများ​သည် အချိန်နာရီ​ကို နံနက်​ခြောက်​နာရီ​မှ စတင်​၍ ရေတွက်​သောကြောင့် “နဝမ​နာရီ” ဟု ဆိုရာ​တွင် မွန်းလွဲ သုံး​နာရီ​ကို ဆိုလိုခြင်း​ဖြစ်သည်။​တိုင်အောင် မြေပြင်​တစ်ခွင်လုံး​သည် အမှောင်ဖုံးလေ၏။ 45နေရောင်​သည်လည်း ကွယ်ပျောက်လေ၏။ ဗိမာန်တော်​၏​ကန့်လန့်ကာ​သည် နှစ်ခြမ်း​ကွဲလေ၏။ 46ထို့နောက် ယေရှု​သည် ကျယ်လောင်သော​အသံ​ဖြင့် “အို အဖ… အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို အဖ​၏​လက်တော်​သို့ အပ်ပါ၏”#23:46 ဆာ ၃၁:၅။ ဟု ဆို​လျက် အသက်​ချုပ်တော်မူ၏။
47ဤ​အဖြစ်အပျက်​ကို ရောမ​တပ်မှူး#23:47 “စစ်သား​တစ်ရာ​ကို အုပ်ချုပ်ရသော တပ်မှူး” ကို ဆိုလိုသည်။​သည် မြင်တွေ့​သောအခါ “ဤ​သူ​သည် အမှန်ပင်​ဖြောင့်မတ်သော​သူ ဖြစ်သည်” ဟု ဆို​ကာ ဘုရားသခင်​ကို​ချီးမွမ်းလေ၏။ 48ထို​အမှု​ကို အတူတကွ လာရောက်​ကြည့်ရှုကြသော လူထု​အားလုံး​သည် ဤ​အဖြစ်အပျက်​ကို မြင်​သောအခါ မိမိတို့​၏​ရင်ဘတ်များ​ကို​ထု​လျက် လှည့်ပြန်သွားကြ၏။ 49ဂါလိလဲပြည်​မှ နောက်တော်​သို့ လိုက်ခဲ့ကြသော​အမျိုးသမီးများ​မှစ၍ ယေရှု​၏​အသိ​မိတ်ဆွေ​အပေါင်းတို့​သည် ဤ​အရာများ​ကို အဝေး​က ရပ်​လျက် စောင့်ကြည့်နေကြ၏။
ယေရှု​ကို သင်္ဂြိုဟ်ခြင်း
50ထို​အချိန်​တွင် ဖြောင့်မတ်​၍ သူတော်ကောင်း​ဖြစ်သော ယုဒပြည် အရိမဿဲမြို့သား ယောသပ်​ဟု ခေါ်သည့်​သူ​တစ်ဦး​ရှိ၏။ သူသည် တရားလွှတ်တော်​အဖွဲ့ဝင်​တစ်ဦး​ဖြစ်ပြီး 51လွှတ်တော်​အဖွဲ့​၏​ဆုံးဖြတ်ချက်​နှင့် လုပ်ဆောင်ချက်​ကို လက်မခံသော​သူ​ဖြစ်၏။ ဘုရားသခင်​၏​နိုင်ငံတော်​ကို စောင့်မျှော်နေသော​သူ​လည်း ဖြစ်၏။ 52သူ​သည် ပိလတ်မင်း​ထံသို့​သွား​၍ ယေရှု​၏​အလောင်းတော်​ကို တောင်းလေ၏။ 53ထို့နောက် အလောင်းတော်​ကို လက်ဝါးကပ်တိုင်​ပေါ်မှ ချ​၍ ပိတ်ချော​နှင့်​ရစ်ပတ်​ပြီးလျှင် မည်သူ့​ကို​မျှ မသင်္ဂြိုဟ်​ဖူးသေးသော ကျောက်ဆောင်​ကို​ထွင်းထားသည့်​သင်္ချိုင်းဂူ​တွင် သင်္ဂြိုဟ်၏။ 54ထို​နေ့​သည် ပြင်ဆင်ရာနေ့​ဖြစ်​၍ ဥပုသ်နေ့​သို့ ကူး​ရန် နီးကပ်လာပြီ​ဖြစ်၏။
55ဂါလိလဲပြည်​မှ ယေရှု​နှင့်အတူ ရောက်လာကြသော​အမျိုးသမီးများ​က ယောသပ်​နောက်သို့​လိုက်​သဖြင့် သင်္ချိုင်းဂူ​နှင့် အလောင်းတော်​အား မည်ကဲ့သို့​ထားသည်​ကို တွေ့မြင်ကြရ၏။ 56ပြီးမှ အိမ်​သို့ ပြန်​၍ အမွှေးနံ့သာများ​နှင့် ဆီမွှေး​တို့​ကို​ပြင်ဆင်ကြ၏။ ထို့နောက် ပညတ်တော်​အရ ဥပုသ်နေ့​တွင် အနားယူကြ၏။

Attualmente Selezionati:

လုကာ 23: BCB

Evidenziazioni

Condividi

Copia

None

Vuoi avere le tue evidenziazioni salvate su tutti i tuoi dispositivi?Iscriviti o accedi