ယောဟန် 3

3
ယေရှု​နှင့် နိကောဒင်
1ဂျူးလူမျိုး​ခေါင်းဆောင်များ​အနက် နိကောဒင်​ဟု ခေါ်သော ဖာရိရှဲ​တစ်ဦး​ရှိ၏။ 2သူ​သည် ညအခါ ယေရှု​ထံသို့ လာပြီး​လျှင် “ဆရာတော်#3:2 မူရင်း​ဂရိကျမ်း​တွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။ ၃:၂၆ တွင်လည်း ထို့အတူ​ဖြစ်သည်။… ဘုရားသခင်​အတူ​ရှိတော်မမူ​လျှင် ဆရာတော်​ပြုသော​နိမိတ်​လက္ခဏာများ​ကို မည်သူ​မျှ ပြုနိုင်မည်​မဟုတ်သည်​ကို ထောက်​၍ ဆရာတော်​သည် ဘုရားသခင်​ထံတော်​မှ ကြွလာသော​ဆရာ​ဖြစ်ကြောင်း​ကို အကျွန်ုပ်တို့​သိကြပါ၏။ ဆရာတော်​ပြုတော်မူသော နိမိတ်​လက္ခဏာများ​ကို​ထောက်ရှု​၍ ဘုရားသခင်​သည် ဆရာတော်​နှင့်အတူ​ရှိတော်မူသည့် သက်သေ​ထင်ရှားပါ၏” ဟု လျှောက်လေ၏။
3ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ အသစ်တစ်ဖန်​မွေးဖွားခြင်း#3:3 “အသစ်တစ်ဖန်​မွေးဖွားခြင်း” မူရင်း​ဂရိကျမ်း​အရ “အထက်​မှ မွေးဖွားခြင်း” ဟုလည်း အဓိပ္ပာယ်ရသည်။ (၃:၇) မခံရသောသူ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
4နိကောဒင်​က “အသက်ကြီးသောသူ​သည် မည်သို့​လျှင် မွေးဖွားခြင်း​ခံနိုင်ပါမည်နည်း။ သူ​သည် မိခင်​ဝမ်းဗိုက်​ထဲ ပြန်လည်​ဝင်​၍ အသစ်တစ်ဖန်​မွေးဖွားခြင်း​ကို ခံနိုင်ပါမည်လော” ဟု မေးလျှောက်လေ၏။
5ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ ရေ​ဖြင့်​လည်းကောင်း၊ ဝိညာဉ်တော်​ဖြင့်​လည်းကောင်း အသစ်တစ်ဖန်​မွေးဖွားခြင်း မခံရသောသူ​သည် ဘုရားသခင်​၏ နိုင်ငံတော်​သို့ မဝင်နိုင်။ 6အသွေးအသား​အားဖြင့် မွေးဖွားသူ​သည် အသွေးအသား​ဖြစ်၏။ သို့သော် ဝိညာဉ်တော်​အားဖြင့် မွေးဖွားသူ​သည် ဝိညာဉ်​ဖြစ်၏။ 7ထို့ကြောင့် ‘အသစ်တစ်ဖန်​မွေးဖွားခြင်း​ခံရမည်’ ဟု ငါ​ပြောသည်​ကို မအံ့သြနှင့်။ 8လေ​သည် လိုရာ​အတိုင်း တိုက်တတ်၏။ သင်​သည် လေသံ​ကို ကြားရ​သော်လည်း မည်သည့်​အရပ်​က တိုက်​လာသည်၊ မည်သည့်​အရပ်​သို့​တိုက်​လိမ့်မည်​ကို မသိ။ ထို​နည်းတူ ဝိညာဉ်တော်​အားဖြင့် လူတို့​ကို မည်ကဲ့သို့ မွေးဖွားကြောင်း သင်​မသိနိုင်” ဟု မိန့်တော်မူ၏။
9နိကောဒင်​က “ဤ​အရာတို့​သည် မည်သို့​ဖြစ်နိုင်ပါမည်နည်း” ဟု လျှောက်၏။
10ယေရှု​က “သင်​သည် အစ္စရေးလူမျိုးတို့​၏ ဓမ္မဆရာ​ဖြစ်​လျက်​နှင့်​ပင် ဤ​အရာများ​ကို နားမလည်သလော။ 11ငါ​အမှန်​ဆိုရ​လျှင် ငါတို့​သည် မိမိ​သိသော​အရာ​ကို ပြောကြ၏။ မိမိ​မြင်ဖူးသော​အရာ​ကို သက်သေခံကြ၏။ သို့သော်လည်း ငါတို့​၏ သက်သေခံချက်​ကို သင်တို့​သည် လက်မခံကြ။ 12လောကီ​နှင့်​ဆိုင်သော အကြောင်းအရာများ​ကို ငါ​ပြော​သောအခါ သင်တို့​မယုံကြည်​လျှင် ကောင်းကင်ဘုံ​နှင့်​ဆိုင်သော အကြောင်းအရာများ​ကို ငါ​ပြော​သော် မည်သို့​ယုံကြည်နိုင်ကြမည်နည်း။ 13ကောင်းကင်ဘုံ​မှ ဆင်းသက်လာသော လူသား#3:13 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​မှလွဲ၍ မည်သူ​မျှ ကောင်းကင်ဘုံ​သို့ မရောက်ဖူး။ 14မောရှေ​သည် တောကန္တာရ​၌ ကြေးမြွေရုပ်​ကို တိုင်ထိပ်​တွင် မြှောက်ထား​သကဲ့သို့ လူသား​သည်လည်း မြှောက်ထားခြင်း​ခံရ​လိမ့်မည်။ 15ဤသို့​ပြုရခြင်း​သည် လူသား​ကို ယုံကြည်သောသူ​တိုင်း ထာဝရ​အသက်​ရရှိ​စေရန်​ဖြစ်၏။
16ဘုရားသခင်​သည် လောကီသားတို့​ကို အလွန်​ချစ်​သောကြောင့် မိမိ​၏​တစ်ပါးတည်းသော​သားတော်​ကို စွန့်တော်မူ၏။ ထိုသို့​စွန့်တော်မူခြင်း​မှာ သားတော်​ကို ယုံကြည်သောသူ​တိုင်း မပျက်စီးဘဲ ထာဝရ​အသက်​ကို ရရှိ​စေရန်​ဖြစ်၏။ 17ဘုရားသခင်​သည် မိမိ​၏ သားတော်​ကို လောက​သို့ စေလွှတ်တော်မူသည်​မှာ လောကီသားတို့​ကို အပြစ်စီရင်​ရန် မဟုတ်။ လောကီသားတို့​ကို သားတော်​အားဖြင့် ကယ်တင်​ရန်​ဖြစ်၏။
18သားတော်​ကို ယုံကြည်သော​သူ​သည် အပြစ်စီရင်ခြင်း​မခံရ။ မယုံကြည်သော​သူ​မှာမူ ဘုရားသခင်​၏ တစ်ပါးတည်းသော​သားတော်​ကို မယုံကြည်​သောကြောင့် ယခု​ပင် အပြစ်စီရင်ခြင်း​ခံရပြီ။ 19အပြစ်စီရင်ခြင်း​ခံရသည့် အကြောင်းရင်း​မှာ ဘုရားသခင်​၏​အလင်းတော်​သည် ဤ​ကမ္ဘာလောက​သို့ ကြွလာ​သော်လည်း လူတို့​သည် အကျင့်ဆိုးတို့​ကို ကျင့်​သောကြောင့် ထို​အလင်းတော်​ထက် အမှောင်ထု​ကို ပို​၍ နှစ်သက်ကြ၏။ 20အကျင့်ဆိုးတို့​ကို ကျင့်သောသူတို့​သည် အလင်း​ကို မုန်းကြ၏။ မိမိတို့​၏ အကျင့်ဆိုးများ ပေါ်လာမည်​ကို စိုး​သောကြောင့် အလင်း​သို့ မချဉ်းကပ်ကြ။ 21သမ္မာတရား​ကို ကျင့်သောသူတို့​ကမူ မိမိတို့​လုပ်ဆောင်​သမျှ​သည် ဘုရားသခင်​၏ အလိုတော်​နှင့်​ညီကြောင်း​ကို ပေါ်လွင်​စေရန် အလင်း​သို့ ချဉ်းကပ်ကြသည်” ဟု မိန့်တော်မူ၏။
ယေရှု​ကို နှစ်ခြင်းဆရာ​ယောဟန် ချီးမြှောက်ဂုဏ်ပြုခြင်း
22ထို့နောက် ယေရှု​သည် တပည့်တော်တို့​နှင့်အတူ ဂျေရုဆလင်မြို့​မှ ယုဒနယ်​သို့​ကြွတော်မူ၏။ ထို​အရပ်​တွင် တပည့်တော်တို့​နှင့်အတူ နေ​၍ နှစ်ခြင်းမင်္ဂလာ​ပေးတော်မူ၏။
23ယောဟန်​သည်လည်း ရှာလိမ်မြို့​အနီး၊ အဲနုန်​အရပ်​တွင် ရေ​ပေါများ​သဖြင့် ထို​အရပ်​၌ နှစ်ခြင်းမင်္ဂလာ ပေး​လျက်​နေ၏။ လူတို့​သည် ယောဟန်​ထံ လာ​၍ နှစ်ခြင်းမင်္ဂလာ​ခံယူကြ၏။ 24ထို​အချိန်​တွင် ယောဟန်​သည် ထောင်​မကျသေးပေ။ 25ထိုအခါ သန့်ရှင်းစင်ကြယ်ခြင်း​ဓလေ့ထုံးတမ်း​နှင့်​ပတ်သက်၍ ယောဟန်​၏ တပည့်များ​နှင့် ဂျူး​လူမျိုး​တစ်ဦး​သည် အငြင်းပွားကြ၏။ 26ထို့ကြောင့် သူတို့​သည် ယောဟန်​ထံသို့ လာ​၍ “ဆရာတော်… ဂျော်ဒန်မြစ်​တစ်ဖက်ကမ်း​တွင် ဆရာတော်​နှင့် တွေ့ဆုံခဲ့သော​သူ​ကို မှတ်မိသေးသလော။ ဆရာတော်​ကပင် ထို​သူ​သည် ခရစ်တော်#3:26 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ဖြစ်ကြောင်း သက်သေခံ​ပေးခဲ့ပါ၏။ ယခု သူ​သည် နှစ်ခြင်းမင်္ဂလာ​ပေး​လျက်​နေပါ၏။ လူအပေါင်းတို့​သည် ကျွန်ုပ်တို့​ထံ​မလာဘဲ ထို​သူ​ထံသို့ သွား​ကြပါသည်” ဟု ဆိုကြ၏။
27ယောဟန်​က “ဘုရားသခင်​သည် ကောင်းကင်ဘုံ​မှ ပေးတော်မမူ​လျှင် လူ​သည် မည်သည့်​အရာ​ကိုမျှ မရရှိ​နိုင်ပါ။ 28‘ငါ​သည် ခရစ်တော်​မဟုတ်။ ခရစ်တော်​၏ ရှေ့တော်ပြေး​သာ ဖြစ်သည်’ ဟု ရှင်းလင်း​စွာ ငါ​ပြောသည်​ကို သင်တို့​သိကြ၏။ 29သတို့သမီး​ကို လက်ထပ်သော​သူ​သည် သတို့သား​ဖြစ်၏။ အနား​တွင် ရပ်​လျက်​ရှိသော​သတို့သား​၏ မိတ်ဆွေ​သည် သတို့သား​၏​အသံ​ကို ကြား​သောအခါ အလွန်​ဝမ်းမြောက်၏။ ထို​ကဲ့သို​ပင် ငါ​သည်လည်း အပြည့်အဝ ဝမ်းမြောက်​လျက်​ရှိ၏။ 30ထို​အရှင်​သည် သာ​၍ တိုးပွား​လာရမည်။ ငါ​မူကား ဆုတ်ယုတ်​လာရမည်။
31အထက်​မှ ကြွလာသော​အရှင်​သည် အရာ​အားလုံး​ထက် ကြီးမြတ်၏။ ကမ္ဘာလောက​မှ ဖြစ်ပွားသော​သူ​သည် လောကီသား​ဖြစ်​၍ လောကီ​နှင့်ဆိုင်သော​အရာများ​ကိုသာ ပြောဆို၏။ ကောင်းကင်ဘုံ​မှ ကြွလာသော​အရှင်​သည် အရာ​အားလုံး​ထက် ကြီးမြတ်၏။ 32ထို​အရှင်​သည် မိမိ​မြင်ခဲ့၊ ကြားခဲ့​သမျှ​ကို သက်သေခံ​သော်လည်း ထို​သက်သေ​ကို မည်သူ​မျှ လက်မခံကြ။ 33ထို​အရှင်​၏ သက်သေ​ကို လက်ခံသော​သူ​ကမူ ဘုရားသခင်​သည် ဖြောင့်မှန်တော်မူသည်​ဟု သတ်မှတ်၏။ 34ဘုရားသခင်​စေလွှတ်တော်မူသောသူ​သည် ဘုရားသခင်​၏​စကားတော်​ကို ပြောဆိုတတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ထို​သူ​အား ဝိညာဉ်တော်​ကို အကန့်အသတ်​မရှိ ပေးတော်မူ​သောကြောင့် ဖြစ်၏။ 35ခမည်းတော်​သည် သားတော်​ကို ချစ်တော်မူ​သဖြင့် အရာ​အားလုံး​ကို သားတော်​လက်​သို့ ပေးအပ်ထားတော်မူပြီ။ 36သားတော်​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ သားတော်​၏​စကား​ကို နားမထောင်သော​သူ​မှာမူ ထာဝရ​အသက်​ကို မရဘဲ ဘုရားသခင်​၏ အမျက်တော်​သည်​သာ ထို​သူ​အပေါ်​၌ တည်နေမည်​ဖြစ်၏” ဟု ဟောလေ၏။

Tällä hetkellä valittuna:

ယောဟန် 3: BCB

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään