ထို့နောက် ပေတရုသည် ထိုသူ၏လက်ယာလက်ကို ဆွဲထူသဖြင့် သူ၏ခြေထောက်နှင့် ခြေချင်းဝတ်တို့သည် ချက်ချင်းသန်မာလာ၏။ ထိုအခါ မတ်တတ်ရပ်လျက် ခုန်ပေါက်ပြီးလျှင် လမ်းလျှောက်လေ၏။ သူသည် လမ်းလျှောက်လျက်၊ ခုန်လျက်၊ ဘုရားသခင်ကို ချီးမွမ်းလျက် တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ ဝင်လေ၏။