တမန်တော် 3
3
ခြေမသန်စွမ်းသူကို အကောင်းပကတိဖြစ်စေခြင်း
1တစ်နေ့သောအခါ ဆုတောင်းရန်မွန်းလွဲသုံးနာရီအချိန်တွင်#3:1 မူရင်းဂရိကျမ်းမှ တိုက်ရိုက်ပြန်ဆိုလျှင် “နဝမနာရီ” ဖြစ်သည်။ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ သွားကြ၏။ 2ထိုအခါ လူတို့သည် မွေးရာပါ ခြေမသန်သူတစ်ဦးကို သယ်ဆောင်လာကြ၏။ သူတို့သည် “လှပသောတံခါး” ဟု ခေါ်တွင်သည့် ဗိမာန်တော်၏တံခါးအနီး၌ ထိုသူကို နေ့စဉ်ထားလေ့ရှိ၏။ ဤသည်မှာ ထိုသူသည် ဗိမာန်တော်သို့ ဝင်သောသူတို့ထံမှ ငွေကြေးတောင်းရမ်းနိုင်ရန်ဖြစ်၏။ 3ထိုသူသည် ဗိမာန်တော်သို့ ဝင်လာသည့်ပေတရုနှင့် ယောဟန်တို့ကို မြင်သောအခါ ငွေကြေးစွန့်ကြဲရန် တောင်းခံလေ၏။
4ပေတရုနှင့် ယောဟန်တို့သည် ထိုသူအား စိုက်ကြည့်ကြ၏။ ပေတရုက “ငါတို့ကို ကြည့်လော့” ဟု ပြော၏။ 5ထိုအခါ ထိုသူသည် တမန်တော်တို့ထံမှ တစ်စုံတစ်ခုကို ရမည်ဟု မျှော်လင့်လျက် မျှော်ကြည့်လေ၏။ 6သို့ရာတွင် ပေတရုက “ငါ့ထံ၌ ရွှေ၊ ငွေမရှိ။ သို့သော်လည်း ငါ့ထံ၌ရှိသောအရာကို သင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်တော်#3:6 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။၏အမည်နာမ၌ ထ၍ လမ်းလျှောက်လော့” ဟု ပြောလေ၏။
7ထို့နောက် ပေတရုသည် ထိုသူ၏လက်ယာလက်ကို ဆွဲထူသဖြင့် သူ၏ခြေထောက်နှင့် ခြေချင်းဝတ်တို့သည် ချက်ချင်းသန်မာလာ၏။ 8ထိုအခါ မတ်တတ်ရပ်လျက် ခုန်ပေါက်ပြီးလျှင် လမ်းလျှောက်လေ၏။ သူသည် လမ်းလျှောက်လျက်၊ ခုန်လျက်၊ ဘုရားသခင်ကို ချီးမွမ်းလျက် တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ ဝင်လေ၏။
9ထိုသို့ လမ်းလျှောက်လျက် ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့ မြင်သော် 10ထိုသူသည် ဗိမာန်တော်၏ လှပသောတံခါးအနီး၌ ထိုင်၍ ငွေကြေးတောင်းရမ်းသောသူဖြစ်ကြောင်း သတိပြုမိကြ၏။ သူတို့သည် ထိုသူ၌ ဖြစ်ပျက်ခဲ့သည့်အခြင်းအရာများကို အလွန်အံ့အားသင့်၍ ရင်သပ်ရှုမောလျက်ရှိကြ၏။ 11သူသည် ပေတရုနှင့် ယောဟန်တို့ကို ဖက်တွယ်ထားလျက်နေစဉ် လူအပေါင်းတို့သည် အလွန်အံ့အားသင့်လျက် သူတို့ရှိရာ “ရှောလမုန်ဆင်ဝင်” ဟု ခေါ်သော ဆင်ဝင်သို့ ပြေးလာကြ၏။
ဗိမာန်တော်၌ ပေတရု တရားဟောခြင်း
12ပေတရုသည် ထိုအရာကို မြင်သောအခါ သူတို့အား “အို အစ္စရေးလူမျိုးတို့… သင်တို့သည် အဘယ်ကြောင့် ဤအဖြစ်အပျက်ကို အံ့သြကြသနည်း။ ငါတို့သည် ကိုယ့်တန်ခိုး၊ ကိုယ့်အကျင့်သီလဖြင့် ဤသူအားလမ်းလျှောက်စေနိုင်သည့်အလား အဘယ်ကြောင့် ငါတို့အား ငေးမောကြည့်ကြသနည်း။ 13အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သော ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် မိမိ၏အစေခံ#3:13 မူရင်းဂရိကျမ်းတွင် “ကလေး” ဟု ဖော်ပြထားပြီး အကြောင်းအရာအပေါ် မူတည်၍ “သား၊” သို့မဟုတ် “အစေခံ” ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ယေရှုအား ဘုန်းကြီးစေတော်မူပြီ။ ထိုယေရှုမှာ ပိလတ်မင်းလက်သို့ သင်တို့အပ်နှံ၍ ပိလတ်မင်းက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဆုံးဖြတ်သော်လည်း သင်တို့ငြင်းပယ်ကြသောသူပင်ဖြစ်၏။ 14သင်တို့သည် သန့်ရှင်းဖြောင့်မတ်သောသူကို ငြင်းပယ်၍ လူသတ်သမားတစ်ဦးကို လွှတ်ပေးရန် တောင်းဆိုကြ၏။ 15သင်တို့သည် အသက်၏အရှင်သခင်ကို သတ်၍ ဘုရားသခင်သည် ထိုသခင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူ၏။ ထိုသို့ ထမြောက်စေတော်မူသည်ကို ငါတို့သည် ကိုယ်တိုင်မြင်တွေ့ကြ၏။
16ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏ နာမတော်သည် ဤလူကို သန်စွမ်းစေတော်မူ၏။ ယခင်က ဤလူသည် ခြေမသန်စွမ်းသူဖြစ်ကြောင်း သင်တို့သိမြင်ကြ၏။ ထိုသခင်အားဖြင့် ရရှိသော ယုံကြည်ခြင်းသည်လည်း ဤခြေမသန်စွမ်းသူအား သင်တို့အားလုံးရှေ့၌ အကောင်းပကတိအတိုင်း ဖြစ်စေပြီ။
17ညီအစ်ကိုတို့… သင်တို့၏အာဏာပိုင်များ ပြုခဲ့ကြသည့်နည်းတူ သင်တို့သည် မသိနားမလည်ဘဲပြုကြသည်ကို ကျွန်ုပ်သိပါ၏။ 18သို့ရာတွင် ခရစ်တော်သည် ဆင်းရဲဒုက္ခခံစားရမည်ဟု ပရောဖက်အပေါင်းတို့၏နှုတ်အားဖြင့် ဘုရားသခင်ကြိုတင်မှာကြားခဲ့သောအမှုများကို ဤသို့ဖြစ်လာစေတော်မူခဲ့၏။ 19ထို့ကြောင့် သင်တို့၏အပြစ်များကို ဘုရားသခင် ဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။ 20ထာဝရဘုရားထံတော်မှ သင်တို့အတွက် လန်းဆန်းအားပြည့်ချိန် ကျရောက်လာလိမ့်မည်။ ထိုအခါ သင်တို့အတွက် ခန့်အပ်ထားတော်မူသည့် ခရစ်တော်တည်းဟူသော ယေရှုကို ဘုရားသခင်သည် သင်တို့ထံ စေလွှတ်တော်မူလိမ့်မည်။ 21ရှေးအခါကပင် သန့်ရှင်းသောပရောဖက်များအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့ကို ပြန်လည်အသစ်ပြုပြင်မည့်အချိန်အထိ ထိုအရှင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူမည်။ 22မောရှေက ‘သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့၏အမျိုးထဲမှ ငါကဲ့သို့သော ပရောဖက်တစ်ပါးကို သင်တို့အတွက် ပေါ်ထွန်းစေတော်မူလိမ့်မည်။ ထိုပရောဖက်ပြောသမျှကို သင်တို့သည် နားထောင်ကြရမည်။ 23ထိုပရောဖက်၏စကားကို နားမထောင်သောသူရှိသမျှတို့သည် လူမျိုးထဲမှ လုံးလုံးဖယ်ရှားခြင်းကို ခံရလိမ့်မည်’#3:23 တရား ၁၈:၁၉၊ ဝတ် ၂၃:၂၉။ ဟု ဟော၏။
24ပရောဖက်ရှမွေလမှစ၍ သူ၏နောက်၌ ပေါ်ထွန်းသော ပရောဖက်ရှိသမျှတို့သည်လည်း ဤနေ့ရက်များကို ဟောပြောခဲ့ပြီ။ 25သင်တို့သည် ပရောဖက်တို့၏သားသမီးများဖြစ်ကြ၍ ဘုရားသခင်နှင့် ဘိုးဘေးတို့အကြား ဖွဲ့သည့် ပဋိညာဉ်တရားတော်နှင့်ဆိုင်သော မျိုးဆက်များလည်း ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံအား ‘သင်၏အမျိုးအနွယ်အားဖြင့် မြေကြီးပေါ်၌ လူမျိုးစုရှိသမျှတို့သည် ကောင်းချီးမင်္ဂလာကို ခံရလိမ့်မည်’ ဟူ၍ မိန့်တော်မူ၏။ 26သင်တို့တစ်ဦးချင်းစီတိုင်းသည် အပြစ်ဒုစရိုက်လမ်းများမှ ပြန်လှည့်လာခြင်းဖြင့် ဘုရားသခင်သည် သင်တို့အား ကောင်းချီးပေးရန် မိမိအစေခံအား ပေါ်ထွန်းစေတော်မူ၍ သင်တို့ထံသို့ ဦးစွာစေလွှတ်တော်မူသည်” ဟု ပြောလေ၏။
Tällä hetkellä valittuna:
တမန်တော် 3: BCB
Korostus
Jaa
Kopioi

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.