က~မ္ဘာ~ဦး~ကျမ်း။ 9

9
1ဘု ရား သ ခင် သည် နော ဧ နှင့် သား တို့ အား ကောင်း ကြီး ပေး တော် မူ၍ များ ပြား စွာ မွေး ဖွား လျက် မြေ ကြီး ကို ပြည့် စေ ကြ လော့။ 2သား ယဉ် သား ရဲ၊ လေ သ တ္တ ဝါ အ စ ရှိ သော မြေ ပေါ် မှာ တွား တတ် သ မျှ နှင့် ရေ သ တ္တ ဝါ အ ပေါင်း တို့ သည်၊ သင် တို့ ကို ကြောက် ရွံ့ တုန် လှုပ် ခြင်း သ ဘော ရှိ ကြ ရ လိမ့် မည်။ ၎င်း တို့ ကို သင် တို့ လက် သို့ ငါ အပ် ပေး ၏။ 3လှုပ် ရှား သွား လာ သော သက် ရှိ တိ ရ စ္ဆာန် ဟူ သ မျှ ကို သင် တို့ စား သုံး ရန် ဖြစ် စေ၍ ဟင်း သီး ဟင်း ရွက် ငါ ပေး ခဲ့ သည့် နည်း တူ ပင် ရှိ သ မျှ ကို လည်း ငါ ပေး ၏။ 4သို့ ရာ တွင် အ သွေး တည်း ဟူ သော အ သက် ပါ ရှိ သည့် အ သား ကို မ စား ကြ ရ။ 5၎င်း ပြင် သင် တို့၏ ကိုယ် စီ ကိုယ် စီ အ သွေး ကို တိ ရ စ္ဆာန် မှ သော် လည်း ကောင်း၊ လူ မှ သော် လည်း ကောင်း၊ ငါ တောင်း ယူ မည်။ လူ ဖော် ချင်း မှ လည်း၊ လူ ၏ အ သက် ကို ငါ တောင်း ယူ မည်။ 6ငါ ဘု ရား သ ခင် သည် ပုံ သ ဏ္ဌာန် တော် နှင့် အ ညီ လူ ကို ဖန် ဆင်း သော ကြောင့် အ ကြင် သူ သည် လူ ၏ အ သွေး ကို သွန်း အံ့။ ထို သူ ၏ အ သွေး ကို လူ့ လက် ဖြင့် သွန်း ရ လ တ္တံ့။ 7များ ပြား စွာ မွေး ဖွား ကြ လော့။ မြေ ပေါ် မှာ အ မျိုး အ နွယ် များ ပြား စွာ ပေါက် ဖွား ကြ လော့ ဟု မိန့် တော် မူ ၏။
8ဘု ရား သ ခင် သည် နော ဧ နှင့် သား တို့ အား မိန့် တော် မူ ပြန် သည် မှာ သင် တို့ နှင့် လည်း ကောင်း၊ 9သင် တို့ မှ ဆင်း သက် သော အ မျိုး အ နွယ် နှင့် လည်း ကောင်း၊ 10သင် တို့ ပါ သည့် သက် ရှိ သ တ္တ ဝါ တည်း ဟူ သော လေ သ တ္တ ဝါ၊ သား ယဉ် သား ရဲ မှ စ ၍ သင်္ဘော တွင်း မှ ထွက် ဆင်း သော မြေ တိ ရ စ္ဆာန် အ ပေါင်း တို့ နှင့် လည်း ကောင်း၊ ငါ ပ ဋိ ညာဉ် မု ချ ဖွဲ့ ထား ၏။ 11သင် တို့ နှင့် ငါ ဖွဲ့ ထား သော ပ ဋိ ညာဉ် ချက် မှာ ရေ လွှမ်း မိုး ခြင်း ဘေး ဖြင့် ခပ် သိမ်း သော သ တ္တ ဝါ တို့ တစ် ဖန် မ ဆုံး ပါး စေ ရ။ မြေ ကြီး ကို လည်း တစ် ဖန် ဖျက် ဆီး ရန် ရေ လွှမ်း မိုး ခြင်း မ ရှိ စေ ရ ဟု မိန့် တော် မူ ၏။ 12ဘု ရား သ ခင် က လည်း ငါ တစ် ဘက်၊ သင် တို့ မှ စ၍ ပါ ရှိ သော သက် ရှိ သ တ္တ ဝါ အ ပေါင်း တို့ က တစ် ဘက် ကာ လ အ စဥ် အ ဆက် ငါ ပြု သော ပ ဋိ ညာဉ့် အ မှတ် သ ညာ မှာ၊ 13ငါ့ သက် တံ့ ကို မိုး တိမ် ၌ ငါ ထား၍ မြေ ကြီး နှင့် ငါ ပြု သော ပ ဋိ ညာဉ်၏ အ မှတ် သ ညာ ဖြစ် စေ မည်။ 14ငါ သည် မိုး ကို အုံ့ စေ သော အ ခါ မိုး တိမ် ၌ သက် တံ့ ထင် ရှား ရာ ငါ တစ် ဘက်၊ 15သင် တို့ မှ စ၍ သက် ရှိ သ တ္တ ဝါ အ မျိုး မျိုး တို့ က တစ် ဘက်၊ ငါ ပြု သော ပ ဋိ ညာဥ် ကို ငါ အောက် မေ့ သ ဖြင့် ခပ် သိမ်း သော သ တ္တ ဝါ တို့ ကို ဖျက် ဆီး ရန် တစ် ဖန် ရေ သည် လွှမ်း မိုး သော ဘေး မ ဖြစ် စေ ရ။ 16မိုး တိမ်၌ ရှိ သော သက် တံ့ ကို ငါ ရှု မြင် သ ဖြင့် ငါ ဘု ရား နှင့် မြေ ကြီး ပေါ်၌ သက် ရှိ သ တ္တ ဝါ အ ပေါင်း တို့ စပ် ကြား မှာ ပြု ခဲ့ သော ထာ ဝ ရ ပ ဋိ ညာ ဥ် ကို ငါ အောက် မေ့ မည် ဟု မိန့် တော် မူ ၏။ 17ဘု ရား သ ခင် က လည်း ထို အ ရာ ကား၊ ငါ နှင့် မြေ ကြီး ပေါ် ရှိ သ တ္တ ဝါ အ ပေါင်း တို့ စပ် ကြား မှာ ငါ ဖွဲ့ ခဲ့ သော ပ ဋိ ညာဥ် ၏ အ မှတ် သ ညာ ဖြစ် သ တည်း ဟု နော ဧ အား မိန့် တော် မူ ၏။
18သင်္ဘော တွင်း မှ ထွက် ဆင်း သော နော ဧ သား တို့ ကား ရှေ မ၊ ဟာ မ၊ ယာ ဖက် တို့ တည်း။ ဟာ မ သည် ခါ နာန်၏ အ ဘ ဖြစ် ၏။ 19နော ဧ သား ဖြစ် သော ထို သူ သုံး ယောက် တို့ ဖြင့် မြေ ကြီး တစ် ပြင် လုံး နှံ့ ပြား ကုန် ၏။
20နော ဧ သည် မြေ ကို လုပ် ကိုင် သ ဖြင့် စ ပျစ် ခြံ ကို ရှေး ဦး အ စ ပြု၍ စိုက် ပျိုး သည့် အ တိုင်း၊ 21စ ပျစ် ရည် ကို သောက် ၍ ယစ် မူး သ ဖြင့် မိ မိ တဲ တွင်း မှာ ကိုယ် ၀တ် လစ် လပ် ရှိ နေ စဥ်၊ 22ခါ နာန်၏ အ ဘ ဟာ မ သည် အ ဝတ် အ ချည်း စည်း ရှိ သော ဖ ခင့် ကိုယ် ကို မြင် လျှင် ပြင် မှာ ရှိ သော အစ် ကို နှစ် ယောက် တို့ အား ကြား ပြော လေ ၏။ 23ရှေ မ နှင့် ယာ ဖက် တို့ သည် အ ဝတ် ကို ယူ လျက် ပ ခုံး ထက် တင် ပြီး လျှင် ကျော ခိုင်း ၀င် ၍ အ၀တ် အ ချည်း စည်း ရှိ သော ဖ ခင့် ကိုယ် ကို ဖုံး လွှမ်း ကြ ၏။ မျက် နှာ လွှဲ လျက်၀င် သော ကြောင့် အ၀တ် အ ချည်း စည်း ရှိ သော ဖ ခင့် ကိုယ် ကို မ မြင် ရ ကြ။ 24နော ဧ သည် ယစ် မူး ခြင်း ပြေ ၍ နိုး သော အ ခါ ကိုယ်၌ သား ငယ် ပြု သည် ကို သိ လျှင်၊ 25ခါ နာန် သည် အမင်္ဂ လာ ခံ ရ ပါ စေ။ အစ် ကို တို့ ကျွန့် အောက် ကျွန် ဖြစ် ပါ စေ ဟု ဆို၏။ 26တစ် ဖန် နော ဧ က ရှေ မ၏ ဘု ရား သ ခင် ထာ၀ ရ ဘု ရား သည် မင်္ဂ လာ ရှိ တော် မူ စေ သ တည်း။ ခါ နာန် သည် အစ် ကို့ ကျွန် ဖြစ် ပါ စေ။ 27ဘု ရား သ ခင် သည် ယာ ဖက် ကို ကြီး ပွား စေ တော် မူ သ ဖြင့် ရှေ မ၏ တဲ များ တွင် နေ ရ ပါ စေ။ ခါ နာန် မူ မှာ အစ် ကို့ ကျွန် ဖြစ် ပါ စေ ဟု ဆို လေ ၏။
28နော ဧ သည် ရေ လွှမ်း မိုး ပြီး နောက် အ နှစ် သုံး ရာ့ ငါး ဆယ် နေ လျက် အ သက် နှစ် ပေါင်း ကိုး ရာ့ ငါး ဆယ် စေ့ သော် သေ လေ ၏။

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید