ရှင်~လု~ကာ 22

22
1ပ သ ခါ ခေါ် တ ဆေး မဲ့ မုန့် ပွဲ တိုင် လု နီး သော် ပြည် သူ ပြည် သား တို့ ကို ကြောက် ရွံ့ လျက် နေ သော ပ ရော ဟိတ် ကြီး နှင့် ကျမ်း တတ် ဆ ရာ တို့ သည်၊ 2ကိုယ် တော် ကို မည် သို့ ကွပ် မျက် ရ မည့် အ ကြောင်း ရှာ ကြံ ကြ စဉ်၊ 3တစ် ဆယ့် နှစ် ပါး အ ပါ အ ဝင် ဣ ရှ ကာ ယုတ် ခေါ် ယု ဒ ထဲ သို့ စာ တန် ဝင်၍၊ 4ထို သူ သည် ပ ရော ဟိတ် ကြီး နှင့် မ ဟာ ဒါန် ဝန် တို့ ထံ သွား လျက် မည် သို့ ပို့ အပ် နိုင် ကြောင်း တိုင် ပင် ကြ ရာ၊ 5ထို သူ တို့ ဝမ်း မြောက်၍ ငွေ ပေး မည် ဟု ပ ဋိ ညာဉ် ပြု သည့် အ တိုင်း၊ 6ယု ဒ ဝန် ခံ ပြီး လျှင် လူ ပ ရိ သတ် မ ပါ ဘဲ ပို့ အပ် ရန် အ ချိန် အ ခွင့် ကို ရှာ ကြံ လျက် နေ ၏။
7ပ သ ခါ ယဇ် စီ ရင် ရ သော တ ဆေး မဲ့ မုန့် ပွဲ နေ့ တိုင် သည့် ကာ လ၊ 8ကိုယ် တော် သည် ပေ တ ရု နှင့် ယော ဟန် အား ငါ တို့ စား ရန် ပ သ ခါ ပွဲ ကို သွား၍ ပြင် ဆင် ကြ ဟု မိန့် ဆို လျက် စေ လွှတ် တော် မူ သော်၊ 9မည် သည့် အ ရပ် တွင် ပြင် ဆင် စေ လို တော် မူ ပါ သ နည်း ဟု မေး လျှောက် ကြ ရာ၊ 10ကိုယ် တော် က မြို့ တွင်း သို့ ဝင် မိ လျှင် ရေ အိုး ထမ်း သွား သူ တစ် ယောက် ကို တွေ့ ကြ လိမ့် မည်။ သူ ဝင် ရာ အိမ် ရောက် လိုက် သွား ပြီး မှ အိမ် ရှင် အား၊ 11ဆ ရာ က တ ပည့် တို့ နှင့် တ ကွ ပ သ ခါ ပွဲ ကို ငါ သုံး ဆောင် ရ မည့် ဧည့် ခန်း အ ဘယ် မှာ နည်း ဟူ၍ မေး လိုက် ကြောင်း ကြား ပြော ကြ လော့။ 12ခင်း ကျင်း ထား သော အ ထက် ခန်း ကြီး ကို ပြ လိမ့် မည်။ ပြင် ဆင် ကြ ဟု မိန့် တော် မူ၏။ 13တ ပည့် တော် တို့ သည် သွား လျက် မိန့် တော် မူ လိုက် သည့် အ တိုင်း တွေ့၍ ပ သ ခါ ပွဲ ကို ပြင် ဆင် ကြ ပြီး နောက်၊ 14အ ချိန် နာ ရီ စေ့ သော် တ မန် တော် တို့ နှင့် တ ကွ စား ပွဲ ထိုင် တော် မူ စဉ်၊ 15ကိုယ် တော် က စီ ရင် ခြင်း ကို ငါ မ ခံ မီ ဤ ပ သ ခါ ပွဲ ကို သင် တို့ နှင့် အ တူ သုံး ဆောင် ရန် အ လွန် သ ဘော ရှိ၏။ 16ဘု ရား သ ခင့် နိုင် ငံ တော် တွင် ထို ပွဲ တော် မ ပြည့် စုံ မီ ယ ခု မှ တစ် ပါး သုံး ဆောင် တော့ မည် မ ဟုတ် ငါ ဆို သည် ဟု မိန့် တော် မူ၏။ 17ထို နောက် ကိုယ် တော် သည် ဖ လား ကို ခံ ယူ လျက် ကျေး ဇူး တော် ကို ချီး မွမ်း ပြီး လျှင် ယူ၍ အ ချင်း ချင်း ဝေ ငှ ကြ လော့။ 18ဘု ရား သ ခင့် နိုင် ငံ တော် မ တည် မီ ယ ခု မှ တစ် ပါး စ ပျစ် ရည် ကို သောက် တော့ မည် မ ဟုတ် ငါ ဆို သည် ဟု မိန့် တော် မူ၏။
19မုန့် ကို လည်း ယူ၍ ကျေး ဇူး တော် ကို ချီး မွမ်း ပြီး လျှင် ဖဲ့ တော် မူ လျက် ဤ ကား သင် တို့ အ ဖို့ စွန့် သော ငါ့ ကိုယ် ခ န္ဓာ တည်း။ ငါ့ ကို သ တိ ရ ခြင်း ငှာ ဤ သို့ ပြု ကြ လော့ ဟု မိန့် ဆို၍ တ ပည့် တော် တို့ အား ပေး တော် မူ ၏။ 20ထို နည်း တူ အ ဟာ ရ သုံး ပြီး နောက် ဖ လား ကို ယူ ပြန်၍ ဤ ဖ လား ကား သင် တို့ အ ဖို့ သွန်း သော ငါ့ အ သွေး ဖြင့် ဖွဲ့ သည့် ပ ဋိ ညာဉ် တော် သစ် တည်း။ 21-22ငါ့ ကို ပို့ အပ် သော သူ၏ လက် သည် ငါ့ အ နီး စား ပွဲ ပေါ် တွင် ရှိ သည် မှာ ပြ ဌာန်း ပြီး ဖြစ် သည့် အ တိုင်း လူ့ သား သွား ရ မည် မှန် သော် လည်း ပို့ အပ် သူ၌ အ မင်္ဂ လာ ရှိ သည် ဟု မိန့် တော် မူ ရာ၊ 23တ ပည့် တော် တို့ သည် ထို အ မှု အ ရာ ကို မည် သူ ပြု ဝံ့ ကြောင်း အ ချင်း ချင်း မေး မြန်း ကြ ၏။
24၎င်း ပြင် တ မန် တော် တို့ အ နက် မည် သူ့ ကို အ ကြီး အ မြတ် မှတ် ယူ ထိုက် ကြောင်း အ ငြင်း အ ခုန် ဖြစ် ကြ သော်၊ 25ကိုယ် တော် က လူ မျိုး ခြား ဘု ရင် မင်း တို့ သည် အ စိုး တ ရ ပြု တတ် ကြ၏။ အာ ဏာ ပိုင် တို့ လည်း ကျေး ဇူး ရှင် ဟူ၍ အ ခေါ် ခံ တတ် ကြ ၏။ 26သင် တို့ တွင် မူ ကား ထို သို့ မ ဖြစ် စေ ရ။ ကြီး မြတ် သူ သည် သိမ် ငယ် သူ ကဲ့ သို့လည်း ကောင်း၊ အ ကြီး အ မှူး ဖြစ် သူ သည် အ စေ ခံ ကဲ့ သို့ လည်း ကောင်း ဖြစ် စေ။ 27စား ပွဲ ထိုင် သူ၊ အ စေ ခံ သူ တို့ အ နက် မည် သူ ကြီး မြတ် သ နည်း။ စား ပွဲ ထိုင် သူ မ ဟုတ် လော။ ငါ မူ ကား သင် တို့ ဘောင် တွင် အ စေ ခံ သ ဖွယ် ဖြစ် ၏။ 28သို့ သော် လည်း သင် တို့ သည် ငါ စုံ စမ်း ခံ စဉ် ငါ နှင့် အ တူ တည် မြဲ သူ များ ဖြစ် သ ဖြင့်၊ 29-30ငါ့ အား နိုင် ငံ တော် ကို ခ မည်း တော် လွှဲ အပ် တော် မူ သည့် နည်း တူ ထို နိုင် ငံ တော် တွင် စား ပွဲ တော် ထိုင် လျက် စား သောက် ခွင့် ကို ငါ လွှဲ အပ် သည့် အ လျောက် သင် တို့ သည် ပ လ္လင် များ ထက် ထိုင် လျက် ဣ သ ရေ လ ဆယ့် နှစ် နွယ် ကို တ ရား စီ ရင် ရ ကြ လ တ္တံ့။ 31အို ရှိ မုန်၊ ရှိ မုန်၊ စာ တန် သည် ဆန် ခါ နှင့် ချ သ ကဲ့ သို့ သင် တို့ ကို ချ ခွင့် ပန်၍ ရ လေ ပြီ။ 32သို့ ရာ တွင် ယုံ ကြည် ခြင်း မ ပျက် ကွက် စေ ရန် သင့် အ ဖို့ ငါ တောင်း လျှောက်၏။ သင် လည်း စိတ် ပြောင်း လဲ သော် ညီ အစ် ကို ချင်း တို့ ကို အား ပေး လော့ ဟု မိန့် တော် မူ၏။ 33ထို ကာ လ ရှိ မုန် က အ ရှင် ဘု ရား၊ တ ပည့် တော် သည် ထောင် ကျ ရာ သို့လည်း ကောင်း၊ အ သေ ခံ ရာ သို့လည်း ကောင်း၊ ကိုယ် တော် နှင့် လိုက် ရန် အ သင့် ရှိ ပါ သည် ဟု ပြန် လျှောက် ရာ၊ 34ကိုယ် တော် က အို ပေ တ ရု၊ ငါ့ ကို မ သိ ဟူ၍ သုံး ကြိမ် တိုင် သင် မ ငြင်း ဆို မီ ယ နေ့ ကြက် တွန် မည် မ ဟုတ် ငါ ဆို သည် ဟု မိန့် တော် မူ၏။
35၎င်း ပြင် ကိုယ် တော် က သင် တို့ ကို ငွေ အိတ်၊ လွယ် အိတ်၊ ဖိ နပ် မ ပါ ဘဲ ငါ စေ လွှတ် သည့် ကာ လ တစ် စုံ တစ် ရာ လို ကြ သ လော ဟု မေး တော် မူ သော် မ လို ပါ ကြောင်း ပြန် လျှောက် ကြ ရာ၊ 36ယ ခု မူ ကား ငွေ အိတ် ရှိ သူ ယူ စေ။ လွယ် အိတ် ကို လည်း ယူ စေ။ ဓား မ ရှိ သူ သည် ခြုံ ထည် ကို ရောင်း ချ၍ ဝယ် စေ။ 37ငါ ဆို သည် မှာ ငါ နှင့် စပ် လျဉ်း သော အ ချက် ချက် ပြီး စီး ရ မည့် အ လျောက် မ တ ရား သူ တို့ စာ ရင်း သွင်း ပြီ ဟူ သော ကျမ်း ချက် လည်း ငါ၌ ပြည့် စုံ ရ မည် ဟု မိန့် တော် မူ လျှင်၊ 38အ ရှင် ဘု ရား၊ ဓား နှစ် စင်း ပါ ပါ ကြောင်း လျှောက် ကြ သော် တော် ပြီ ဟု မိန့် တော် မူ၏။
39ထို နောက် ကိုယ် တော် သည် ထွက်၍ အ လေ့ တော် အ တိုင်း သံ လွင် တောင် သို့ ကြွ တော် မူ ရာ တ ပည့် တော် တို့ လိုက် ကြ၏။ 40ရောက် တော် မူ သော် ကိုယ် တော် က၊ စုံ စမ်း ရာ မ လိုက် မ ပါ မည့် အ ကြောင်း တောင်း လျှောက် ကြ လော့ ဟု မိန့် တော် မူ ပြီး လျှင်၊ 41ခဲ တစ် ပစ် ခန့် ထွက် ခွာ၍ ဒူး ထောက် လျက်၊ 42အို အ ဘ အ လို တော် ရှိ လျှင် ဤ ခွက် ကို အ ကျွန်ုပ် မှ ရုပ် သိမ်း တော် မူ ပါ။ သို့ သော် လည်း အ ကျွန်ုပ် အ လို အ တိုင်း မ ဟုတ်။ အ လို တော် အ တိုင်း ဖြစ် စေ တော် မူ ပါ ဟု တောင်း လျှောက် တော် မူ စဉ်၊ 43စေ တ မန် တော် တစ် ပါး သည် ကောင်း ကင် မှ ထင် ရှား၍ ကိုယ် တော် ကို အား ပေး ၏။ 44ကိုယ် တော် သည် ပြင်း ထန် သော ဝေ ဒ နာ ခံ စား၍ အ ရင် ထက် စိတ် အား ကြီး စွာ တောင်း လျှောက် တော် မူ စဉ် ဇော ချွေး တော် သည် သွေး စိုင် များ သ ဖွယ် မြေ ပေါ် သို့ ကျ ၏။ 45တောင်း လျှောက် ပြီး မှ ထ၍ တ ပည့် တော် တို့ ရှိ ရာ သို့ ကြွ ပြန် သော် ပူ ပန် စွာ အိပ် နေ ကြ သည် ကို တွေ့ သ ဖြင့်၊ 46အ ဘယ့် ကြောင့် အိပ် နေ ကြ သ နည်း။ စုံ စမ်း ရာ မ လိုက် မ ပါ အံ့ သော ငှာ နိုး ထ တောင်း လျှောက် ကြ လော့ ဟု မိန့် တော် မူ၏။
47ထို သို့ မိန့် တော် မူ စဉ် ပင် လူ အ မြောက် အ မြား နှင့် တ ကွ ယု ဒ ခေါ် တစ် ဆယ့် နှစ် ပါး ပါ ဝင် သူ သည် ဦး တည်၍ ယေ ရှု ကို နမ်း ရှုပ် ရန် ချဉ်း ကပ် ရာ၊ 48ယေ ရှု က အို ယု ဒ၊ လူ့ သား ကို နမ်း ရှုပ်၍ ပို့ အပ် သ လော ဟု မေး တော် မူ လျှင်၊ 49မည် သို့ ဖြစ် ပျက် မည် ကို နောက် တော် ပါ တို့ သိ မြင် ကြ သော် အ ရှင် ဘု ရား၊ ဓား နှင့် ခုတ် ရ မည် လော ဟု မေး လျှောက် လျက်၊ 50တစ် ယောက် သည် ပ ရော ဟိတ် မင်း၏ ကျွန် ကို ခုတ်၍ လက်ျာ နား ရွက် ပြတ် လေ ၏။ 51ထို အ ခါ ယေ ရှု က ဤ မျှ တိုင် ခွင့် ရ ပါ စေ ဟု မိန့် ဆို လျက် ထို ကျွန်၏ နား ကို တို့၍ ကျန်း မာ စေ တော် မူ၏။ 52ထို နောက် ရောက် လာ ကြ သော ပ ရော ဟိတ် ကြီး များ၊ ဗိ မာန် တော် မ ဟာ ဒါန် ဝန် များ၊ လူ ကြီး များ တို့ အား ယေ ရှု က သင် တို့ သည် ဓား တုတ် လက် နက် စွဲ ကိုင် လျက် ဓား ပြ ဖမ်း ထွက် သ ကဲ့ သို့ လာ ကြ သ လော။ 53ငါ သည် ဗိ မာန် တော် တွင် သင် တို့ နှင့် နေ့ တိုင်း ရှိ စဉ် မ ဖမ်း ကြ ပါ တ ကား။ ဤ အ ချိန် မှာ သင် တို့ အ ချိန်၊ မှောင် မိုက် တန် ခိုး အ ချိန် ဖြစ် ပေ သည် ဟု မိန့် တော် မူ၏။
54ကိုယ် တော် ကို ဖမ်း ဆီး ပြီး လျှင် ပ ရော ဟိတ် မင်း ကျောင်း တော့် အ တွင်း ယူ သွား ကြ သော်၊ 55ပေ တ ရု သည် အ ဝေး က လိုက်၍ ကျောင်း တော့် တံ တိုင်း အ တွင်း မီး ဖို လျက် စု ရုံး ထိုင် နေ ကြ သော သူ တို့ အ လယ်၌ ထိုင် နေ၏။ 56ထို သို့ မီး ရောင် တွင် ထိုင် နေ သည် ကို ကျွန် မ တစ် ယောက် မြင် လျှင် စေ့ စေ့ ကြည့်၍ ဤ သူ လည်း ထို သူ နှင့် လိုက် ပါ သူ ဖြစ် သည် ဟု ဆို သော်၊ 57အ ချင်း မိန်း မ၊ ထို သူ့ ကို ငါ မ သိ ဟု ငြင်း ဆို၏။ 58ခ ဏ ကြာ မှ အ ခြား သူ တစ် ယောက် မြင်၍ သင် လည်း ထို သူ တို့ အ ပေါင်း ပါ ဖြစ် သည် ဟု ဆို ရာ အ ချင်း လူ၊ ငါ မ ဟုတ် ဟု ပေ တ ရု ဆို ပြန်၏။ 59တစ် နာ ရီ ခန့် ကြာ ပြန် သော် အ ခြား တစ် ယောက် က ဤ သူ လည်း ဂါ လိ လဲ နယ် သား ဖြစ် သည့် အ လျောက် ထို သူ နှင့် လိုက် ပါ သူ စင် စစ် ဖြစ် သည် ဟု အ ခိုင် အ မာ ပြော ဆို ရာ၊ 60ပေ တ ရု က အ ချင်း လူ၊ သင် ပြော သည် ကို ငါ မ သိ ဟု ဆို လျှင် ဆို ချင်း ကြက် တွန် လေ၏။ 61အ ရှင် ဘု ရား သည် လှည့် လျက် ပေ တ ရု ကို ရှု ကြည့် တော် မူ ရာ ယ နေ့ ကြက် မ တွန် မီ ငါ့ ကို သုံး ကြိမ် တိုင် သင် ငြင်း ဆို လိမ့် မည် ဟူ သော အ ရှင် ဘု ရား မိန့် တော် မူ ချက် ကို ပေ တ ရု သ တိ ရ၍ ပြင် သို့ ထွက် သွား ပြီး လျှင်၊ 62သည်း စွာ ငို ကြွေး လေ၏။ 63-64ကိုယ် တော် ကို ကိုင် ထား သူ တို့ သည် ရိုက် နှက် ခြင်း၊ မျက် နှာ တော် ကို ဖုံး ခြင်း ကို ပြု လျက် မည် သို့ ရိုက် ကြောင်း ဟော လော့ ဟု သ ရော် ၍ ဆို ပြီး လျှင်၊ 65ကဲ့ ရဲ့ စ ကား များ စွာ ပြော ဆို ကြ၏။
66မိုး သောက် သော် ပ ရော ဟိတ် ကြီး များ၊ ကျမ်း တတ် ဆ ရာ များ တို့ သည် လူ မျိုး တော် တွင် လူ ကြီး တို့ နှင့် တ ကွ စု ရုံး၍ ကိုယ့် လွှတ် တော် သို့ ကိုယ် တော် ကို ယူ သွား ပြီး လျှင် သင် သည် ခ ရစ် တော် ဟုတ် မ ဟုတ် ဖော် ပြ လော့ ဟု ဆို ကြ ရာ၊ 67ကိုယ် တော် က ငါ ဖော် ပြ သော် လည်း သင် တို့ ယုံ ကြ မည် မ ဟုတ်။ 68မေး သော် လည်း ဖြေ ကြ မည် မ ဟုတ်။ 69သို့ ရာ တွင် ယ ခု မှ စ၍ လူ့ သား သည် တန် ခိုး တော့် ရှင် ဘု ရား သ ခင့် ယာ ဘက် တော် တွင် စံ နေ ရ မည် ဟု မိန့် တော် မူ၏။ 70ထို အ ခါ ရှိ သ မျှ တို့ က သို့ ဖြစ် လျှင် သင် သည် ဘု ရား သ ခင့် သား တော် လော ဟု မေး ကြ သော် သင် တို့ ဆို ကြ သည့် အ တိုင်း ငါ ဖြစ် သည် ဟု မိန့် တော် မူ လျှင်၊ 71မည် သည့် သက် သေ လို တော့ သ နည်း။ သူ့ နှုတ် မှ ပင် ငါ တို့ ကိုယ် တိုင် ကြား ရ ပြီ ဟု ဆို လျက်

Sorotan

Berbagi

Salin

None

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk