1
ကမ္ဘာဦး 4:7
Judson Bible
သင်သည်ကောင်းမွန်စွာပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာမပြုလျှင်၊ အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာဝပ်လျက်ရှိ၏။ သူသည်သင်၏အလိုသို့လိုက်၍၊ သင်သည်သူ့ကိုအုပ်စိုးရ၏ဟု ကာဣနကိုမိန့်တော်မူ၏။
Comparar
Explorar ကမ္ဘာဦး 4:7
2
ကမ္ဘာဦး 4:26
ရှေသသည်လည်း သားကိုရ၍ ဧနုတ်ဟူသောအမည်ဖြင့် မှည့်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ ကိုးကွယ်စပြုကြလေ၏၊
Explorar ကမ္ဘာဦး 4:26
3
ကမ္ဘာဦး 4:9
ထာဝရဘုရားကလည်း သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကိုမေးတော်မူလျှင်၊ အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုစောင့်ရသောသူဖြစ်ပါသလောဟု လျှောက်ဆို၏။
Explorar ကမ္ဘာဦး 4:9
4
ကမ္ဘာဦး 4:10
ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်း။ သင်ညီအသွေး၏အသံသည် မြေထဲက ငါ့ကိုအော်ဟစ်လျက်ရှိသည်တကား။
Explorar ကမ္ဘာဦး 4:10
5
ကမ္ဘာဦး 4:15
ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ ကာဣနကိုသတ်သောသူမည်သည်ကား၊ ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊ ကာဣနကိုတွေ့သောသူ တစ်စုံတစ်ယောက်မျှ မသတ်စေခြင်းငှာ၊ ထာဝရဘုရားသည် သူ၌အမှတ်ပေးတော်မူ၏။
Explorar ကမ္ဘာဦး 4:15
Inicio
Biblia
Planes
Videos