က~မ္ဘာ~ဦး~ကျမ်း။ 11
11
1မြေ ပေါ် ရှိ လူ အ ပေါင်း တို့ သည် ဘာ သာ စ ကား တစ် မျိုး တည်း ဖြစ် လျက် အ ရှေ့ သို့ သွား ရာ၊ 2ရှိ နာ ပြည် ၌ ကွင်း ပြင် ကို တွေ့ ၍ တည် နေ ကြ စဉ် လာ ကြ၊ အုတ် ကို ဖုတ် လုပ် ကြ ကုန် အံ့ ဟု အ ချင်း ချင်း ပြော ဆို ကြ ၏။ 3ထို အ ခါ ကျောက် အ စား အုတ် ကို လည်း ကောင်း၊ အင်္ဂ တေ အ စား က တ္တ ရာ စေး ကို လည်း ကောင်း ရ ရှိ သ ဖြင့်၊ 4လာ ကြ၊ မြေ တစ် ပြင် လုံး၌ အ ရပ် ရပ် ကွဲ ပြား ကြ မည် စိုး၍ မြို့ တစ် မြို့ ကို လည်းကောင်း၊ မိုး ကောင်း ကင် သို့ မှီ လောက် သော အ ထွဋ် ရှိ ရဲ တိုက် တစ် ဆောင် ကို လည်း ကောင်း၊ ကျော် စော ကိ တ္တိ ရှိ ရစ် စေ ခြင်း ငှါ တည် လုပ် ကြ ကုန် အံ့ ဟု ပြော ဆို ကြ ၏။ 5ထို လူ့ သား တို့ တည် လုပ် သော မြို့ နှင့် ရဲ တိုက် ကို ရှု စား ရန် ထာ ဝ ရ ဘု ရား သ ခင် ဆင်း သက် တော် မူ ရာ၊ 6ထာ ဝ ရ ဘု ရား က လူ တစ် မျိုး တည်း၊ ဘာ သာ တစ် မျိုး တည်း ဖြစ် သ ဖြင့် ဤ အ မှု ကို ဦး စွာ ပြု ကြ ပြီ တ ကား။ ရှေ့ သို့ အ ထ မ မြောက် နိုင် သော အ ကြံ တစ် စုံ တစ် ရာ မျှ ရှိ တော့ မည် မ ဟုတ်။ 7လာ ကြ၊ ဆင်း သက် ကြ ကုန် အံ့။ အ ချင်း ချင်း နား မ လည် စေ ခြင်း ငှါ ၎င်း တို့ ဘာ သာ စ ကား ကို ထို အ ရပ် တွင် ပင် ကွဲ ပြား ရှုပ် ထွေး စေ အံ့ ဟု မိန့် တော် မူ ၏။ 8ထို သို့ ထာ ဝ ရ ဘု ရား သည် မြေ တစ် ပြင် လုံး ၌ အ ရပ် ရပ် ကွဲ ပြား စေ တော် မူ သ ဖြင့် မြို့ တည် ထောင် မှု ကို သူ တို့ ရပ် စဲ ရ၏။ 9မြေ ပေါ် ရှိ လူ အ ပေါင်း တို့၏ ဘာ သာ စ ကား ကို ထာ၀ ရ ဘု ရား #11.9 ပါ ဠိ - ဗာ ဗု လုံ ဟူ သော အမည် နှင့် ညီ ၏။ရှုပ် ထွေး စေ တော် မူ သော ကြောင့် ၎င်း မြို့ သည် ဗာ ဗု လုန် မြို့ ဟူ ၍ တွင် သ တည်း။ သူ တို့ ကို လည်း ထို မြို့ မှ မြေ တစ် ပြင် လုံး၌ ကွဲ ပြား စေ တော် မူ ၏။
10ရှေ မ၏ သား စဉ် မြေး ဆက် ဟူ မူ ကား ရှေ မ သည် အ သက် တစ် ရာ ရှိ၍ ရေ လွှမ်း မိုး ပြီး နောက် နှစ် နှစ် ကြာ သော် သား အာ ဖာ ဇဒ် ကို ရ လေ၏။ 11အာ ဖာ ဇဒ် ကို ရ ပြီး နောက် ရှေ မ သည် အ နှစ် ငါး ရာ နေ လျက် သား သ မီး များ ကို ရ သေး၏။
12အာ ဖာ ဇဒ် သည် အ သက် သုံး ဆယ့် ငါး နှစ် ရှိ သော် သား ရှာ လ ကို ရ လေ၏။ 13ရှာ လ ကို ရ ပြီး နောက် အာ ဖာ ဇဒ် သည် အ နှစ် လေး ရာ့ သုံး နှစ် နေ လျက် သား သ မီး များ ကို ရ သေး၏။
14ရှာ လ သည် အ သက် သုံး ဆယ် ရှိ သော် သား ဟေ ဗာ ကို ရ လေ ၏။ 15ဟေ ဗာ ကို ရ ပြီး နောက် ရှာ လ သည် အ နှစ် လေး ရာ့ သုံး နှစ် နေ လျက် သား သ မီး များ ကို ရ သေး၏။
16ဟေ ဗာ သည် အ သက် သုံး ဆယ့် လေး နှစ် ရှိ သော် သား ဖာ လက် ကို ရ လေ၏။ 17ဖာ လက် ကို ရ ပြီး နောက် ဟေ ဗာ သည် အ နှစ် လေး ရာ့ သုံး ဆယ် နေ လျက် သား သ မီး များ ကို ရ သေး၏။
18ဖာ လက် သည် အ သက် သုံး ဆယ် ရှိ သော် သား ရာ ဂေါ ကို ရ လေ ၏။ 19ရာ ဂေါ ကို ရ ပြီး နောက် ဖာ လက် သည် အ နှစ် နှစ် ရာ့ ကိုး နှစ် နေ လျက် သား သ မီး များ ကို ရ သေး ၏။
20ရာ ဂေါ သည် အ သက် သုံး ဆယ့် နှစ် နှစ် ရှိ သော် သား စေ ရောက် ကို ရ လေ ၏။ 21စေ ရောက် ကို ရ ပြီး နောက် ရာ ဂေါ သည် အ နှစ် နှစ် ရာ့ ခု နစ် နှစ် နေ လျက် သား သ မီး များ ကို ရ သေး ၏။
22စေ ရောက် သည် အ သက် သုံး ဆယ် ရှိ သော် သား နာ ခေါ် ကို ရ လေ ၏။ 23နာ ခေါ် ကို ရ ပြီး နောက် စေ ရောက် သည် အ နှစ် နှစ် ရာ နေ လျက် သား သ မီး များ ကို ရ သေး ၏။
24နာ ခေါ် သည် အ သက် နှစ် ဆယ့် ကိုး နှစ် ရှိ သော် သား တေ ရ ကို ရ လေ၏။ 25တေ ရ ကို ရ ပြီး နောက် နာ ခေါ် သည် အ နှစ် တစ် ရာ့ တစ် ဆယ့် ကိုး နှစ် နေ လျက် သား သ မီး များ ကို ရ သေး၏။
26တေ ရ သည် အ သက် ခု နစ် ဆယ် ရှိ သော်၊ သား အာ ဗြံ၊ နာ ခေါ်၊ ဟာ ရန် တို့ ကို ရ လေ၏။
27တေ ရ၏ သား စဉ် မြေး ဆက် ဟူ မူ ကား၊ တေ ရ သည် သား အာ ဗြံ၊ နာ ခေါ်၊ ဟာ ရန် တို့ ကို ရ လေ၏။ 28ဟာ ရန် လည်း သား လော တ ကို ရ လေ၏။ ဟာ ရန် သည် အ ဘ တေ ရ မျက် မှောက် အ မျိုး သား ချင်း တို့ နေ ရာ ခါ လ ဒဲ ပြည်၊ ဥ ရ မြို့၌ သေ လေ ၏။ 29အာ ဗြံ နှင့် နာ ခေါ် တို့ သည် မ ယား ကို ယူ ကြ ရာ အာ ဗြံ၏ မ ယား အ မည် ကား၊ စာ ရဲ တည်း။ နာ ခေါ်၏ မ ယား အ မည် ကား ဟာ ရန်၏ သ မီး မိ လ ခါ တည်း။ ဟာ ရန် သည် မိ လ ခါ နှင့် ဣ သ ခ တို့ အ ဘ ဖြစ်၏။ 30စာ ရဲ မြုံ၍ သား သ မီး မ ရ။ 31တေ ရ သည် သား အာ ဗြံ ကို လည်း ကောင်း၊ ဟာ ရန်၏ သား ဖြစ် သူ မြေး လော တ ကို လည်း ကောင်း၊ သား အာ ဗြံ၏ မ ယား ဖြစ် သူ ချွေး မ စာ ရဲ ကို လည်း ကောင်း ခေါ် လျက် ခါ နာန် ပြည် သို့ အ သွား ခါ လ ဒဲ ပြည်၊ ဥ ရ မြို့ မှ ထွက် သ ဖြင့် ခါ ရန် မြို့ သို့ ရောက်၍ တည် နေ ကြ သော အ ခါ တေ ရ သည် အ သက် နှစ် ပေါင်း နှစ် ရာ့ ငါး နှစ် စေ့ သော် ခါ ရန် မြို့၌ သေ လေ ၏။
اکنون انتخاب شده:
က~မ္ဘာ~ဦး~ကျမ်း။ 11: GHB
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
Garrad Holy Bible © Bible Society of Myanmar, 1928.